အစားကောင်း စားရရင် ကိုယ်ချစ်တဲ့သူကို သတိရသတဲ့။ ဘယ်ပညာရှိက ပြောခဲ့သလဲတော့ မသိပါဘူး။ ကျွန်တော်ကတော့ အမှန်အတိုင်းပြောရရင် စားကောင်းရင် စားလိုက်တာပါပဲ။ တစ်ခါတစ်လေမှသာ ဒါလေးကတော့ အမေကြိုက်တတ်တာပဲဆိုပြီး တကယ့်ကို တစ်ခါတစ်လေမှသာ တွေးမိတတ်ပါတယ်။ ဒါပေမယ့် စာကောင်းလေးများ ဖတ်ရရင်တော့ အခြားလူများကို ဖတ်စေချင်တဲ့စိတ် အင်မတန်မှ ဖြစ်မိပါတယ်။ အဲဒီစာကို ဖတ်ရင်းနဲ့ လူကကြည်နူးရပြီလား၊ ကျေနပ်ရပြီလား၊ စိတ်ဓာတ်ခွန်အားတွေ ဖြစ်ရပြီလားဆိုရင် အခြားလူတွေကို ပြန်ပြီးဖတ်စေချင်စိတ်၊ ပြန်ပြောပြချင်စိတ်က အလိုလိုကို ဖြစ်လာရတော့တာပါပဲ။ အရင်ကတော့ ဖတ်မိတဲ့အထဲက ကြိုက်တဲ့စာလေးတွေကို ရာဟုဂရု(ပ)က သူငယ်ချင်းတွေကို ကြုံရင်ကြုံသလို ဝေငှဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ရာဟုက သုံးရတာ အဆင်မပြေတဲ့အတွက် ကျွန်တော်တို့ရဲ့ မြန်မာ့သွေးရာဟုဂရု(ပ)လေးလည်း အသက်မ၀င်ဘဲ ပစ်ထားရတာ နှစ်နဲ့တောင်ချီပြီး ကြာနေပါပြီ။ အဲဒီအချိန်မှာ ဘလော့ဂ်တွေ ခေတ်စားလာလိုက်တာ ဘယ်ပြောကောင်းမလဲ။ မြန်မာဘလော့ဂ်ဂါဆိုတာ ဘယ်လောက်ရှိမှန်းတောင် ရေတွက်လို့မရတော့ဘူး။ ရေးတဲ့သူတွေကလည်း အမျိုးအစားစုံသလားမမေးနဲ့။ ဘလော့ဂ်တွေကို ၀င်မိလို့ကတော့ တကယ့်ကို ပန်းခင်းကြီးထဲကို ရောက်သွားရသလိုပဲ။ အရောင်အသွေးစုံ၊ အမွှေးရနံ့အစုံနဲ့ ကိုယ်အားသန်ရာ၊ ကိုယ်ဝါသနာပါရာကို ပို့စ်တွေတင်ပေးကြ၊ ဝေငှကြနဲ့ ဖတ်ရှုခံစားလို့ကို မ၀နိုင်ပါဘူး။ စကားက ဘေးရောက်သွားပါတယ်။ ပြောချင်တာက စောစောကကျွန်တော်ပြောသလို စာကောင်းပေမွန်လေးများ ဖတ်မိတယ်ဆိုရင် ကျွန်တော့်မှာ မြန်မာ့သွေး ဘလော့ဂ်ပရိသတ်တွေ အတွက် အချိန်ပေးပြီး ပို့စ်တွေရေးရ၊ တင်ပေးရနဲ့ တကယ့်ကို ကျေနပ်ဖွယ်ရာ အတိပါပဲ။
အခုလည်း သူငယ်ချင်းတစ်ဦးရဲ့ ကျေးဇူးကြောင့် စာအုပ်ကောင်းလေးတစ်အုပ်ကို ဖတ်မိလို့ အခုလို စကားဦးတွေ သန်းနေရတာ ဖြစ်ပါတယ်။ ကျွန်တော့်ကိုယ်ပိုင်ခံစားမှုအရ ပြောရရင်တော့ ဆရာဖေမြင့် ဘာသာပြန်တဲ့ နှလုံးသားအာဟာရ ရသစာများ ပြီးရင် အခု ဆရာမြတ်ငြိမ်း ဘာသာပြန်တဲ့ ဖေဖေပေးခဲ့မယ့် အမွေများ စာအုပ်ဟာ ကျွန်တော့်ရဲ့ စိတ်ဓာတ်ခွန်အားတွေကို အပြည့်ဝဆုံး မြှင့်တင်ပေးခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ရေးသားထားတဲ့ပုံစံတွေမပါဘဲ စကားပြေရှင်းရှင်းလေးတွေနဲ့ ထိရောက်တဲ့ စေတနာစကားတွေကို ဖတ်ခဲ့ရတယ်လို့ ဆိုချင်ပါတယ်။ စာလုံးတွေရဲ့နောက်မှာ ဖခင် တစ်ယောက်ရဲ့ စေတနာတွေ၊ မေတ္တာတွေကို အထင်းသားတွေ့နေရတယ်လို့ဆိုရင် ကျွန်တော်ပြောတာ ပိုတယ်လို့ မထင်မိပါဘူး။ ဒါကလည်း မူရင်းစာအုပ်ကောင်းသလို ဘာသာပြန်တဲ့ ဆရာမြတ်ငြိမ်းရဲ့ ကျွမ်းကျင်လိမ္မာမှုကြောင့်လည်း ဖြစ်ပါတယ်။
