ချစ်ခဲ့လို့ရတဲ့အလွမ်း
မဆန်းပေမယ့်
အနမ်းတွေကိုတွေးတိုင်း
လွမ်းရတယ်ကွယ်...။
ဝေးနေသမို့ သတိရ
ပြေးကြည့်လို့မရနဲ့
အိပ်မက်ကနိုး စိတ်ကညှိုးပြီး
ရင်မှာတိုးလို့သတိရတယ်ကွယ်...။
ဘုရားမှာဆုခြွေ
ကြုံလာလေဘ၀တိုင်းပေါ့
ချစ်သူနဲ့ဝေး တစ်ရပ်ကျေးမှာ
ဆွေးရဒုက္ခ မရလိုကြောင်း
လွမ်းမီးအိပ်မက် မမက်စေကြောင်း...။
အရှင်ဘုရား
ပြုခဲ့ကုသိုလ် အထိုထိုကြောင့်
ကျွန့်အားငဲ့ညှာ သနားစွာဖြင့်
ထိုထိုတောင်းဆု ယခုပြည့်ချင်...။
(ဘယ်တုန်းက ရေးထားမိမှန်းမသိပါဘူး။ သေချာတာကတော့ ၂၀၀၄ ခုနှစ် ကာလလောက်ဆီက ဖြစ်ပါလိမ့်မယ်။ ဖိုင်တွေကို ပြန်လိုက်ကြည့်ရင်း အဲဒီတုန်းက ကဗျာပေါင်းချုပ် ရေးထားတဲ့ဖိုင်လေးကိုတွေ့လို့ ပြန်တင်ပေးလိုက်တာပါ။ ကျန်တဲ့ကဗျာလေးတွေကိုလည်း အလျဉ်းသင့်သလို တင်ပေးသွားပါ့မယ်။ အဲဒီတုန်းကတော့ ဘယ်လို ခံစားချက်တွေနဲ့ ရေးဖြစ်ခဲ့လဲမသိဘူး။ အခုပြန်ဖတ်တဲ့အခါမှာ တစ်မျိုးဖြစ်နေတယ်။ အရွယ်ကြောင့်ပြောင်းသွားတဲ့စိတ်လို့ ယူဆလိုက်ပါတယ်။ ကျွန်တော် ကဗျာတွေ မရေးဖြစ်တာ အတော်တောင် ကြာပါပြီ။ ကဗျာရေးချင်တဲ့ ကျွန်တော့်စိတ်တွေ ပျောက်ဆုံးနေခဲ့တာ တစ်နှစ်ခွဲလောက် ရှိသွားပါပြီ။ ကဲ ကျွန်တော်ငယ်စဉ်ကအတွေးနဲ့ ရေးခဲ့တဲ့ ကဗျာလေးကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးပါ)
Sunday, July 05, 2009
အလွမ်း - ကိုဉာဏ် (ပန်းလောင်မြေ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment