အဖေနဲ့ အမေခင်ဗျား . . . ကျန်းခံ့သာလို့ မာပါစ…
ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမ တစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး၊ စာသင်ခန်းတွေဆီကို မသွားဖြစ်လို့။ သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက်ဖြစ်နေတယ်။ အဲဒီညက မီးမလာဘူး။ ပြီးတော့ ဆရာလည်းမလာဘူး။ စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာပြောတယ်။ “ဒီအခန်းထဲမှာ နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့” တဲ့။ သားတို့ တစ်တန်းလုံးငြိမ်ပြီး ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ပဲ ခဏနေတော့ သားမတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ ဆရာတစ်ယောက်ထဲ ရပ်နေတာကို အားနာလို့။
ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ။ သင်္ချာတွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ အလုပ်ရှုပ်လွန်းလို့။ ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ်။ အဖေတို့ အမေတို့အတွက် ချွေးမလောင်းကိုရွေးပြီး ရည်းစားစာ တစ်စောင် အင်္ဂလိပ်လိုရေးပြီး ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို တတ်လှပြီမထင်နဲ့၊ သားမရေးတတ်ပါဘူး။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။
စာရေးတာ နားဦးမယ်။ သား သိပ်ပြီးနေမကောင်းဘူး။ ဟိုတစ်ပတ်က ဆရာက “မင်းတို့ အပြင်စာတွေ များများဖတ်ရမယ်” ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့ ဦးထုပ်တောင် မတော်တော့ဘူး။ အဲဒါ နောက်စေ့ကို တူနဲ့ ထုထားရတယ်။ ဒီတော့မှ နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က ကျွတ်မကျတော့ဘူးပေါ့။
ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood test စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး စာကြည့်ရဦးမယ်။
ချစ်သား
(စားကြွင်း။ ဒါနဲ့ အမေ၊ နောက်တစ်ပတ်မှာ ဂျူလီယာရောဘတ် အကြောင်း အရေးတကြီး လေ့လာရဦးမယ်။ အဲဒါ ပိုက်ဆံလိုတယ်။ ပို့ပေးပါဦး။)
No comments:
Post a Comment