(၁)
သင်၏ဖခင်သည် ဆင်းရဲသူတစ်ဦးဖြစ်ပါက
သင်၏အတိတ်ကံကြောင့် ဖြစ်ပါသည်။
သို့သော် သင်၏ ယောက္ခမသည်လည်း ဆင်းရဲသူတစ်ဦးဖြစ်သည်ဆိုပါက
သင်၏ အမှားပင်ဖြစ်ပါသည်။
(၂)
လေ့ကျင့်မှုဟာ ပြီးပြည့်စုံခြင်းကို ဖြစ်စေတယ် ( Practice makes perfect ) တဲ့။
လောကမှာ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး ( Nobody is perfect ) လို့ ဆိုကြပြန်ရော။
ကဲ ဒါဆိုရင် ဘာကိစ္စ လေ့ကျင့်နေကြသေးတာလဲ။
(၃)
လောကကြီးမှာ ကျွန်တော်တို့တစ်တွေ လူဖြစ်လာကြတာဟာ အခြားလူတွေကို ကူညီဖို့လို့ ဆိုကြတယ်။
အဲဒီအချက်သာ အမှန်ဆိုရင် မေးစမ်းပါဦးမယ်...
အခြားလူတွေကရော ဘာလုပ်ဖို့ လူဖြစ်နေကြတာလဲ။
(၄)
အောင်မြင်တဲ့ယောက်ျားတိုင်းရဲ့နောက်မှာ မိန်းမတစ်ယောက် အမြဲရှိတယ်။
မအောင်မြင်တဲ့ယောက်ျားတိုင်းရဲ့နောက်မှာတော့ နှစ်ယောက်ရှိနေတတ်တယ်။
(၅)
သင်၏ အိပ်မက်များသည် သင်၏အနာဂတ်ကို ထုဆစ်ကြပေလိမ့်မည်တဲ့။
ကိုင်း အိပ်ဖို့သာ ပြင်ပေတော့။
Good Night ပါဗျာ။
Saturday, July 11, 2009
တွေးတွေးပြီးရယ်ပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment