တိုင်းရင်းသားမိတ်ဆွေတစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရည်ညွှန်းသော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ဆိုသည်မှာ မည်သည့်အဓိပ္ပါယ်များ ပါဝင်သနည်းဟု မေးခဲ့သည်။ စာရေးသူက စကားလုံးများ၏ အနက်အဓိပ္ပါယ်ထက် ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အသုံးချတန်ဖိုးများ သို့မဟုတ် Standard Operation Procedure များကို ရှာနိုင်၊ မြင်နိုင်လျှင် အကောင်းဆုံးဖြစ်ကြောင်း၊ စကားလုံးများတွင် ပိတ်မိနေခြင်းသည် မည်သို့မျှ လက်တွေ့မကျသကဲ့သို့ အပြုသဘောကိုလည်း မဆောင်နိုင်ဟု ထင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေများကို လေ့လာသည့်အခါတွင် အောက်ပါ ရေသောက်မြစ် သုံးခုကို လေ့လာကြရသည်။
မြန်မာနိုင်ငံ၏ သီးခြားအသွင်ဆောင်သော အထက်ပါရေသောက်မြစ် သုံးခုကို စနစ်တစ်ခုအဖြစ် အမည်ပေးလိုက်သောအခါ `စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်`ဟု ခေါ်ဆိုလိုက်သည့်သဘော ဖြစ်မည်ဟု စာရေးသူထင်ပါသည်။ စာရေးသူအတွက်မူ အမည်ပညတ်ထက် အမှတ်စဉ် (၁)၊ (၂)၊ (၃) တို့၏ အတွင်းသဘောကသာ အရေးကြီးပြီး အမည်ပညတ်သည် ထိုရေသောက်မြစ် သုံးခု၏ အတွင်းသဘော သို့မဟုတ် အသုံးချတန်ဖိုး သို့မဟုတ် SOP ကို မညွှန်ပြချေ။
အမှန်အားဖြင့် ဒီမိုကရေစီဆိုသော စကားလုံးကိုပင် Structure ခေါ် ပုံသဏ္ဌာန်ရှုထောင့်မှ အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ Process ခေါ် နည်းနာရှုထောင့်မှဖွင့်ဆိုခြင်း၊ Rights သို့မဟုတ် Citizenship ခေါ် နိုင်ငံသားအဓိပ္ပါယ်၊ နိုင်ငံသားအခွင့်အရေး ရှုထောင့်တို့မှ အဓိပ္ပါယ်ဖွင့်ဆိုခြင်းဟူ၍ အမျိုးမျိုး ဖွင့်ဆိုခြင်းများရှိရာ ဒီမိုကရေစီဆိုသော စကားလုံးတွင် ပိတ်မိနေခြင်းထက် ခွဲခြမ်းစိတ်ဖြာရှုမြင်နိုင်သော အဆင့်တိုင်သွားနိုင်ခဲ့လျှင် ဒီမိုကရေစီကို ထိတွေ့ရခြင်းဖြစ်ပြီး စကားလုံးသက်သက်သည် မည်သည့်သဘောကိုမျှ မဆောင်ပေ။
ကြုံကြိုက်၍ စာရေးသူအနေဖြင့် သဘောကျမိသော ဒီမိုကရေစီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ရပ်ကို ဤနေရာတွင် ဖော်ပြလိုပါသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် နိုင်ငံသားအဓိပ္ပါယ်ရှုထောင့်မှ ဖွင့်ဆိုခဲ့ခြင်းဖြစ်ပြီး ဤဖွင့်ဆိုချက် ပေါ်ထွက်လာပြီးနောက်ပိုင်းတွင် ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံအသီးသီးသည် မိမိတို့အနေအထားကို မိမိတို့ သုံးသပ်၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြရသည်။
ဤအယူအဆကို ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ Mamphela Ramphele က ပြောခဲ့ခြင်းဖြစ်သည်။ Ramphele က ဒီမိုကရေစီသည် နိုင်ငံသားများကို “The Agents of their own development” တစ်နည်းအားဖြင့် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်တိုင်စီမံဆောင်ရွက်နိုင်ကြသော နိုင်ငံသားများအဆင့်အထိ ရောက်ရှိသွားစေရန် တွန်းတင်ပေးရမည်ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင် ဤအယူအဆကို Developmental Democracy ဟု ခေါ်ဆိုခဲ့ကြသည်။
မြန်မာနိုင်ငံတွင် လူအများပြောလေ့ရှိသော၊ နားလည်ထားကြသော ဒီမိုကရေစီဆိုသည်မှာ Representative Democracy နှင့် Participatory Democracy တို့ ဖြစ်ကြပေသည်။ အမည်နာမများထက် အနှစ်သာရပိုင်းကို ပြောရလျှင် Representative Democracy သည် ပုံသဏ္ဌာန်ပိုင်းကို အဓိကထားပြီး နိုင်ငံသားများ၏ ပိုင်ခွင့်များကို အဓိကထားသည်ကို တွေ့ရသည်။ Participatory Democracy သည် Process ပိုင်းကို အဓိကထားသည်ဟု ဆိုနိုင်ပါသည်။ Ramphele က ပြောနေသည်မှာ Self Directed Collective Actions ခေါ် ကိုယ်တိုင် ၀ိုင်းဝန်းဆုံးဖြတ်ထားကြသော အဆုံးအဖြတ်များကို ကိုယ်တိုင်ဝိုင်းဝန်း အကောင်အထည်ဖော်ကြခြင်းဟု ဆိုလိုပါသည်။ စကားလုံးများထက် အတွင်းသဘော Analytical သဘောက အရေးကြီးကြောင်း သိသာထင်ရှားစေလိုသောကြောင့် ဒီမိုကရေစီကို အဓိပ္ပါယ်ကောက်ယူပုံ သုံးမျိုးကို ခွဲခြမ်းစိတ်ဖြာထားသည့် ဇယားထည့်သွင်းဖော်ပြလိုက်ပါသည်။
အမည်နာမများထက် မည်သို့သော ဒီမိုကရေစီတွင် နိုင်ငံသားများ၏ အနေအထားမည်သို့ရှိပြီး အစိုးရဆိုသည်မှာ၊ အာဏာဆိုသည်မှာ၊ ၀န်ထမ်းဆိုသည်မှာ စသည်ဖြင့် ခွဲခြား၍ နားလည်ခြင်းသည်သာ အစစ်အမှန်တန်ဖိုးများကို နားလည်သဘောပေါက်ခြင်း ဖြစ်ပေသည်။

- Structure - ပြည်ထောင်စုစနစ် သို့မဟုတ် တစ်ပြည်ထောင်စနစ်ဖြစ်သည်၊ ပါလီမန်စနစ် သို့မဟုတ် သမ္မတစနစ် ဖြစ်သည် စသည်ဖြင့် ပုံသဏ္ဌာန်ကို ကြည့်ကြခြင်းဖြစ်သည်။
- Power - အချုပ်အခြာအာဏာသုံးရပ် ပိုင်းခြားထားပုံ၊ ခွဲဝေကျင့်သုံးပုံနှင့် Check and Balance ဖြစ်နိုင်ခြေများ
- Rights - နိုင်ငံသားများ၊ ပြည်သူများအတွက် အခွင့်အရေးနှင့် တာဝန်များ ဖြစ်သည်။
မြန်မာနိုင်ငံ၏ သီးခြားအသွင်ဆောင်သော အထက်ပါရေသောက်မြစ် သုံးခုကို စနစ်တစ်ခုအဖြစ် အမည်ပေးလိုက်သောအခါ `စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်`ဟု ခေါ်ဆိုလိုက်သည့်သဘော ဖြစ်မည်ဟု စာရေးသူထင်ပါသည်။ စာရေးသူအတွက်မူ အမည်ပညတ်ထက် အမှတ်စဉ် (၁)၊ (၂)၊ (၃) တို့၏ အတွင်းသဘောကသာ အရေးကြီးပြီး အမည်ပညတ်သည် ထိုရေသောက်မြစ် သုံးခု၏ အတွင်းသဘော သို့မဟုတ် အသုံးချတန်ဖိုး သို့မဟုတ် SOP ကို မညွှန်ပြချေ။
အမှန်အားဖြင့် ဒီမိုကရေစီဆိုသော စကားလုံးကိုပင် Structure ခေါ် ပုံသဏ္ဌာန်ရှုထောင့်မှ အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ Process ခေါ် နည်းနာရှုထောင့်မှဖွင့်ဆိုခြင်း၊ Rights သို့မဟုတ် Citizenship ခေါ် နိုင်ငံသားအဓိပ္ပါယ်၊ နိုင်ငံသားအခွင့်အရေး ရှုထောင့်တို့မှ အဓိပ္ပါယ်ဖွင့်ဆိုခြင်းဟူ၍ အမျိုးမျိုး ဖွင့်ဆိုခြင်းများရှိရာ ဒီမိုကရေစီဆိုသော စကားလုံးတွင် ပိတ်မိနေခြင်းထက် ခွဲခြမ်းစိတ်ဖြာရှုမြင်နိုင်သော အဆင့်တိုင်သွားနိုင်ခဲ့လျှင် ဒီမိုကရေစီကို ထိတွေ့ရခြင်းဖြစ်ပြီး စကားလုံးသက်သက်သည် မည်သည့်သဘောကိုမျှ မဆောင်ပေ။
ကြုံကြိုက်၍ စာရေးသူအနေဖြင့် သဘောကျမိသော ဒီမိုကရေစီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ရပ်ကို ဤနေရာတွင် ဖော်ပြလိုပါသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် နိုင်ငံသားအဓိပ္ပါယ်ရှုထောင့်မှ ဖွင့်ဆိုခဲ့ခြင်းဖြစ်ပြီး ဤဖွင့်ဆိုချက် ပေါ်ထွက်လာပြီးနောက်ပိုင်းတွင် ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံအသီးသီးသည် မိမိတို့အနေအထားကို မိမိတို့ သုံးသပ်၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြရသည်။
ဤအယူအဆကို ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ Mamphela Ramphele က ပြောခဲ့ခြင်းဖြစ်သည်။ Ramphele က ဒီမိုကရေစီသည် နိုင်ငံသားများကို “The Agents of their own development” တစ်နည်းအားဖြင့် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်တိုင်စီမံဆောင်ရွက်နိုင်ကြသော နိုင်ငံသားများအဆင့်အထိ ရောက်ရှိသွားစေရန် တွန်းတင်ပေးရမည်ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင် ဤအယူအဆကို Developmental Democracy ဟု ခေါ်ဆိုခဲ့ကြသည်။
မြန်မာနိုင်ငံတွင် လူအများပြောလေ့ရှိသော၊ နားလည်ထားကြသော ဒီမိုကရေစီဆိုသည်မှာ Representative Democracy နှင့် Participatory Democracy တို့ ဖြစ်ကြပေသည်။ အမည်နာမများထက် အနှစ်သာရပိုင်းကို ပြောရလျှင် Representative Democracy သည် ပုံသဏ္ဌာန်ပိုင်းကို အဓိကထားပြီး နိုင်ငံသားများ၏ ပိုင်ခွင့်များကို အဓိကထားသည်ကို တွေ့ရသည်။ Participatory Democracy သည် Process ပိုင်းကို အဓိကထားသည်ဟု ဆိုနိုင်ပါသည်။ Ramphele က ပြောနေသည်မှာ Self Directed Collective Actions ခေါ် ကိုယ်တိုင် ၀ိုင်းဝန်းဆုံးဖြတ်ထားကြသော အဆုံးအဖြတ်များကို ကိုယ်တိုင်ဝိုင်းဝန်း အကောင်အထည်ဖော်ကြခြင်းဟု ဆိုလိုပါသည်။ စကားလုံးများထက် အတွင်းသဘော Analytical သဘောက အရေးကြီးကြောင်း သိသာထင်ရှားစေလိုသောကြောင့် ဒီမိုကရေစီကို အဓိပ္ပါယ်ကောက်ယူပုံ သုံးမျိုးကို ခွဲခြမ်းစိတ်ဖြာထားသည့် ဇယားထည့်သွင်းဖော်ပြလိုက်ပါသည်။
အမည်နာမများထက် မည်သို့သော ဒီမိုကရေစီတွင် နိုင်ငံသားများ၏ အနေအထားမည်သို့ရှိပြီး အစိုးရဆိုသည်မှာ၊ အာဏာဆိုသည်မှာ၊ ၀န်ထမ်းဆိုသည်မှာ စသည်ဖြင့် ခွဲခြား၍ နားလည်ခြင်းသည်သာ အစစ်အမှန်တန်ဖိုးများကို နားလည်သဘောပေါက်ခြင်း ဖြစ်ပေသည်။
Models of Democracy
- | Representative Democracy | Participatory Democracy | Development Democracy |
နိုင်ငံသားဆိုသည်မှာ | မဲဆန္ဒရှင်၊ စားသုံးသူ၊ အခွင့်အရေး ရယူသုံးစွဲသူ | လူ့အဖွဲ့အစည်းဝင် | Public Goods အတူတကွဖန်တီးသူ၊ ပြဿနာများ အတူဖြေရှင်းသူ |
စနစ်၏တာဝန် | နိုင်ငံသားအခွင့်အရေးနှင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများ တန်တူရရှိရေး | လူ့အဖွဲ့အစည်းတောင့်တင်းရေး၊ လူ့အဖွဲ့အစည်းနှင့် ဆက်စပ်ရေး | လူ့အဖွဲ့အစည်းအတွင်း လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်ရေး စီမံပေးသူ |
နည်းလမ်း | ဆော်သြလှုပ်ရှားခြင်း | စနစ်တကျပို့ဆောင်စီစဉ် | စည်းရုံး |
အစိုးရ၏အခန်းကဏ္ဍ | ပြည်သူ့ရေးရာဝန်ဆောင်မှု ထောက်ပံ့သူ | လူ့အဖွဲ့အစည်း၏ ပါဝင်မှုကို ဆောင်ကြဉ်းသူ | လူ့အဖွဲ့အစည်းဆော်သြသူ၊ စည်းရုံးလှုပ်ရှားပေးသူ |
နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ | ၀န်ဆောင်မှုပေးသူ | ၀န်ဆောင်မှုချောမွေ့စေရန် ကူညီသူ | လူ့အဖွဲ့အစည်း၏ လုပ်ဖော်ကိုင်ဖက် |
ကိုယ်ကျိုးစီးပွားဆိုင်ရာ အယူအဆ | စားသုံးသူ | လူ့အဖွဲ့အစည်း၏ ဘုံအကျိုးစီးပွားအတွက် ကိုယ်ကျိုးစီးပွားကို ဘေးဖယ်ထားသည် | အလုပ်အတူလုပ်၍ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားရော ကိုယ်ကျိုးစီးပွားပါ ပါဝင်ကျယ်ပြန့်စေ၍ |
အာဏာ | ပြည်သူလူထု၏ အထက်မှ | ပြည်သူလူထုနှင့်အတူ | ပြည်သူလူထုထံသို့ |
(The Voice Weekly ဂျာနယ်၊ အတွဲ ၆၊ အမှတ် ၄ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Hello, I enjoy reading all of your article. I like to write a little comment to support you.
ReplyDeleteHere is my web site :: temporomandibular joint pain symptoms