Friday, May 16, 2008

သူ့မှာတမ်း-မင်းသုဝဏ်


သူ့မှာတမ်း
(မင်းသုဝဏ်)

သူတို့အဆုတ်၊ ထားခဲ့မြှပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကြားကို
ရွာသားရွာလူ၊ မေးကြမြူသည်
အူလူယမ်းငွေ့၊ ထတုန်းတည်း။

အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာကြားလိုသနည်း။
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာကြားလိုသနည်း။
မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာကြားလိုသနည်း။
ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။

ယမ်းငွေ့အူအူ၊ တလူလူနဲ့
မေးမြူကြတုန်း၊ အနောက်ကုန်းဝယ်
နေလုံးကွယ်လေပြီတကား။ ။

1 comment:

  1. အမောင်ပြောက်ကျား တိုင်းပြည်အားကို..................
    ဆရာကြီး စာဖတ်သူရင်ထဲ ပို့ လိုက်သော စာသားလေး ထိရောက်မှု့  အားရှိပါသည်။

    ReplyDelete

 
Web Statistics