Wednesday, September 05, 2007

ကျောင်းသားအတွက် အမေ့ရဲ့စာ


ကောလိပ်ကျောင်းသားထံ အမေ့ပေးစာ


ချစ်လှစွာသောသား…

အမေအသက်ရှင်နေဆဲပဲ ရှိသေးတယ်ဆိုတာကို သားသိရအောင်လို့ စာလှမ်းရေးလိုက်တာပါ။ မင်းစာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေဒီစာကို ဖြည်းဖြည်းပဲ ရေးလိုက်ပါတယ်။ မင်းအိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာ မဟုတ်တော့ဘူး။ အမေတို့ ပြောင်းသွားကြပြီ။ မင်းအဖေတော့ အခုအလုပ်ကောင်းကောင်း တစ်ခုရနေပြီ။ သူ့အောက်မှာ လူ ၅၀၀ လောက်ရှိတယ်။ သင်္ချိုင်းမှာ မြက်ရိတ်နေရတယ်လေ။

အခုအမေတို့ အိမ်အသစ်မှာ အဝတ်လျှော်စက် တစ်လုံးရှိတယ်။ သိပ်တော့ မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်က အမေ အဲဒီထဲ ရှပ်အင်္ကျီ ၁၄ ထည် ထည့်တယ်။ ပြီး… သံကြိုးကိုဆွဲလိုက်တာ အဲဒီအင်္ကျီတွေကို အဲဒီကတည်းက ပြန်မတွေ့ရတော့ပါဘူး။ သားအမ မေရီလည်း ဒီနေ့မနက်ပဲ ကလေးမွေးတယ်။ သားလေးလား၊ သမီးလေးလားတော့ အမေမသိသေးဘူး။ အဲဒီတော့ မင်းက အန်တီဖြစ်မလား၊ အန်ကယ်ဖြစ်မလား အမေလည်း မပြောတတ်ဘူး။

ပြီးတဲ့အပတ်ထဲမှာ မင်းရဲ့ အန်ကယ်ဒစ်လည်း တို့မြို့က အရက်ချက်စက်ရုံမှာ ဝီစကီကန်ထဲ ကျပြီး နစ်လို့။ သူ့လုပ်ဖော်ကိုင်ဖက် တချို့က ခုန်ဆင်းပြီး ကယ်ကြသေးတယ်။ ဒါပေမဲ့သူက ကယ်တဲ့သူအားလုံးကို သတ္တိရှိရှိ တွန်းလှန်နိုင်ခဲ့တယ်။ သူ့ကို သင်္ဂြိုဟ်တော့ အဲဒီမီးကို ငြိမ်းရတော သုံးရက်ကြာတယ်။

ပြီးခဲ့တဲ့အပတ်က မိုးနှစ်ခါရွာတယ်။ ပထမတစ်ကြိမ်က သုံးရက်ကြာပြီး နောက်တစ်ခါက လေးရက်ကြာတယ်။ တနင်္လာနေ့တုန်းကများ၊ လေတွေ တိုက်လိုက်တာ ခြံထဲက ကြက်မတစ်ကောင်ဟာ ကြက်ဥတစ်လုံးတည်းကို လေးခါ ဥရတယ်။

အသုဘအလောင်းပြင်ဆင်ပေးတဲ့ အိမ်က စာတစ်စောင် မနေ့ကရတယ်။ သူက အမေတို့ပေးစရာရှိတဲ့ ကြွေးကျန်ကို (၇) ရက်အတွင်း မပေးရင် မင်းဘွားအေကြီးကို ပြန်ထလာအောင် လုပ်လိုက်မယ်တဲ့။

ချစ်တဲ့

အမေ

( P.S. အမေ သားအတွက် ဒေါ်လာ ၅၀ ထည့်ပို့မလို့ပဲ။ ဒါပေမဲ့ စာအိတ်က ပိတ်ပြီးသွားပြီ )

No comments:

Post a Comment

 
Web Statistics