လွမ်းမပြေ
လွမ်းမပြေ၊ မန်းမြေတမိတော့၊ ကမ်းခြေမှာ စမ်းရေကျတယ်နှင့် ဖျန်းလေက တသုန်သုန်။တဲတဖက် ဆွဲဖျက်ကာ အလျင်လိုရော့ထင့်၊ ကရင်အိုယာပြင်ကြီးမှာ မီးထည့်ကာလှုံ။
မပူပေါင် နောက်ဆီက ချမ်းရော့ထင့်၊ အဖြူစောင် ခေါက်ထည်ကြမ်းကိုလှ၊ လွှမ်းတဲ့လို့ လွှားကာခြုံ၊ ပါးမှာငုံပါလို့ နုရွှေကွမ်း။
ဆေးအိပ်ကိုလျှို၊ ဆေးလိပ်တို နားမှာထိုးပါလို့၊ တောင်ရိုးမှာဘာသာပျော်ကြ၊ အမိုးခေါ် ဖိုးဆော်ကဲတို့မှာ၊ ကွမ်းအငူ နှင်းမြူမှမစဲခင်က တဲဖျက်တဲ့လမ်း။
THE OLD KAREN
Inconsolable, yearning
for Mandalay,
here where a spring falls
and winds hold sway.
Grabbing a piece of thatch
from the side of the hut,
the old Karen is in a hurry
to add fuel to the fire.
His chest is warm
but his back is cold…
flinging a blanket
of rough cotton waste
over his shoulders,
he keeps a quid
of betel in his cheek.
He shoulders a side bag,
plants a cigar-stub behind
his ear, and is happy
on the-hill and
along the ridge,
Amo, the old Karen,
pulling down his hut
before the mist scatters.
( ဆရာ ၀င်းဖေ ၏ “မြကန်သာ” စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment