Wednesday, July 21, 2010

ဂမ္ဘီသာရ ဆုံးမစာ - ရှင်မဟာရဋ္ဌသာရ


မြွက်ဆိုမုသား၊ နှုတ်သံပြားသို့၊ စီးပွားလိုယောင်၊ ရူပဆောင်လျက်၊ မှားအောင်ပြစ်ရှာ၊ ကြံတတ်စွသား၊ မေတ္တာချည်းနှီး၊ လူ့ခွေးမြီးနှင့်၊ တသီးတခြား၊ တပါးပြည်ရွာ၊ မရှောင်သာ၍၊ မကွာပေါင်းဖော်၊ ပြုငြားသော်လည်း၊ အပေါ်ကားယှဉ်၊ အထဲကြဉ်၍၊ စိတ်ယဉ်နှိမ့်ချ၊ အာစာရဖြင့်၊ ကာလအလိုက်၊ သူ့အကြိုက်ကို၊ စရိုက်ညီထွေ ကျင့်တတ်စေ

အရှည်လင့်လင့်၊ အသင့်မျှော်လျက်၊ ကြံခေါက်ရက်တည့်၊ နှောင်ယှက်သောဖြစ်၊ ဆံတရစ်မျှ၊ အပြစ်မဲ့စွာ၊ လွတ်ခွင့်သာမူ၊ ကန္တာတောထဲ၊ ခရီးခဲဝယ်၊ ကျားရဲသစ်ရူး၊ ဘီလူးသဘက်၊ ဘေးသူဖျက်အား၊ ရက်ရက်ဆောစွာ၊ စွန့်လိုက်ခွာသို့၊ မိစ္ဆာဖော်ပေါင်း၊ သူမကောင်းကို၊ စဉ်ကြောင်းဝေမြေ လွှင့်တတ်စေ

မဏိဇောတ၊ ပြည်တန်မြနှင့် သိင်္ဂရွှေညာ၊ ရတနာလည်း၊ အ၀ါလျှံတက်၊ ရောင်ခြည်ထွက်မူ၊ စုံမက်ဝှဲခြီး၊ အဘိုးကြီး၏၊ တသီးဆိုဖွယ်၊ လူတို့ဝယ်လည်း၊ ကြီးငယ်အမျက်၊ စောင်းမာန်ထွက်မူ၊ ပေါင်းဖက်ဖော်နှီး၊ အများငြီး၏၊ အတီးလက်သုံး၊ ဤသည်ထုံးကို၊ ယူကြုံးပိုက်သွင်း၊ သားမောင်မင်းလည်း၊ မုန်ပြင်းဒေါသ၊ စိတ်နာဂကို၊ ဉာဏချွန်းကွင်း မြဲစေမင်း

အဋ္ဌာရသ၊ သိပ္ပကျေးဇူး၊ အထူးထူးကို၊ ဆည်းပူးဖွေရှာ၊ သင်သောခါလျှင်၊ ဆရာကောင်းထံ၊ ကျိုးနွံတရှည့်၊ ရိပ်ခြည်ကြည့်လျက်၊ တပည့်ကျင့်ဝတ်၊ ညီညွတ်စွာမှု၊ ကုန်အောင်ပြု၍၊ အာယုဆုံးစွန်၊ ပြောင်းချိန်တန်မှ၊ ပြညွှန်ရိပ်ခြေ၊ ဆိုအံ့သည်ဟု၊ ဆောက်တည်လျှို့ဝှက်၊ ပြင်မထွက်သား၊ သိခက်ခဲလှ၊ ကိလိဋ္ဌကို၊ မှတ်ရလေအောင်၊ ရည်စောင်နှိမ့်ချ၊ ဆည်းကပ်ခ၍၊ နေ့ညမကင်း တွေ့စေမင်း

No comments:

Post a Comment

 
Web Statistics