Friday, July 10, 2009

Short Jokes


(၁)
အိန္ဒိယနိုင်ငံ၏ စာသင်ခန်းတစ်ခုတွင်ဖြစ်သည်။ ဆရာဖြစ်သူက လူဦးရေတိုးပွားမှုအကြောင်း သင်ခန်းစာပို့ချလျက်ရှိသည်။
"တို့အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ ၁၀ စက္ကန့်တိုင်းမှာ ကလေးတစ်ဦးနှုန်း မွေးဖွားနေတယ်"
ကျောင်းသူတစ်ဦး မတ်တတ်ထရပ်ကာပြောသည်။
"သမီးတို့တစ်တွေ အဲဒီအမျိုးသမီးကို လိုက်ရှာပြီး တားမြစ်ကြရအောင် ဆရာ"

(၂)
ကောင်မလေး - အဲဒီလူတွေအများကြီးက ဘာဖြစ်လို့ ပြေးနေကြတာလဲ။
ကောင်လေး - အဲဒါ အပြေးပြိုင်ပွဲလေ။ နိုင်တဲ့လူက ဆုဖလားရမယ်။
ကောင်မလေး - နိုင်တဲ့လူတစ်ယောက်တည်း ဆုဖလားရမယ့်ဟာကို ကျန်တဲ့လူတွေက ဘာဖြစ်လို့ ပြေးနေရတာလဲ။

(၃)
အင်္ဂလိပ်စာသင်ကြားလျက်ရှိသည်။
ဆရာ - ကျွန်ုပ်လူတစ်ယောက်ကို သတ်ခဲ့သည်( I killed a person )။ ကဲ အဲဒီစာကြောင်းကို future tense ကို ပြောင်းပေးပါ။
ကျောင်းသား - အဲဒီအတွက် future tense ကတော့ You will go to jail ပါ ဆရာ။

No comments:

Post a Comment

 
Web Statistics