Tuesday, February 16, 2010

ဒဏ်ခံရတော့ ပို၍ကြံ့ခိုင်


တောင်ထိပ်သို့ တက်သောလမ်းတွင် ပုဆိန်တစ်လက် ကိုင်ဆောင်ထားလျက် တောင်ပေါ်သို့ တက်နေသူတစ်ဦးကို တွေ့ပါသည်။ ထိုလူနှင့်အတူ တောင်ပေါ်သို့ ခရီးနှင်ခဲ့ပါသည်။ ခရီးသွားဖော်အား "ဘာကိုဖြတ်ဖို့ ပုဆိန်ယူလာတာလဲ" ဟု မေးကြည့်မိပါသည်။ ထိုအခါ ပုဆိန်ကိုင်ထားသူက သူ့လှည်းတွင် ထည့်ဖို့လိုသော သစ်တစ်ပိုင်းခုတ်ဖြတ်ဖို့ တောင်ပေါ်သို့ တက်နေကြောင်း ရှင်းပြပါသည်။ ကျွန်တော်လိုချင်တဲ့ သစ်အပိုင်းအစက အမာကြောဆုံးသစ်ပါ။ အလွန်မာကြောတဲ့ သစ်တွေက တောင်ပေါ်ပိုင်းမှာ ပေါက်တတ်ပါတယ်။ တောင်ပေါ်ပိုင်းရောက်လေလေ လေပြင်းမုန်တိုင်းတိုက်လေ ဖြစ်ပါသည်။
လေပြင်းဒဏ်ကို အခံရဆုံးသော သစ်ပင်တွေဟာ အကြံ့ခိုင်ဆုံး သစ်ပင်တွေ၊ အမာကြောဆုံး သစ်ပင်တွေ ဖြစ်လာပါသည်ဟု ရှင်းပြပါသည်။

Revell
(ဒေါက်တာသိန်းလွင်၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics