ကျောက်ခဲစုဆောင်းနေသော သူငယ်ကလေးကို ကုန်သည်ကြီးတစ်ဦးက လှမ်းခနဲ့၏။
“ဘာလဲ... ကောင်းကင်ကြီးကို ခဲနဲ့ ပေါက်မလို့လား၊ လုပ်မနေနဲ့... မင်းခဲလုံးက ကောင်းကင်ဆီ ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး”
သူငယ်ကလေးကတော့...
ကျောက်ခဲတွေကို ဆက်ကောက်မြဲ ကောက်၏။
စကားတစ်ခွန်းကိုလည်း အေးအေးဆေးဆေး ပြန်ပြောသည်။
“ဦးလေး ပြောသလို မဟုတ်ပါဘူး။ ပင်လယ်ထဲကို ပစ်ချမလို့ပါ။ ဒီကျောက်ခဲတွေဟာ ပင်လယ်ရဲ့ အောက်ခြေကြမ်းပြင်အထိ ကျသွားကြမှာပါ။ သေချာပါတယ်”
တာရာမင်းဝေ
“ကျွန်တော်နှင့် နွေယဉ်စွန်းတန်း” စာအုပ်မှ...
No comments:
Post a Comment