မူလစာရေးသူက Jimmy Teo ဖြစ်ပါတယ်။ သူဟာ သူ့သားနှစ်ယောက်ဖြစ်တဲ့ ဂျိုရှူအာ နဲ့ ဂျိုနာသန် တို့အတွက် ဒီစာတွေကို ရေးခဲ့တာဖြစ်ပါတယ်။ သူ့သားတွေအတွက် သူ့အတွေးတွေကို ချရေးခဲ့ပြီး A Legacy To My Sons ဆိုပြီး စာအုပ်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ မူရင်းစာရေးသူရဲ့ စကားဦး အရ “ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် စိတ်ထားမျိုး မွေးနိုင်လျှင် အခက်အခဲပေါင်းများစွာ ကြုံရသော်လည်း ကျွန်တော်တို့အားလုံး ကြီးမားသော အောင်မြင်မှုများ ရနိုင်ကြောင်း ကမ္ဘာကြီးအား အသိပေးခွင့်ရခြင်းမှာ ကောင်းသော အခြင်းအရာဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်” ဟု ဆိုထားရုံမက နောက်ဆုံး၌ သူက “ဤဆောင်းပါးများကို ဖတ်ရှုခံစားပါ။ ပြီးတော့ သင့်မိတ်ဆွေများအား ပေးဖတ်ပါ” ဟု အလေးအနက် တိုက်တွန်းထားပါသေးသည်။
ဖေဖေပေးခဲ့မယ့် အမွေများ စာအုပ်ထဲမှ ဆောင်းပါးများတွင် ဖခင်တစ်ဦးအနေဖြင့် မိမိသားများကို ပြည်သူ့နီတိ၊ ကျင့်ဝတ်၊ လူမှုဆက်ဆံရေး၊ အတွေးအခေါ်၊ အယူအဆတို့ကို လိုရင်းတိုရှင်း ရေးသားထားရာ ဖခင်တိုင်း အထူးသဖြင့် လူငယ်များအတွက် ဗဟုသုတတိုးစရာ သင်ယူချင်စရာဖြစ်သော စာအုပ်ဖြစ်ကြောင်းကိုလည်း ထုတ်ဝေသူက ဆိုထားပါသေးသည်။
ဖေဖေပေးခဲ့မယ့်အမွေများ စာအုပ်အတွက် အကြောင်းအရာခေါင်းစဉ်အသစ်တစ်ခု ဖွင့်ပေးလိုက်ပါတယ်။ အဲဒီထဲက ဆောင်းပါးတွေကို တစ်စုတစ်စည်းတည်း ဖတ်စေချင်တဲ့စေတနာပါ။ အကြောင်းအမျိုးမျိုးကြောင့် မပျက်ကွက်ဘူးဆိုရင် တစ်နေ့ကို ဆောင်းပါးတစ်ပုဒ်နှုန်းနဲ့ ပို့စ်တွေတင်ပေး သွားဖို့ ကျွန်တော်စီစဉ်ထားပါတယ်။ အချို့ရက်တွေမှာ အချိန်အားပိုရမယ်ဆိုရင် ဆောင်းပါးနှစ်ပုဒ်၊ သုံးပုဒ် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက် အခြေအနေက အမြဲကောင်းနေတာ မဟုတ်တဲ့အတွက် ကွန်နက်ရှင်း ကောင်းတုန်းလေး တင်ပေးနိုင်အောင်ပါ။
ဘာပဲပြောပြော ဒီစာအုပ်လေးကို ဖတ်ဖို့ လက်တို့အသိပေးရုံတင်မဟုတ်ဘဲ တကူးတကကို စာကြည့်တိုက်ကနေ ငှားလာပြီး လက်ဝယ်အရောက်လာပေးခဲ့တဲ့ သူငယ်ချင်း ကျော်သီဟကို ဒီနေရာကနေပဲ ကျေးဇူးစကားဆိုလိုက်ပါရစေ။
ဖေဖေပေးခဲ့မယ့် အမွေများ
ဘာသာပြန်သူ - မြတ်ငြိမ်း
မူရင်း - A LEGACY TO MY SONS BY JIMMY TEO
ထုတ်ဝေသူ - တူဒေးစာအုပ်တိုက်၊ လူငယ်စာစဉ် (၈)၊ ပထမအကြိမ်၊ ၂၀၀၀ ခုနှစ်၊ ဇန်န၀ါရီလ၊ အုပ်ရေ (၅၀၀)၊ တန်ဖိုး (၂၅၀)ကျပ်။
ငယ်စဉ်တောင်ကျေး ကလေးဘ၀တုန်းကဆို ဖေဖေဟာ ကြယ်တွေကို မော့ကြည့်ပြီး အံ့သြနေလေ့ရှိတယ်။ ကြယ်တွေက နည်းနည်းနောနောမှ မဟုတ်ဘဲ။ ဟိုးမိုးမြင့်ယံဆီက သူတို့ရဲ့ မှိတ်တုတ်မှိတ်တုတ် လင်းလက်မှုလေးတွေက ဖေဖေ့ကို ညှို့ယူဖမ်းစားခဲ့တယ်။ အခု အသက်ငါးဆယ်နားကပ်လာပေမယ့်လည်း အဲဒီ အံ့သြစိတ်က ဖေ့ဖေ့ရင်ထဲမှာ လှုပ်ခတ်နေတုန်းပဲ။ တို့များရဲ့ နဂါးငွေ့တန်း ကြယ်စင်စုကြီးထဲမှာကိုပဲ ကြယ်ပေါင်း ကုဋေနှစ်သိန်းတစ်သောင်း ရှိသတဲ့လေ။ ဖေဖေတို့ရဲ့ စကြ၀ဠာကြီးထဲမှာ နဂါးငွေ့တန်းဆိုတာ ကြယ်စင်စုတစ်ခုပဲ ရှိသေးတာ။ ဒီစကြ၀ဠာကြီးထဲမှာ အဲဒီလို ကြယ်စင်စုပေါင်း သန်းနှစ်ရာကျော် ရှိသတဲ့။ တို့များရဲ့ ဖန်ဆင်းရှင် တကယ့်ကို ကြီးမားတဲ့ တန်ခိုးရှင်ပါပဲ။ သူက တို့များကို ကမ္ဘာမြေကြီးပေါ်ကနေပြီး အဲဒီကြယ်တွေထဲက တချို့တစ်ဝက်ကို ကြည့်ခွင့်မြင်ခွင့် ပြုတယ်။ ပြီးတော့ အနည်းအကျဉ်းကို လေ့လာခွင့် ပြုတယ်လေ။
ဖေဖေတို့ အသေးငယ်ဆုံးဒြပ်စင်တစ်ခုကိုယူပြီး ပုံကြီးချဲ့ကြည့်ရင် အဲဒီဒြပ်စင်ဟာ စကြ၀ဠာအသေးစား ကလေးဖြစ်နေတာ တွေ့ကြရမယ်။ အဲဒါကို သိမြင်သဘောပေါက်လာတဲ့အခါ ဖေဖေ့မှာ ပိုပြီး အံ့သြတကြီး ဖြစ်ရတာပေါ့ကွယ်။ အဲဒီဖန်ဆင်းမှုတွေရဲ့ နောက်ကွယ်က အံ့ချီးဖွယ်ကျွမ်းကျင်လိမ္မာမှုတွေကို နားလည် သဘောပေါက်ဖို့ဆိုတာတော့ ဖေဖေတို့ရဲ့ ဉာဏ်ပညာနဲ့ လိုက်မမီအောင်ပါပဲ။ တို့များအနေနဲ့ ဒီထက် နက်နက်နှိုက်ပြီး သင်ယူဆည်းပူးခြင်းဆိုတဲ့ ယမကာကို ချိမြိန်စွာ သောက်သုံးရုံပဲပေါ့။
တို့များရဲ့ လူသားဦးနှောက်ကို ဘယ်ကွန်ပျူတာမှ မယှဉ်နိုင်ဘူး။ လောကမှာ စိတ်စွမ်းအင်ဆိုတာ ရှိနေတယ်။ လောကမှာ သက်ဝင်ယုံကြည်မှုဆိုတာ ရှိနေတယ်။ ဘယ်ကိစ္စမျိုးမှာမဆို ပြင်းပြတဲ့ ယုံကြည်ချက်နဲ့ ယုံကြည်စိတ်ချမှုဆိုတာ လိုအပ်တယ်ကွယ်။ ကမ္ဘာ့အထက်မြက်ဆုံး ဦးနှောက်တစ်ခုဟာ သူ့စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံပဲ အသုံးချတယ်လို့ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိန်စတိန်း က ပြောခဲ့တယ်။ အဓိပ္ပါယ်က တို့တစ်တွေဟာ တို့ရဲ့ ဦးနှောက်ကို ထိုက်သင့်သလောက် အသုံးမချကြဘူးလို့ ပြောတာပေါ့ကွယ်။ လျှို့ဝှက်ချက်ကတော့ စိတ်ဖိစီးမှု နည်းနိုင်သမျှအနည်းဆုံးနဲ့ ဦးနှောက်ရဲ့စွမ်းအားကို ဘယ်လိုအထိရောက်ဆုံး အသုံးချရမယ်ဆိုတာ သိထားဖို့ပါပဲ။
ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ပညာတတ်တချို့ဟာ ထမြောက်အောင်မြင်မှု မရှိသူတွေ ဖြစ်နေတာ ဖေဖေတွေ့ခဲ့ရတယ်။ သူတို့တစ်တွေထဲက အများစုဟာ စီးပွားရေးလုပ်ငန်းတွေကို စွန့်စွန့်စားစား မလုပ်ဝံ့ကြဘူး။ ဒီတော့ သူတို့ဟာ အငြိမ်းစားယူချိန်အထိ၊ ဒါမှမဟုတ် ကွယ်လွန်ချိန်ထိ သူတစ်ပါး လက်အောက်ခံအမှုထမ်းအဖြစ် အလုပ်လုပ်သွားကြရတာပေါ့ကွယ်။ ဒီနေရာမှာ ယုန်နဲ့လိပ် ပုံပြင်ကလေးကို ဖေဖေသတိရမိတယ်။ ယုန်ကလေးက တာထွက်ကတည်းက တစ်ဟုတ်ထိုးပြေးပြီး ဟိုးရှေကအဝေးကြီးကို ရောက်သွားတော့ သူနိုင်ပြီဆိုပြီး တစ်ရေးတစ်မောအိပ်ပစ်လိုက်တယ်လေ။ လိပ်ကလေးကတော့ တဖြည်းဖြည်းတအိအိနဲ့ သွားတယ်။ ဒါပေမယ့် မရပ်မနားသွားတယ်။ ပြိုင်ပွဲမှာ လိပ်ကလေးနိုင်သွားတယ်။ ဒါကြောင့် မင်းတို့ရဲ့ ခွန်အားကို အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့ ကျားကန်ပေးထားရမယ်။ ဘယ်တော့မှ လက်မလျှော့ရဘူး။ ဘယ်တော့မှ ကျေနပ်ရောင့်ရဲမနေရဘူး။ အကောင်းတွေတော့ ဖြစ်လာမှာပဲလို့ ယုံမှတ်မထားရဘူး။ ပေါ်ပေါက်လာနိုင်စရာရှိတဲ့ အရေးပေါ်ကိစ္စ အများစုကို ရင်ဆိုင်နိုင်အောင် မင်းတို့ အသင့်ပြင်ထားရမယ်။
တို့တစ်တွေအားလုံးဟာ ထမြောက်အောင်မြင်သူဖြစ်ဖို့ မွေးဖွားလာကြတာချည်းပဲ။ တာရှည်ခံတဲ့ ထမြောက်အောင်မြင်မှုကို သေချာပေါက်ရစေတာကတော့ ရိုကျိုးနှိမ့်ချမှုပဲ သားတို့ရေ။ ဂုဏ်မောက်ခြင်းကတော့ ဘယ်တော့မဆို အချိန်တန်ရင် ဂုဏ်သိက္ခာညှိုးနွမ်းမှုကို ဖြစ်ပေါ်စေတာပါပဲ။ မင်းတို့ရဲ့ စက်ယန္တရားတစ်ခု တိုက်စားမှုအနည်းဆုံးနဲ့ ယိုယွင်းပျက်စီးမှုသက်သာအောင် စက်ထဲကို ချောဆီ ထည့်ပေးကြရတယ်မဟုတ်လား။ ရိုကျိုးနှိမ့်ချခြင်းဟာ ချောဆီပဲပေါ့။ မင်းတို့မှာ ရိုကျိုးနှိမ့်ချမှု များများရှိလေ မင်းတို့ရဲ့ စက်ယန္တရားပိုပြီး ကြည်ရှည်ခိုင်ခံ့လေပေါ့။
တို့များရဲ့ ဖန်ဆင်းရှင်လိုပဲ ကြီးမြတ်ပြီး အံ့မခန်းလောက်တဲ့ အခြင်းအရာတွေကို ပြုလုပ်ဖို့ ကြိုးစားအားထုတ်ပါ။ မင်းတို့ရဲ့ အတွေးတွေကို ပျော်စရာကောင်းတဲ့ အတွေးတွေ၊ လှပတဲ့ အတွေးတွေ ဖြစ်အောင် လုပ်ကြပါ။ ကောင်းတာကိုတွေးပြီး ကောင်းတာကိုလုပ်ကြပါ။ တက်တက်ကြွကြွနဲ့ ရွှင်ရွှင်ပျပျ နေကြပါ။ အဲဒါဆိုရင် သကြားကို ပုရွက်ဆိတ်တွေ မက်မောသလို လူတွေက မင်းတို့ကို မက်မော လာလိမ့်မယ်။ မင်းတို့ဟာ နည်းပေးလမ်းညွှန်မှုနဲ့ အလင်းရောင်ကို ဖြန့်ဖြူးပေးသူတွေ ဖြစ်လာနိုင်ပါတယ်။
အခုလည်း သူငယ်ချင်းတစ်ဦးရဲ့ ကျေးဇူးကြောင့် စာအုပ်ကောင်းလေးတစ်အုပ်ကို ဖတ်မိလို့ အခုလို စကားဦးတွေ သန်းနေရတာ ဖြစ်ပါတယ်။ ကျွန်တော့်ကိုယ်ပိုင်ခံစားမှုအရ ပြောရရင်တော့ ဆရာဖေမြင့် ဘာသာပြန်တဲ့ နှလုံးသားအာဟာရ ရသစာများ ပြီးရင် အခု ဆရာမြတ်ငြိမ်း ဘာသာပြန်တဲ့ ဖေဖေပေးခဲ့မယ့် အမွေများ စာအုပ်ဟာ ကျွန်တော့်ရဲ့ စိတ်ဓာတ်ခွန်အားတွေကို အပြည့်ဝဆုံး မြှင့်တင်ပေးခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ရေးသားထားတဲ့ပုံစံတွေမပါဘဲ စကားပြေရှင်းရှင်းလေးတွေနဲ့ ထိရောက်တဲ့ စေတနာစကားတွေကို ဖတ်ခဲ့ရတယ်လို့ ဆိုချင်ပါတယ်။ စာလုံးတွေရဲ့နောက်မှာ ဖခင် တစ်ယောက်ရဲ့ စေတနာတွေ၊ မေတ္တာတွေကို အထင်းသားတွေ့နေရတယ်လို့ဆိုရင် ကျွန်တော်ပြောတာ ပိုတယ်လို့ မထင်မိပါဘူး။ ဒါကလည်း မူရင်းစာအုပ်ကောင်းသလို ဘာသာပြန်တဲ့ ဆရာမြတ်ငြိမ်းရဲ့ ကျွမ်းကျင်လိမ္မာမှုကြောင့်လည်း ဖြစ်ပါတယ်။
မူလစာရေးသူက Jimmy Teo ဖြစ်ပါတယ်။ သူဟာ သူ့သားနှစ်ယောက်ဖြစ်တဲ့ ဂျိုရှူအာ နဲ့ ဂျိုနာသန် တို့အတွက် ဒီစာတွေကို ရေးခဲ့တာဖြစ်ပါတယ်။ သူ့သားတွေအတွက် သူ့အတွေးတွေကို ချရေးခဲ့ပြီး A Legacy To My Sons ဆိုပြီး စာအုပ်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ မူရင်းစာရေးသူရဲ့ စကားဦး အရ “ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် စိတ်ထားမျိုး မွေးနိုင်လျှင် အခက်အခဲပေါင်းများစွာ ကြုံရသော်လည်း ကျွန်တော်တို့အားလုံး ကြီးမားသော အောင်မြင်မှုများ ရနိုင်ကြောင်း ကမ္ဘာကြီးအား အသိပေးခွင့်ရခြင်းမှာ ကောင်းသော အခြင်းအရာဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်” ဟု ဆိုထားရုံမက နောက်ဆုံး၌ သူက “ဤဆောင်းပါးများကို ဖတ်ရှုခံစားပါ။ ပြီးတော့ သင့်မိတ်ဆွေများအား ပေးဖတ်ပါ” ဟု အလေးအနက် တိုက်တွန်းထားပါသေးသည်။
ဖေဖေပေးခဲ့မယ့် အမွေများ စာအုပ်ထဲမှ ဆောင်းပါးများတွင် ဖခင်တစ်ဦးအနေဖြင့် မိမိသားများကို ပြည်သူ့နီတိ၊ ကျင့်ဝတ်၊ လူမှုဆက်ဆံရေး၊ အတွေးအခေါ်၊ အယူအဆတို့ကို လိုရင်းတိုရှင်း ရေးသားထားရာ ဖခင်တိုင်း အထူးသဖြင့် လူငယ်များအတွက် ဗဟုသုတတိုးစရာ သင်ယူချင်စရာဖြစ်သော စာအုပ်ဖြစ်ကြောင်းကိုလည်း ထုတ်ဝေသူက ဆိုထားပါသေးသည်။
ဖေဖေပေးခဲ့မယ့်အမွေများ စာအုပ်အတွက် အကြောင်းအရာခေါင်းစဉ်အသစ်တစ်ခု ဖွင့်ပေးလိုက်ပါတယ်။ အဲဒီထဲက ဆောင်းပါးတွေကို တစ်စုတစ်စည်းတည်း ဖတ်စေချင်တဲ့စေတနာပါ။ အကြောင်းအမျိုးမျိုးကြောင့် မပျက်ကွက်ဘူးဆိုရင် တစ်နေ့ကို ဆောင်းပါးတစ်ပုဒ်နှုန်းနဲ့ ပို့စ်တွေတင်ပေး သွားဖို့ ကျွန်တော်စီစဉ်ထားပါတယ်။ အချို့ရက်တွေမှာ အချိန်အားပိုရမယ်ဆိုရင် ဆောင်းပါးနှစ်ပုဒ်၊ သုံးပုဒ် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက် အခြေအနေက အမြဲကောင်းနေတာ မဟုတ်တဲ့အတွက် ကွန်နက်ရှင်း ကောင်းတုန်းလေး တင်ပေးနိုင်အောင်ပါ။
ဘာပဲပြောပြော ဒီစာအုပ်လေးကို ဖတ်ဖို့ လက်တို့အသိပေးရုံတင်မဟုတ်ဘဲ တကူးတကကို စာကြည့်တိုက်ကနေ ငှားလာပြီး လက်ဝယ်အရောက်လာပေးခဲ့တဲ့ သူငယ်ချင်း ကျော်သီဟကို ဒီနေရာကနေပဲ ကျေးဇူးစကားဆိုလိုက်ပါရစေ။
ဖေဖေပေးခဲ့မယ့် အမွေများ
ဘာသာပြန်သူ - မြတ်ငြိမ်း
မူရင်း - A LEGACY TO MY SONS BY JIMMY TEO
ထုတ်ဝေသူ - တူဒေးစာအုပ်တိုက်၊ လူငယ်စာစဉ် (၈)၊ ပထမအကြိမ်၊ ၂၀၀၀ ခုနှစ်၊ ဇန်န၀ါရီလ၊ အုပ်ရေ (၅၀၀)၊ တန်ဖိုး (၂၅၀)ကျပ်။
ထမြောက်အောင်မြင်သူများ
ကမ္ဘာမြေကြီးပေါ်မှာ ဖေဖေတို့နေရမယ့်သက်တမ်းဟာ နှစ်ပေါင်း ၈၀ လောက် ရှိတယ်။ အဲဒီနှစ်တွေကို နေ့ရက်များအဖြစ် ပြောင်းဖွဲ့လိုက်ရင် ရက်ပေါင်း ၂၉၂၁၈ ရက်ပဲ ရှိတယ်။ အဓိပ္ပါယ်ကတော့ ကုန်လွန်သွားတဲ့ တစ်နေ့တစ်ရက်တိုင်းက တို့တစ်တွေဟာ တို့များရဲ့ သင်္ချိုင်းနဲ့ တစ်ရက်ပိုနီးလာပြီ ဆိုတာကို ဖော်ပြနေတာပဲ။ တို့တစ်တွေဟာ ခရီးသွားဧည့်သည်တွေလိုပါပဲ။ သို့ဖြစ်တဲ့တိုင် လောကမှာ သင်ယူဆည်းပူးစရာတွေနဲ့ ပျော်ရွှင်ခံစားစရာတွေ အများကြီး ရှိနေတယ်။ ပျော်ရွှင်ကြည်နူးမှုရဲ့ အလယ်မှာ ၀မ်းနည်းကြေကွဲမှုလည်း ရှိနေလေရဲ့။ ဒါကြောင့် တို့တစ်တွေ ဒီလောကကြီးမှာ အသက်ရှင်နေထိုင်ရစဉ် အတောအတွင်း လောကီအရသာတွေကို အပြည့်အ၀ခံစားနိုင်ရေးအတွက် လျှို့ဝှက်ချက်နည်းနည်းပါးပါး လောက်ကို သင်ယူဆည်းပူးဖို့ လိုအပ်လာတယ်လေ။ငယ်စဉ်တောင်ကျေး ကလေးဘ၀တုန်းကဆို ဖေဖေဟာ ကြယ်တွေကို မော့ကြည့်ပြီး အံ့သြနေလေ့ရှိတယ်။ ကြယ်တွေက နည်းနည်းနောနောမှ မဟုတ်ဘဲ။ ဟိုးမိုးမြင့်ယံဆီက သူတို့ရဲ့ မှိတ်တုတ်မှိတ်တုတ် လင်းလက်မှုလေးတွေက ဖေဖေ့ကို ညှို့ယူဖမ်းစားခဲ့တယ်။ အခု အသက်ငါးဆယ်နားကပ်လာပေမယ့်လည်း အဲဒီ အံ့သြစိတ်က ဖေ့ဖေ့ရင်ထဲမှာ လှုပ်ခတ်နေတုန်းပဲ။ တို့များရဲ့ နဂါးငွေ့တန်း ကြယ်စင်စုကြီးထဲမှာကိုပဲ ကြယ်ပေါင်း ကုဋေနှစ်သိန်းတစ်သောင်း ရှိသတဲ့လေ။ ဖေဖေတို့ရဲ့ စကြ၀ဠာကြီးထဲမှာ နဂါးငွေ့တန်းဆိုတာ ကြယ်စင်စုတစ်ခုပဲ ရှိသေးတာ။ ဒီစကြ၀ဠာကြီးထဲမှာ အဲဒီလို ကြယ်စင်စုပေါင်း သန်းနှစ်ရာကျော် ရှိသတဲ့။ တို့များရဲ့ ဖန်ဆင်းရှင် တကယ့်ကို ကြီးမားတဲ့ တန်ခိုးရှင်ပါပဲ။ သူက တို့များကို ကမ္ဘာမြေကြီးပေါ်ကနေပြီး အဲဒီကြယ်တွေထဲက တချို့တစ်ဝက်ကို ကြည့်ခွင့်မြင်ခွင့် ပြုတယ်။ ပြီးတော့ အနည်းအကျဉ်းကို လေ့လာခွင့် ပြုတယ်လေ။
ဖေဖေတို့ အသေးငယ်ဆုံးဒြပ်စင်တစ်ခုကိုယူပြီး ပုံကြီးချဲ့ကြည့်ရင် အဲဒီဒြပ်စင်ဟာ စကြ၀ဠာအသေးစား ကလေးဖြစ်နေတာ တွေ့ကြရမယ်။ အဲဒါကို သိမြင်သဘောပေါက်လာတဲ့အခါ ဖေဖေ့မှာ ပိုပြီး အံ့သြတကြီး ဖြစ်ရတာပေါ့ကွယ်။ အဲဒီဖန်ဆင်းမှုတွေရဲ့ နောက်ကွယ်က အံ့ချီးဖွယ်ကျွမ်းကျင်လိမ္မာမှုတွေကို နားလည် သဘောပေါက်ဖို့ဆိုတာတော့ ဖေဖေတို့ရဲ့ ဉာဏ်ပညာနဲ့ လိုက်မမီအောင်ပါပဲ။ တို့များအနေနဲ့ ဒီထက် နက်နက်နှိုက်ပြီး သင်ယူဆည်းပူးခြင်းဆိုတဲ့ ယမကာကို ချိမြိန်စွာ သောက်သုံးရုံပဲပေါ့။
တို့များရဲ့ လူသားဦးနှောက်ကို ဘယ်ကွန်ပျူတာမှ မယှဉ်နိုင်ဘူး။ လောကမှာ စိတ်စွမ်းအင်ဆိုတာ ရှိနေတယ်။ လောကမှာ သက်ဝင်ယုံကြည်မှုဆိုတာ ရှိနေတယ်။ ဘယ်ကိစ္စမျိုးမှာမဆို ပြင်းပြတဲ့ ယုံကြည်ချက်နဲ့ ယုံကြည်စိတ်ချမှုဆိုတာ လိုအပ်တယ်ကွယ်။ ကမ္ဘာ့အထက်မြက်ဆုံး ဦးနှောက်တစ်ခုဟာ သူ့စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံပဲ အသုံးချတယ်လို့ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိန်စတိန်း က ပြောခဲ့တယ်။ အဓိပ္ပါယ်က တို့တစ်တွေဟာ တို့ရဲ့ ဦးနှောက်ကို ထိုက်သင့်သလောက် အသုံးမချကြဘူးလို့ ပြောတာပေါ့ကွယ်။ လျှို့ဝှက်ချက်ကတော့ စိတ်ဖိစီးမှု နည်းနိုင်သမျှအနည်းဆုံးနဲ့ ဦးနှောက်ရဲ့စွမ်းအားကို ဘယ်လိုအထိရောက်ဆုံး အသုံးချရမယ်ဆိုတာ သိထားဖို့ပါပဲ။
ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ပညာတတ်တချို့ဟာ ထမြောက်အောင်မြင်မှု မရှိသူတွေ ဖြစ်နေတာ ဖေဖေတွေ့ခဲ့ရတယ်။ သူတို့တစ်တွေထဲက အများစုဟာ စီးပွားရေးလုပ်ငန်းတွေကို စွန့်စွန့်စားစား မလုပ်ဝံ့ကြဘူး။ ဒီတော့ သူတို့ဟာ အငြိမ်းစားယူချိန်အထိ၊ ဒါမှမဟုတ် ကွယ်လွန်ချိန်ထိ သူတစ်ပါး လက်အောက်ခံအမှုထမ်းအဖြစ် အလုပ်လုပ်သွားကြရတာပေါ့ကွယ်။ ဒီနေရာမှာ ယုန်နဲ့လိပ် ပုံပြင်ကလေးကို ဖေဖေသတိရမိတယ်။ ယုန်ကလေးက တာထွက်ကတည်းက တစ်ဟုတ်ထိုးပြေးပြီး