- အကျင့်သီလနှင့် ပြည့်စုံပြီး ချစ်မြတ်နိုးဖွယ်ရှိရမည်။
- သမာဓိနှင့် ပြည့်စုံပြီး အလေးဂရုပြုဖွယ်ရာ ဖြစ်ရမည်။
- ပညာနှင့် ပြည့်စုံပြီး ချီးမွမ်းဖွယ်ရာ ဖြစ်ရမည်။
- တပည့်များအပေါ်တွင်၊ မသင့်မလျော် ပြောဆိုပြုမူသည်ကို တွေ့မြင်လျှင် လျစ်လျူမရှု ကြောင့်ကြပြုပြီး ပြောဆိုဆုံးမနိုင်ရမည်။
- သူတစ်ပါးတို့၏ ပြစ်တင်ပြောဆိုမှု ဟူသမျှကို သည်းခံနိုင်ရမည်။
- နက်နဲသော တရားစကားကို ပြောကြားနိုင်ရမည်။
- တပည့်များအား မသင့်မလျော် မလျောက်ပတ်သော အရာတို့တွင် ခိုင်းစေမှုမပြုရ။
- ထိုဆရာကောင်းကို မှီဝဲမှသာ တပည့်ဖြစ်သူ၏ သီလ သမာဓိ ပညာ တိုးပွါးနိုင်မည်ဖြစ်သည်။
(အင်္ဂုတ္တရနိကာယ သတ္တကနိပါတ်၊ ဒေ၀တာဝဂ်၊ ဒုတိယမိတ္တသုတ်)
- ရှေးရှုမေတ္တာ၊
- ကရုဏာနှင့်၊
- နာနာကျင်ကျင်၊
- အပြစ်မြင်တိုင်း၊
- ၀မ်းတွင်းမသို၊
- ဟုတ်တိုင်းဆို၍၊
- ကျိုးလိုစိတ်က၊
- ဆုံးမတတ်သူ၊
- ဆရာဟူလော့။
(မဃဒေ၀)
No comments:
Post a Comment