Saturday, July 11, 2009
Google is out of Beta now
7-7-2009 ရက်နေ့သည် ဂူဂဲလ်ကမ္ဘာ၏ထူးခြားသော နေ့တစ်နေ့ဖြစ်ပါသည်။
Google သည် ရှာဖွေရေးကိရိယာ search engine သက်သက်မဟုတ်မှန်း ကျွန်ုပ်တို့အားလုံး သိပြီးဖြစ်ပါသည်။ လွန်ခဲ့သော ၅ နှစ်ခန့်ကတည်းက Google သည် အင်တာနက်အခြေခံ email, documents, calendars နှင့် chatting စသည်ဝန်ဆောင်မှုများကို သုံးစွဲသူတို့အတွက် ဖန်တီးပေးခဲ့ပါသည်။ လူသန်းပေါင်းများစွာသုံးစွဲခဲ့ကြသည့် ထိုဝန်ဆောင်မှုများကို Gmail, Google Docs, Google Calendar နှင့် Google Talk များဟု ခေါ်တွင်ခဲ့ကြပါသည်။ သို့သော် ထိုကဲ့သို့ အသုံးပြုရာတွင် ထူးဆန်းသည်ဟုဆိုရမည်လား၊ အထိတ်တလန့်ဖြစ်စရာဟု ပြောရမည်လား မသိသည့် အချက်တစ်ခုကို ကျွန်ုပ်တို့ အမြဲတစေ ကြုံတွေ့ခဲ့ရပါသည်။ ၄င်းမှာ အခြားမဟုတ်ပါ။ လွန်ခဲ့သော ငါးနှစ်လုံးလုံးတွင် Google ၏ ၀န်ဆောင်မှုအားလုံးသည် Beta ဖြစ်နေခြင်း ဖြစ်ပါသည်။
မိတ်ဆွေအတွက် ပြန်လည်သတိရမိစေရန် ထို Beta ဆိုသော စကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် - (မြန်မာလိုပြန်ဆိုလျှင် အဓိပ္ပါယ်ကွဲလွဲသွားနိုင်ပါသဖြင့် အင်္ဂလိပ်လိုသာ တိုက်ရိုက်ဖော်ပြလိုက်ပါသည်)
"Beta is a nickname for software which has passed the alpha testing stage of development and has been released to users for software testing before its official release. It is the prototype of the software that is released to the public."
သေချာသည်ကတော့ ထိုအဓိပ္ပါယ်သည် Google မှဆိုလိုချင်သည့် Beta ဆိုသည့် အဓိပ္ပါယ်နှင့် ကိုက်ညီမှုရှိမည်မထင်ပါ။ နောက်ပိုင်းကာလများတွင် သုံးစွဲသူတို့အနေဖြင့် Google ၏ ၀န်ဆောင်မှုများအား Beta အဆင့်မှ လွန်မြောက်လျှင်ကောင်းမည်ဟူသော အတွေးဆန္ဒများဖြင့် ပြည့်နေခဲ့မည်ထင်ပါသည်။
ယခုတော့ ထိုဆန္ဒများ ပြည့်ဝခဲ့ကြရပြီဖြစ်ပါသည်။ 7-7-2009 ရက်နေ့တွင် Google က သူတို့၏ ၀န်ဆောင်မှုများဖြစ်သည့် Gmail, Google Docs, Google Calendar နှင့် Google Talk တို့သည် Beta အဆင့်မှ လွန်မြောက်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ သုံးစွဲသူများအတွက်မူ ထိုအချက်သည် လွန်စွာမှ ကျေနပ်ဖွယ်ပင်ဖြစ်ပါသည်။
မှတ်ချက်။ အကယ်၍များ သင့်အနေဖြင့် Google ၏ Beta version ကို သဘောကျနှစ်ခြိုက် လွမ်းဆွတ်နေသေးသည်ဆိုလျှင်သော်လည်းကောင်း၊ သင်၏ Gmail ထိပ်တွင် Gmail Beta ဆိုသော Logo နှင့် ပြန်လည်မြင်တွေ့လိုသေးလျှင်သော်လည်းကောင်း စိတ်မပူလိုက်ပါနှင့်။ ထိုကဲ့သို့သော သုံးစွဲသူများအတွက် Google က စီစဉ်ပေးထားပါသေးသည်။ Labs ကိုနှိပ်၍ ထိုအထဲမှ Back to beta ဆိုသော feature ကို ထားပေးခြင်းဖြင့် သင်၏ ဆန္ဒများ ပြည့်ဝနိုင်စေကြောင်းပါခင်ဗျား။
Thank you Google for your services!
Posted by Ko Nyan Posted Time 7:32 AM
Labels news, သတင်း-News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment