Thursday, July 09, 2009

ဒါတွေကို သင်သိရဲ့လား


ခြောက်သွေ့သည့် စတုရန်းပုံ မည်သည့်စာရွက်ကိုမဆို (၇)ကြိမ်ထက်ပို၍ ခေါက်ချိုးခေါက်ရန် မဖြစ်နိုင်ချေ။

ဗီးနပ်စ်ဂြိုလ်သည် နာရီလက်တံအတိုင်းလှည့်ပတ်နေသည့် တစ်ခုတည်းသောဂြိုလ်ဖြစ်သည်။

ပုလဲလုံးလေးများသည် ရှာလကာရည်နှင့်တွေ့လျှင် အရည်ပျော်ကြသည်။

ဆင်သည် မခုန်နိုင်သည့် တစ်မျိုးတည်းသော တိရစ္ဆာန်ဖြစ်သည်။

ခရုတစ်ကောင်သည် သုံးနှစ်အထိကြာအောင် အိပ်စက်နိုင်သည်။

အင်္ဂလိပ်ဘာသာစကားတွင် MONTH ဆိုသောစကားလုံးနှင့် ကာရန်မိသောစကားလုံး လုံးဝမရှိပေ။

ကျွန်ုပ်တို့ မျက်လုံးများ၏ အရွယ်အစားသည် မွေးဖွားသည်မှ သေဆုံးသည်အထိ တစ်ရွယ်တည်းဖြစ်သည်။ သို့သော် နှာခေါင်းနှင့် နားရွက်များမှာမူ အမြဲတမ်းကြီးထွားလျက်ရှိသည်။

ပိုလာဝက်ဝံများအားလုံးသည် ဘယ်သန်များဖြစ်ကြသည်။

ပုရွက်ဆိတ်တစ်ကောင်သည် သူ့ခန္ဓာကိုယ်အလေးချိန်ထက် အဆ ၅၀ လေးသော အရာကို ချီမ၍ သယ်ဆောင်နိုင်သည်။ အဆ ၃၀ လေးသောအရာကို ဆွဲယူသယ်ဆောင်နိုင်သည်။

ရေမြင်းသည် လူထက်မြန်အောင် ပြေးနိုင်သည်။

လူတစ်ယောက်သည် အစားမစားဘဲ တစ်လအထိ အသက်ရှင်နေထိုင်နိုင်သော်လည်း ရေမသောက်ဘဲမူ တစ်ပတ်ခန့်သာ နေနိုင်သည်။

သင့်ခန္ဓာကိုယ်အတွင်းရှိ ရေစုစုပေါင်း၏ ၁% ဆုံးရှုံးသွားလျှင် သင်သည် ရေငတ်ခြင်းဝေဒနာကို ခံစားရလိမ့်မည်။ အကယ်၍ ၁၀% သာ ဆုံးရှုံးသွားခဲ့လျှင်မူ သေဆုံးသွားမည်ဖြစ်သည်။

The quick brown fox jumps over the lazy dog. ဆိုသောစာကြောင်းတွင် အင်္ဂလိပ်အက္ခရာအားလုံး ပါဝင်သည်။

၁၁၁၁၁၁၁၁၁ x ၁၁၁၁၁၁၁၁၁ ၏ အဖြေရလဒ်သည်
၁၂၃၄၅၆၇၈၉၈၇၆၅၄၃၂၁ ဖြစ်သည်။

ကမ္ဘာ့တိုက်ကြီးများအားလုံး၏ အမည်များတွင် ရှေ့ဆုံးစာလုံးနှင့် နောက်ဆုံးစာလုံးများသည် တူညီကြသည်။
ASIA
AFRICA
EUROPE
AMERICA
AUSTRALIA
ANTARCTICA

TYPEWRITER ဆိုသောစကားလုံးသည် ကွန်ပျူတာကီးဘုတ်ရှိ row တစ်ခုတည်းတွင်ရှိသော key များကို အသုံးပြု၍ ရိုက်နိုင်သည့် အရှည်ဆုံးစာလုံးဖြစ်သည်။

တရုတ်ပြည်ရှိ အင်္ဂလိပ်စကားပြောသူအရေအတွက်သည် အမေရိကန်ရှိအရေအတွက်ထက် ပိုများသည်။

ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော မျက်လုံးများကို ပိုင်ဆိုင်သူများမှာ ကြီးမားသည့်ပင်လယ်ကင်းမွန်ငါးကြီးများ ဖြစ်ကြသည်။

No comments:

Post a Comment

 
Web Statistics