Saturday, August 01, 2009

တိရစ္ဆာန်တွေ အော်မြည်သံကို ဘယ်လိုခေါ်သလဲ


တိရစ္ဆာန်တွေအော်မြည်သံနဲ့ပတ်သက်တဲ့ အင်္ဂလိပ်စာလုံးလေးတွေပါ။ အချို့တွေအတွက်များ အသုံးဝင်နေမလားလို့ပါ။ အဲဒီ အချို့ဆိုတဲ့အထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း အသေအချာကို ပါတာပေါ့ဗျာ။ ဟိုတစ်နေ့က ဟာသတိုလေးတွေကို ဘာသာပြန်ရင်း ၀က်ဝံဟိန်းသည်လို့ ရေးထားတာကို ကျွန်တော့်မှာ ဘာပါလိမ့်လို့ လိုက်ရှာရင်း နည်းနည်းအလုပ်ရှုပ်သွားပါတယ်။ အဲဒါကြောင့် အခြားသော အကောင်တွေလည်း အင်္ဂလိပ်လို ဘယ်လိုများအော်ကြပါလိမ့်ဆိုပြီး လိုက်ရှာပြီး တင်ပေးလိုက်တာပါ။

Donkey brays - မြည်း ဟီသည်
Pig grunts - ၀က် အော်သည်
Hen cackles - ကြက်မ ကတော်ကတော်အော်သည်
Owl hoots - ဇီးကွက် အော်သည်
Bull Bellows - နွား တွန်သည်
Lion roars - ခြင်္သေ့ ဟိန်းသည်
Horse neighs - မြင်း ဟီသည်
Bird Whistles - ငှက် တွန်သည်
Pigeon coos - ခို ညည်းသည်
Duck quacks - ဘဲ အော်သည်
Lamb bleats - သိုးကလေး အော်သည်
Elephant trumpets - ဆင် အော်သည်
Bear growls - ၀က်ဝံ ဟိန်းသည်
Cat purrs-ormews - ကြောင် အော်သည်
Frog croaks - ဖား အော်သည်
Parrot screeches - ကြက်တူရွေး အော်သည်
Sparrow chirps - စာကလေး မြည်သည်
Snake hisses - မြွေ တွန်သည်
Ass brays - မြည်း ဟီသည်
Cock crows - ကြက်ဖ တွန်သည်

No comments:

Post a Comment

 
Web Statistics