ဟိုးရှေကအဝေးကြီးကို ရောက်သွားတော့ သူနိုင်ပြီဆိုပြီး တစ်ရေးတစ်မောအိပ်ပစ်လိုက်တယ်လေ။ လိပ်ကလေးကတော့ တဖြည်းဖြည်းတအိအိနဲ့ သွားတယ်။ ဒါပေမယ့် မရပ်မနားသွားတယ်။ ပြိုင်ပွဲမှာ လိပ်ကလေးနိုင်သွားတယ်။ ဒါကြောင့် မင်းတို့ရဲ့ ခွန်အားကို အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့ ကျားကန်ပေးထားရမယ်။ ဘယ်တော့မှ လက်မလျှော့ရဘူး။ ဘယ်တော့မှ ကျေနပ်ရောင့်ရဲမနေရဘူး။ အကောင်းတွေတော့ ဖြစ်လာမှာပဲလို့ ယုံမှတ်မထားရဘူး။ ပေါ်ပေါက်လာနိုင်စရာရှိတဲ့ အရေးပေါ်ကိစ္စ အများစုကို ရင်ဆိုင်နိုင်အောင် မင်းတို့ အသင့်ပြင်ထားရမယ်။
တို့တစ်တွေအားလုံးဟာ ထမြောက်အောင်မြင်သူဖြစ်ဖို့ မွေးဖွားလာကြတာချည်းပဲ။ တာရှည်ခံတဲ့ ထမြောက်အောင်မြင်မှုကို သေချာပေါက်ရစေတာကတော့ ရိုကျိုးနှိမ့်ချမှုပဲ သားတို့ရေ။ ဂုဏ်မောက်ခြင်းကတော့ ဘယ်တော့မဆို အချိန်တန်ရင် ဂုဏ်သိက္ခာညှိုးနွမ်းမှုကို ဖြစ်ပေါ်စေတာပါပဲ။ မင်းတို့ရဲ့ စက်ယန္တရားတစ်ခု တိုက်စားမှုအနည်းဆုံးနဲ့ ယိုယွင်းပျက်စီးမှုသက်သာအောင် စက်ထဲကို ချောဆီ ထည့်ပေးကြရတယ်မဟုတ်လား။ ရိုကျိုးနှိမ့်ချခြင်းဟာ ချောဆီပဲပေါ့။ မင်းတို့မှာ ရိုကျိုးနှိမ့်ချမှု များများရှိလေ မင်းတို့ရဲ့ စက်ယန္တရားပိုပြီး ကြည်ရှည်ခိုင်ခံ့လေပေါ့။
တို့များရဲ့ ဖန်ဆင်းရှင်လိုပဲ ကြီးမြတ်ပြီး အံ့မခန်းလောက်တဲ့ အခြင်းအရာတွေကို ပြုလုပ်ဖို့ ကြိုးစားအားထုတ်ပါ။ မင်းတို့ရဲ့ အတွေးတွေကို ပျော်စရာကောင်းတဲ့ အတွေးတွေ၊ လှပတဲ့ အတွေးတွေ ဖြစ်အောင် လုပ်ကြပါ။ ကောင်းတာကိုတွေးပြီး ကောင်းတာကိုလုပ်ကြပါ။ တက်တက်ကြွကြွနဲ့ ရွှင်ရွှင်ပျပျ နေကြပါ။ အဲဒါဆိုရင် သကြားကို ပုရွက်ဆိတ်တွေ မက်မောသလို လူတွေက မင်းတို့ကို မက်မော လာလိမ့်မယ်။ မင်းတို့ဟာ နည်းပေးလမ်းညွှန်မှုနဲ့ အလင်းရောင်ကို ဖြန့်ဖြူးပေးသူတွေ ဖြစ်လာနိုင်ပါတယ်။
ကြယ်တွေကိုကြည့်ပါ။ ပြီးတော့ တို့တစ်တွေ သဘောပေါက်နားလည်းနိုင်စွမ်း မရှိလောက်အောင်
ထူးဆန်းအံ့သြစရာကောင်းတဲ့ အခြင်းအရာတွေကို ဖန်တီးထားတဲ့ ဖန်ဆင်းရှင်တစ်ဦးရှိတယ်
သဘောပေါက်ပါ။
နောက်ပြီး တို့တစ်တွေဟာ ထမြောက်အောင်မြင်သူများ ဖြစ်ရမယ်ဆိုပြီး ဘယ်ပြဿနာမျိုးကိုမဆို
အဖြေရှာလို့ရအောင်၊ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် တို့တစ်တွေကို
သူ့ရဲ့ ဖန်တီးမှုစွမ်းရည်မျိုး ပေးအပ်ထားတယ်ဆိုတာလည်း သဘောပေါက်ပါ။

No comments:
Post a Comment