Thursday, April 22, 2010

Earth Day 2010 Logos


မြေကမ္ဘာနေ့နဲ့ ပတ်သက်ပြီး သဘောကျတဲ့ လိုဂိုအချို့ကို တင်ပေးလိုက်ပါတယ်။ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဆွဲထားတဲ့ ဒီဇိုင်းလေးတွေဟာ အတွေးကိုယ်စီနဲ့ စိတ်ဝင်စားစရာပါ။ ခံစားကြည့်ကြပါဦးနော်။

(၁)
ဒါကတော့ Google ရဲ့ ဒီနေ့လိုဂိုပေါ့။

earthday20101.gif

(၂)
သစ်ရွက်စိမ်းလေးပေါ်မှာ တင်ထားတဲ့ ကမ္ဘာလုံးလေးကို လူတစ်ယောက်က လက်နဲ့ပင့်ကိုင်ထားပုံလေးကလည်း အတွေးတွေ ပွားစေရပါတယ်။ အတွေးနယ်ချဲ့နိုင်သလောက် ခံစားရစေတဲ့ စိတ်ကူးလေးပါ။ အတော်လေးကို သဘောကျမိပါတယ်။
earthday20102.jpg

(၃)
ဒါလေးကတော့ စိမ်းလန်းတဲ့ မြက်ခင်းလေးတွေကို အီးဆိုတဲ့ စာလုံးလေးအဖြစ် ပုံဖော်ထားတာပါ။ ကမ္ဘာကြီးဆိုတဲ့ Earth ကို အတိုကောက်စာလုံးအဖြစ် [e] ကို ယူထားပြီး ကမ္ဘာလုံးပုံသဏ္ဍာန်ဖန်တီးထားပုံက စိတ်ဝင်စားစရာပါ။ ကမ္ဘာကြီးတစ်ခုလုံး အဲဒီလို စိမ်းလန်းနေရင် အတော်ကောင်းမယ်နော်။
earthday20103.jpg

(၄)
ဒီလိုဂိုလေးကလည်း စိတ်ဝင်စားစရာကောင်းသလို ချစ်စရာလေးပါ။ တိုက်တွန်းချက်တွေ အများကြီးနဲ့မို့ နှစ်သက်ရပါတယ်။
earthday20104.jpg

(၅)
ဒါလေးကလည်း တစ်မျိုးတစ်ဖုံ လှပပြီး စိတ်ဝင်စားစရာပါပဲ။
earthday20106.gif

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်၊ ကြာသပတေးနေ့။
မြေကမ္ဘာနေ့။
ည ၉ နာရီ ၃၉ မိနစ်။

No comments:

Post a Comment

 
Web Statistics