၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့)မှာ ကျွန်တော့်ရဲ့ မြန်မာ့သွေးဘလော့ဂ် စတင်အသက်ဝင်ခဲ့ပါတယ်။ အခု ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ဆိုရင် ကျွန်တော့်ဘလော့ဂ်လေး အသက်(၂)နှစ်ပြည့်သွားခဲ့ပါပြီ။ (၂) နှစ်တာ ကာလအတွင်းမှာ ၀ိုင်းဝန်းကူညီပေးခဲ့သူတွေ၊ အကြံဉာဏ်ပေးခဲ့သူတွေ၊ ဝေဖန်ပေးခဲ့သူတွေ၊ လာရောက်ဖတ်ရှုအားပေးခဲ့သူတွေအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။
အထူးသဖြင့် ဒီဘလော့ဂ်ကို စလုပ်မယ်ဆိုတော့ ဘယ်ကစရမှန်းတောင်မသိတဲ့အခြေအနေမှာ ကိုညီလင်းဆက်ဘလော့ဂ်က ကုဒ်ဒင်းအားလုံးကို ကော်ပီပေ့စ်လုပ်ပြီး စခဲ့ရတဲ့အထိ ခက်ခက်ခဲခဲနဲ့ စခဲ့ရတာဖြစ်ပါတယ်။ ကိုညီလင်းဆက်တို့၊ ကိုမောင်လှတို့ ရေးထားတဲ့ ဘလော့ဂ်နဲ့ပတ်သက်တဲ့ ပို့စ်တွေကိုဖတ်၊ သူတို့ဘလော့ဂ်တွေမှာ သုံးထားတဲ့ကုဒ်ဒင်းတွေကိုလေ့လာ၊ သူတို့တင်ပြပုံတွေကို အတုယူနဲ့ အများကြီး သင်ယူပြီးမှ အခုလိုအခြေအနေကို ရောက်လာရတာပါ။
ဘာပဲဖြစ်ဖြစ် ဒီဘလော့ဂ်လေးဖြစ်လာဖို့ အတုမြင်အတတ်သင်ခဲ့ရတဲ့ မြင်ဆရာတွေ၊ ကြားဆရာတွေအားလုံးကို ကျေးဇူးစကားဆိုပါတယ်။ အထူးသဖြင့် ကျွန်တော်စိတ်ကူးပေါ်ရာတင်သမျှကို မငြီးမငြူအားပေးဖတ်ရှုခဲ့ကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးမှတ်တမ်းတင်ရှိပါကြောင်း ခင်ဗျား...................။

No comments:
Post a Comment