၈-၂-၂၀၁၀ (တနင်္လာနေ့)
ဇာတ်ကားအမည် - သံသရာစမ်းရေ
ဝတ္ထု - လွန်းထားထား (ဆေးတက္ကသိုလ်)
ဇာတ်ညွှန်းနှင့် ဒါရိုက်တာ - ဇော်မြင့်ဦး
သရုပ်ဆောင်များ - လူမင်း၊ နေယံ၊ နေဆန်း၊ မေသဉ္ဇာဦး၊ မေသက်ခိုင်
ဝတ္ထု - လွန်းထားထား (ဆေးတက္ကသိုလ်)
ဇာတ်ညွှန်းနှင့် ဒါရိုက်တာ - ဇော်မြင့်ဦး
သရုပ်ဆောင်များ - လူမင်း၊ နေယံ၊ နေဆန်း၊ မေသဉ္ဇာဦး၊ မေသက်ခိုင်
(ဇာတ်လမ်းအကျဉ်း)
ဇာတ်လမ်းအကျဉ်းကတော့ လူမင်းက ရော့ခ်အဆိုတော်၊ သူ့သမီးက မေသက်ခိုင်၊ နေယံက လူငယ်ဟစ်ဟော့အဆိုတော်။ နေယံနဲ့ မေသက်ခိုင်နဲ့ ချစ်ကြိုက်တယ်။ လူမင်းက သဘောမတူဘူး။ (ဝေဖန်မှတ်ချက်)
ဒီဇာတ်ကားကိုကြည့်ပြီး တစ်မျိုးတော့ဖြစ်သွားတယ်။ ဘာဖြစ်သွားမှန်းမသိဘူး။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ "ယောက္ခမက ရော့ခ်စတား" သီချင်းကိုသာ နားမထောင်ခဲ့ဖူးရင် ဒီဇာတ်ကားကိုကြည့်ရတာ အတော်ကို အဆင်ပြေမှာပါ။ အခုတော့ တော်တော်ကြီးကို ပေါ့သွားတယ်။ ဆရာမလွန်းထားထားကတော့ အခုမှထရေးတဲ့ဝတ္ထု ဟုတ်ဟန်မတူပါဘူး။ ဆိုလိုတာက စိုင်းစိုင်းရဲ့သီချင်းကို အတွေးရပြီး ၀တ္ထုဖွဲ့ထားတာ မဟုတ်လောက်ဘူးဆိုတာပါ။ ဒါဆိုရင် တစ်ခုပဲရှိတော့တယ်။ လွန်းထားထားရဲ့ ၀တ္ထုကျောရိုးကိုယူပြီး စိုင်းစိုင်းခမ်းလှိုင်နဲ့ ကိကိက အဲဒီသီချင်းကို ရေးထားခဲ့တာလား။ ဘယ်စာမျက်နှာမှာမှလည်း အဲဒီလိုဖြစ်ကြောင်း ၀န်ခံထားတာ မတွေ့မိ၊ မဖတ်မိသေးပါဘူး။ ဇာတ်လမ်းနဲ့သီချင်းက ချွတ်စွတ်ကြီးတူတာတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းကလည်း သူ့ဟာနဲ့သူတော့ အတော်လေးကောင်းတဲ့ ဇာတ်လမ်းပါ။ အပျင်းပြေငှားကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။၉-၂-၂၀၁၀ (အင်္ဂါနေ့)
ဇာတ်ကားအမည် - နေမ၀င်ချယ်ရီ
ဝတ္ထု - ဆုမြတ်မွန်မွန်
ဇာတ်ညွှန်း - မြမြင့်မိုရ်
ဒါရိုက်တာ - ဇော်မျိုး
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ ပုလဲဝင်း၊ ဇော်ဝမ်း၊ အောင်ခိုင်၊ ဇင်မျိုး၊ မာယုသာ၊ မင်းဇော်
(ဝေဖန်မှတ်ချက်)၀တ္ထု - ဆုမြတ်မွန်မွန်
ဇာတ်ညွှန်း - မြမြင့်မိုရ်
ဒါရိုက်တာ - ဇော်မျိုး
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ ပုလဲဝင်း၊ ဇော်ဝမ်း၊ အောင်ခိုင်၊ ဇင်မျိုး၊ မာယုသာ၊ မင်းဇော်
မပြောမဖြစ် ပြောကိုပြောရမယ့် အချက်ကတော့ ရိုက်ကွင်းနေရာ ရွေးချယ်မှုနဲ့ ကင်မရာရိုက်ချက်တွေပါပဲ။ ပြင်ဦးလွင်ရှုခင်းတွေကို အကောင်းဆုံးအသုံးချပြီး အလှပဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာကိုတော့ ချီးကျူးမိပါတယ်။ ဇာတ်ကားတစ်ခုလုံး တောတောင်အလှ၊ သဘာဝအလှတွေနဲ့ ထုံမွှမ်းနေတာနဲ့တင် သဘောကျစရာကောင်းပါတယ်။ ဇာတ်လမ်းကလည်း မဆိုးလှပါဘူး။ ဘာဖြစ်နိုင်တယ်ဆိုတာကို ကြိုတွေးလို့ရနေတာတစ်ခုပဲ နည်းနည်းပြောစရာရှိပါတယ်။ ဇာတ်ညွှန်းကို ဒီထက်ပိုကောင်းအောင် ခွဲနိုင်ရင် ပိုပြီးစိတ်ဝင်စားစရာကောင်းမယ့် ဇာတ်လမ်းတစ်ခုပါ။ အပျင်းပြေ အချိန်ပေးကြည့်မယ်ဆိုရင် ကြည့်ပျော်တဲ့ကားပါ။
၁၂-၂-၂၀၁၀ (သောကြာနေ့)
ဇာတ်ကားအမည် - နောက်ကြည့်မှန်
ဇာတ်လမ်း၊ ဇာတ်ညွှန်း - မြင့်ဦးဦးမြင့်
ဒါရိုက်တာ - ၀င်းထွန်းထွန်း ၏ အနုပညာပြချက်
သရုပ်ဆောင်များ - ရဲအောင်၊ ပြေတီဦး၊ ပြေဇင်၊ ခင်လေးနွယ်၊ ခိုင်ငြိမ်းငြိမ်းစံ၊ စိုးမိုးကြည်
(ဝေဖန်မှတ်ချက်)ဇာတ်လမ်း၊ ဇာတ်ညွှန်း - မြင့်ဦးဦးမြင့်
ဒါရိုက်တာ - ၀င်းထွန်းထွန်း ၏ အနုပညာပြချက်
သရုပ်ဆောင်များ - ရဲအောင်၊ ပြေတီဦး၊ ပြေဇင်၊ ခင်လေးနွယ်၊ ခိုင်ငြိမ်းငြိမ်းစံ၊ စိုးမိုးကြည်
ပျော်စရာဇာတ်ကားတွေကို ကြည့်ရတာ ကောင်းပါတယ်။ ရယ်မောပျော်ရွှင်ရတာ လူကိုလည်း ကျန်းမာစေပါတယ်။ ဒါပေမယ့် ဒီနောက်ကြည့်မှန်လို ဇာတ်ကားမျိုးကိုလည်း မကြည့်မဖြစ် ကြည့်စေချင်ပါတယ်။ အတွေးလေးတစ်ခုကို ဇာတ်လမ်းဖွဲ့ပြီး ပေးချင်တဲ့ message ကို ကြည့်နေတဲ့လူရင်ထဲ တိုက်ရိုက်ဒုတ်ဒုတ်ထိ ရောက်သွားအောင် လုပ်ပြနိုင်ခဲ့တဲ့ ဆရာမြင့်ဦးဦးမြင့်နဲ့ ၀င်းထွန်းထွန်းကို အမှတ်တွေအပြည့်ကို ပေးမိပါတယ်။ ကိုယ်တိုင်လည်း ငှားကြည့်ပါ၊ သူငယ်ချင်းတွေကိုလည်း လက်တို့လိုက်ပါ၊ ကိုယ့်ညီငယ်တွေ၊ နှမငယ်တွေရှိရင်လည်း ကြည့်ဖြစ်အောင် တိုက်တွန်းလိုက်ပါ။ မိသားစုအတူထိုင်ပြီး ကြည့်ဖြစ်အောင် ကြည့်စေချင်တဲ့ ဇာတ်ကားလေးပါ။
(သဘောကျမိတဲ့ ဒိုင်ယာလော့ခ်လေးတွေ)
- လောကကြီးမှာ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျဖို့က မလွယ်ဘူး
- ဖြစ်နိုင်တာက သဘာဝ
- ဖြစ်ပြီးတာက သာဓက
- ဖြစ်ချင်တာက ဆန္ဒ
- အခုလက်ရှိ ဖြစ်နေတာက ဘဝ
- တာဝန်ဆိုတာ သိတတ်လေ… ပိုကြီးလေပဲ…..
၁၃-၂-၂၀၁၀ (စနေနေ့)
ဇာတ်ကားအမည် - လူ့ပြည်က အပ်နှစ်စင်း
ဝတ္ထု - မောင်လှမျိုး (ချင်းချောင်းခြံ)
ဇာတ်ညွှန်း - ချင်းတွင်းတာရာ
ဒါရိုက်တာ - သန့်စင်အောင်
သရုပ်ဆောင်များ - ခန့်စည်သူ၊ ရဲအောင်၊ မေကဗျာ
(ဝေဖန်မှတ်ချက်)၀တ္ထု - မောင်လှမျိုး (ချင်းချောင်းခြံ)
ဇာတ်ညွှန်း - ချင်းတွင်းတာရာ
ဒါရိုက်တာ - သန့်စင်အောင်
သရုပ်ဆောင်များ - ခန့်စည်သူ၊ ရဲအောင်၊ မေကဗျာ
မောင်လှမျိုးရဲ့ ၀တ္ထုဖြစ်တဲ့အတွက် ဇာတ်လမ်းက ဘယ်လိုဘယ်ပုံတွေ ပြောနေစရာလိုမယ်မထင်ပါဘူး။ ထုံးစံအတိုင်းပေါ့။ အဲဒီထုံးစံကိုရောက်အောင် ဘယ်လိုဆွဲခေါ်သွားတယ်ဆိုတာက တကယ့်ကို အရသာပါပဲ။ ကြည့်ပြီးသွားရင်တော့ ထုံးစံအတိုင်း နင့်ခနဲကျန်ရစ်ခဲ့တာပေါ့။ အသည်းနုသူတွေ၊ ခံစားလွယ်တဲ့လူတွေအတွက်တော့ လက်ကိုင်ပုဝါလေးတွေ ကိုယ်စီဆောင်ပြီး ကြည့်သင့်တဲ့ကားပါ။
(သဘောကျမိတဲ့ ဒိုင်ယာလော့ခ်လေးတွေ)
- ဉာဏ်နဲ့လုပ်မယ့်လူဟာ ဒေါသကို လျှော့ရတယ်
- ပညာရှိ၊ ဉာဏ်ရှိတဲ့လူတွေက ဘယ်တော့မှ လူမသတ်ဘူး
- တက္ကသိုလ်က သင်ပေးလိုက်တဲ့အထဲမှာ ဘယ်လို စီးပွားရှာရမယ်ဆိုတာ မပါ,ပါဘူး။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှာ အမိတက္ကသိုလ်ရဲ့ဂုဏ် မြှင့်တင်နိုင်ဖို့၊ ကိုယ့်ကျင့်သီလကို ရောင်းမစားဖို့ဘဲ သင်ပေးလိုက်တာပါ
- ကိုယ်ကျင့်သီလဆိုတာ အသက်နဲ့ရင်းပြီး စောင့်ထိန်းကြရတဲ့ အရာမျိုးပါ
၁၄-၂-၂၀၁၀ (တနင်္ဂနွေနေ့)
ဇာတ်ကားအမည် - ပျားရည်မြစ်ထဲမှာ
ဝတ္ထု - ပုညခင်
ဇာတ်ညွှန်း - သမီးမြတ်ကျော်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ တင့်တင့်ထွန်း၊ အေးမြတ်သူ
(ဝေဖန်မှတ်ချက်)၀တ္ထု - ပုညခင်
ဇာတ်ညွှန်း - သမီးမြတ်ကျော်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ တင့်တင့်ထွန်း၊ အေးမြတ်သူ
ပုညခင်ရဲ့ဝတ္ထုဖြစ်တဲ့အတွက် ဇာတ်အိမ်မခိုင်မှာကို ပူစရာမလိုတော့ပါဘူး။ ဒါရိုက်တာကလည်း ရိုက်ကွင်းကဝေ ကိုဇော်(အရုဏ်ဦး)ဆိုတော့ ဘာပြောနေစရာ လိုသလဲဗျာ။ ဇာတ်လမ်းတစ်ခုလုံး ဆွဲခေါ်ရတဲ့ ဇာတ်ကောင်နှစ်ခုဖြစ်တဲ့ ဦးခိုင်ခန့် နဲ့ ရင်ခတ် ဆိုတဲ့ ဇာတ်ရုပ်တွေကို ကျော်ရဲအောင်နဲ့ အေးမြတ်သူက အကောင်းဆုံးကို ပုံဖော်သွားတဲ့အတွက် ဇာတ်ကားပြီးမှပဲ သက်ပြင်းချလိုက်ရပါတယ်။ ဇာတ်ရှိန်လုံးဝကျမသွားအောင် တောက်လျှောက်တင်ခေါ်သွားနိုင်တဲ့အတွက် ဇာတ်ညွှန်းရေးသူကို အမှတ်ပေးမိပါရဲ့။ ကြည့်ဖြစ်အောင် ငှားကြည့်လိုက်ကြပါဦးလို့ လက်တို့လိုက်ကြောင်းပါ။
***** စာကြွင်း *****
ကျွန်တော် မညာတမ်းဝန်ခံရရင် ဒီတစ်ပတ် ဗီဒီယိုဇာတ်ကားတွေအကြောင်း ရေးရတာ တော်တော်လေးကို အဓိပ္ပါယ်ရှိပါတယ်။ ကုသိုလ်ကံကောင်းနေတာလား၊ ထွက်သမျှကပဲ ကောင်းနေသလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ သေချာတာကတော့ ဒီတစ်ပတ်လုံး ကျွန်တော်ကြည့်ဖြစ်သမျှ ဇာတ်ကားတွေအားလုံးဟာ ပေါကြောင်ကြောင်၊ ခပ်ချာချာ မပါတာပါပဲ။ ဇာတ်ကားကြည့်နေရင်း မေတ္တာပို့ရတဲ့ဒုက္ခ၊ တောက်ခေါက်ရတဲ့ဒုက္ခ၊ ရီမုဒ်ကို လက်ကကိုင်ပြီး ရှေ့ကိုပဲ အတင်းရစ်နေရတဲ့ ဒုက္ခတွေက လွတ်ကင်းခဲ့ရတဲ့ သီတင်းပတ်လို့ပဲ ဆိုချင်ပါတယ်။အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၅ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၄၂ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၅ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၄၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment