ရှေးအခါက ကျမ်းစာအုပ်များကို ပုံနှိပ်ထုတ်ရာတွင် ရှေးဦးအစ မျက်နှာဦးထိပ်၌ အချီးစကားများကို ပလ္လင်သဖွယ် စီသွင်း၍ ထည့်လေ့ရှိသည်။ ပုံစံအားဖြင့် -
ပဉ္စမသင်္ဂါယနာတင် ဘ၀ရှင်မင်းတရားကြီးလက်ထက်
ယောမြို့စား ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင်
သည် ကင်မစ္စတြီ မည်သော
ပြင်သစ်ဘာသာဓါတ်ကျမ်းကြီးကို
မြန်မာဘာသာပြန်ဆိုရေးသားထားအပ်သော
ဟူ၍ ဖြစ်ပေသည်။ ထိုအပိုဒ်များကို စာပလ္လင်၊ စကားပလ္လင်ဟု ခေါ်ဆိုကြလေသည်။ ထိုမှစွဲ၍ ရှေးဦးအချီးအစား၊ အစပျိုးစကားများကို စကားချီး၊ စကားပလ္လင်ဟုပင် မှတ်သားခေါ်ဆိုကြ၍ စကားအရာ၌ လိုရာစကားရင်းကို မပြောဆိုသေးမီ အကြောင်းခံ အစပျိုးခြင်းကိုလည်း စကားပလ္လင်ခံသည်ဟု တင်စားဆိုကြသည်။ယောမြို့စား ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင်
သည် ကင်မစ္စတြီ မည်သော
ပြင်သစ်ဘာသာဓါတ်ကျမ်းကြီးကို
မြန်မာဘာသာပြန်ဆိုရေးသားထားအပ်သော
(အချို့က ဆင်းတုရုပ်တုတို့ကို မပင့်ဆောင်မီ ပလ္လင်ကို ရှေးဦးစွာ ခံထားရသည်ဟူသော သဘောမျိုးဟု ထင်မှတ်ယူဆ နေကြလေသည်။)
ရှေးက ပေစာများတွင်လည်း ရှေးဦးအစ ပေချပ်၌ ပေတလျားပြည့် မရေးမသားဘဲ အလယ်၌သာစု၍ ပလ္လင်ပုံ ရေးသားလေ့ရှိကြရာ ထိုရှေးဦးပေချပ်ကို ပလ္လင်ချပ်ဟုပင် ခေါ်လေသည်။ ရှေ့အစရော နောက်အဆုံးတွင်ပါ ပလ္လင်များ ရှိလေသည်။ နှောင်းစာပေများတွင် ပလ္လင်ပုံရေးသွင်းခြင်း မပြုသော်လည်း အလယ်၌သာစု၍ ရေးမြဲရေးလေသည်။
စကားနာထိုးသည်
မကျေနပ်ကြောင်း သွယ်ဝိုက်ဖော်ပြသော စကားကို သွင်းဆိုသည်
မိမိအပေါ်၌ သူတစ်ပါးက မကျေနပ်ဖွယ် ပြုမူပြီးနောက် အခွင့်ရ၍ ထိုသူနှင့် ဖက်ပြိုင်ပြောဆိုရသောအခါ ထိုသူအား မိမိ၏ နာကြည်း မကျေနပ်မှုများကို ရိပ်မိသိရှိစေရန် တိုက်ရိုက်အပြစ်တင်သည့် သဘောမသက်ရောက်စေဘဲ ၀မ်းနည်းသည့် အမူအရာမျိုးဖြင့် ထည့်သွင်းပြောဆိုသည်ကို တင်စား၍ ဆိုသည်။ နာကြည်းမှုကို ဖော်ပြသောစကားဖြင့် ထိပါးပြောဆိုခြင်းဖြစ်သည်။မကျေနပ်ကြောင်း သွယ်ဝိုက်ဖော်ပြသော စကားကို သွင်းဆိုသည်
စက်ပုန်းခုတ်သည်
လျှို့ဝှက်၍ နောက်ကွယ်မှ တိုက်တွန်းစေ့ဆော်သည်
ပင်လယ်ကူးလှေကြီးများတွင် ရွက်တိုင်များကို အသုံးပြုသော်လည်း စက်များပါ တပ်ဆင်ပါရှိတတ်ရာ ရွက်အားကြောင့် ရွေ့လျားသည်ထက် အတွင်း၌ ထည့်သွင်းထားသည့် စက်က ခုတ်မောင်းခြင်းကြောင့်လည်း ပို၍ ရွေ့လျားနိုင်လေသည်။ ထိုသို့ အတွင်းမှ စက်အကူအညီဖြင့် လှုပ်နှိုးစေ့ဆော်ပုံမျိုးကို တင်စား၍ အပြင်အပမှ မမြင်သာစေဘဲ ကွယ်ရာတစောင်းမှ လျှို့ဝှက်၍ အားပေးစေ့ဆော် သွေးဆောင်လမ်းညွှန် တိုက်တွန်းသူများကို စက်ပုန်းခုတ်သည်ဟုပင် ဆိုသည်။လျှို့ဝှက်၍ နောက်ကွယ်မှ တိုက်တွန်းစေ့ဆော်သည်
စားပေါက်ချောင်သည်
ကိုယ်ကျိုးရှာကွက်လွယ်သည်
ကျားထိုးသောအခါ တစ်ဖက်ကျားကို စားရန်အတွက် မိမိကျားသည် အခက်အခဲ အကြပ်အတည်းမရှိဘဲ လမ်းပေါက်လွယ်ကူစွာ ရှိသောအခါ စားပေါက်ချောင်သည်ဟု ဆိုလေသည်။ ဤစကားကို စွဲ၍ သက်သက်သာသာဖြင့် ငွေအရလွယ်ကူသော လုပ်ငန်းမျိုး၊ အခွင့်အလမ်းမျိုး ရရှိနေသည်ကို စားပေါက်ချောင်သည်ဟု ဆိုကြသည်။ကိုယ်ကျိုးရှာကွက်လွယ်သည်
စင်ပြိုင်သည်
ပြိုင်ဆိုင်၍ပြုသည်၊ ရင်ဘောင်တန်းပြိုင်သည်
ပွဲများ ကပြသောအခါ ပွဲနှစ်ပွဲသည် တစ်ညစီမဟုတ်ဘဲ တစ်ညတည်း တစ်ရပ်တစ်ဒေသတည်း၌ ဇာတ်စင်ချင်း ပြိုင်၍ထိုးကာ ပြိုင်တူကပြကြသည်ကို စင်ပြိုင်ကသည်။ စင်ပြိုင်သည်ဟု ဆိုသည်။ ထိုသဘောကို တင်စား၍ ဂုဏ်ရည်တူ လက်ရည်တူနှစ်ဖက် အစွမ်းအင်အားချင်း ပြိုင်ဆိုင်သည်ကို ဆိုသည်။ (ရုပ်ကြီးစင်၊ ရုပ်သေးစင် စသည်တို့ ပြိုင်ကြရာမှ ထိုစကားတွင်သည်။)ပြိုင်ဆိုင်၍ပြုသည်၊ ရင်ဘောင်တန်းပြိုင်သည်
စန်းပွင့်သည်
ချစ်ခင်သူ ပေါများသည်
မွေးဇာတာခွင်ကို ကောင်းကင်နက္ခတ် ဂြိုဟ်ခွင်များနှင့် တိုက်စစ်သောအခါ စန်းဟူသော တနင်္လာဂြိုဟ်သည် ဇာတာ၌ ထွန်းပွင့်နေသည်ကို တွေ့ရှိရလျှင် လူချစ်လူခင် ပေါများခြင်း၊ အရောင်းအ၀ယ် ဖွံ့ဖြိုးစည်ပင်ခြင်း စသောကောင်းကျိုးမင်္ဂလာရှိမည်ဟု အဟောထွက်လေသည်။ ထိုသဘောကို တင်စား၍ မျက်နှာပွင့်လန်း၊ ချစ်သူခင်သူပေါခြင်းကို ဇာတာခွင်အရ စန်းပွင့်သည်ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ စန်းပွင့်သည်ဟု ဆိုကြသည်။ချစ်ခင်သူ ပေါများသည်
စွယ်စုံ
နှစ်ဖက်ပြည့်စုံသူ
ဆင်များတွင် အစွယ်တစ်ချောင်းတည်းရှိသောဆင် (တယ်) ထက် အစွယ်နှစ်ဖက် အစုံထွက်သော ဆင်မှာ ပို၍ မင်္ဂလာကျက်သရေ ရှိသည်။ အစွယ်ခွန်အား တောင့်တင်းသည်။ ထိုသဘောဖြင့် လောကီ ဗဟုသုတရော၊ လောကုတ္တရာ တရားသဘောကိုပါ နှစ်ဖက်နှစ်ရပ်စလုံး ကျွမ်းကျင်သူ ပညာရှင်တို့အား စွယ်စုံဟု တင်စားခေါ်ဆိုသည်။ စွယ်စုံကျော်ထင်ဟု ထင်ရှား၏။ ထို့နောက်တွင်ကား အင်္ဂလိပ်-မြန်မာ၊ ရာဇသတ်-ဓမ္မသတ်၊ စကားပြေ-လင်္ကာ၊ ဓါတ်-ဗိန္ဓော စသည် အစုံအဖက် ပြည့်ဝသူတို့ပါ စွယ်စုံဟု ရောနှောသုံးစွဲကြလေသည်။နှစ်ဖက်ပြည့်စုံသူ
Related:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
No comments:
Post a Comment