ငါ့ဘိန်းမုန့်ကို ဘယ်သူကောက်ဝါးသွားလဲ
ဆူပရာနို
လွန်ကဲသော ဆန္ဒကို လျှော့ချပါ။
ငါးဆယ်တန်အိုးနှင့်ဖုတ်သော ဘိန်းမုန့်သည် တစ်ရာတန်အရွယ်မဖြစ်နိုင်။
တိုးတက်လိုသူသည် စိတ်ဓာတ်လွန်ကဲခြင်းကို နိုင်ရမည်။
ဘယ်အရာမှ အလွန်အကျူးဖြစ်နေလျှင် မကောင်းပေ။
စကားအလျဉ်းသင့်၍ ဆန္ဒတစ်ခု လွန်ကဲနေ၍ စိတ်ရောဂါကုဆရာဝန်နှင့် ပြနေရသော ပရော်ဖက်ဆာကြီး တစ်ဦးအကြောင်းကို တင်ပြချင်ပါသည်။
ပရော်ဖက်ဆာကြီးမှာ ပညာကောင်း၊ အတွေးအခေါ်ကောင်းလှသဖြင့် နိုင်ငံမျက်နှာဖုံး၊ ကျောင်းမျက်နှာဖုံး တည်းဟူသော ဂုဏ်ပုဒ်ကို ထိုက်ထိုက်တန်တန် ရထားသူဖြစ်ပါသည်။ ထို့ကြောင့်လည်း ဆရာဝန်ကြီးက အထူးကြပ်မတ် ကုသပေးနေခြင်း ဖြစ်ပါသည်။
ဆရာကြီး…. ဆရာကြီးစိတ်ထဲမှာ ဘာတွေဖြစ်နေလဲ ပြောပြပါ။
မပြောချင်ပါဘူးဗျာ။ အခုတလော မဖွယ်မရာနဲ့ ညစ်တီးညစ်ပတ်တွေချည်းပဲ တွေ့နေရတယ်။
ရှင်းပြပါဦး ဆရာကြီး။
ရှက်စရာကြီးတွေဗျာ။ မပြောချင်ဘူး။
ဆရာဝန်ကြီးက ပရော်ဖက်ဆာရှေ့တွင် စာရွက်လွတ်တစ်ရွက် ချပေးပြီး လေးထောင့်ကွက်တစ်ကွက် ဆွဲပြလိုက်သည်။
ဆရာကြီး ဘာမြင်လဲ။
အား… အရမ်းဆိုးတဲ့ မြင်ကွင်းပေါ့ဗျာ။ မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက် အခန်းတစ်ခုတည်း မှာဗျာ။ မြင်မကောင်းပါဘူဗျာ။
ဆရာဝန်ကြီးက စာရွက်ပေါ်တွင် အ၀ိုင်းတစ်ခု ထပ်ဆွဲပြလေ၏။
ဒါရော ဆရာကြီး
ပရော်ဖက်ဆာက စိတ်ပျက်လက်ပျက်နှင့် ညည်းတွား၏။
အိုး…. ဆိုးလိုက်တာဗျာ။ ခုနက စုံတွဲက အခု ရေတွင်းထဲရောက်သွားပြီ။
ဆရာဝန်ကြီးက မျဥ်းကြောင်းနှစ်ကြောင်းပြိုင်ပြီး ဆွဲပြပြန်သည်။
ဟား…. အဆိုးဆုံးပဲ။ အဆိုးဆုံး အခြေအနေပဲ။ ဒါမျိုးကြီး မလုပ်သင့်ပါဘူးဗျာ။ ခု သူတို့ လမ်းမပေါ်မှာ မရှက်မကြောက်ဗျာ။
ဆရာဝန်ကြီးက သက်ပြင်းချပြီး ပရော်ဖက်ဆာကြီး နားဝင်အောင် ဖြည်းဖြည်းချင်း ပြောပြ၏။
အင်း…. ဆရာကြီးရောဂါကို ကျွန်တော် မှန်းလို့ ရပြီ။ အမှန်တော့ ဆရာကြီးမှာ လိင်စိတ်လွန်ကျူးတဲ့ ရောဂါ ရနေတာဗျ။
ပရော်ဖက်ဆာကြီး စိတ်ဆိုးသွားပြီး-
အောင်မာ…. သူကပဲ တစ်ပြန်စီး။ ခင်ဗျားက စာရွက်ပေါ်မှာ ညစ်တီးညစ်ပတ်ပုံတွေ လျှောက်ရေးပြပြီးတော့။ လူကို လိင်စိတ်လွန်သလေး ဘာလေးနဲ့ ဟင်း….။
လွန်ကဲလျှင် မကောင်းပါ။
(ဘယ်စာအုပ်ကနေ ကူးယူထားလိုက်မိသလဲဆိုတာ မသိတော့ဘူး။ ဖတ်ရင်းနဲ့ကြိုက်လို့ ကူးယူထားလိုက်တာတော့ သေချာတယ်။ တွေးစရာလေးတွေ ပါနေလို့ ပြန်လည် ဝေမျှလိုက်ပါတယ်။)
No comments:
Post a Comment