Friday, July 03, 2009

Headlines News


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ယနေ့သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။


ပါကစ္စတန်နိုင်ငံတွင် အမေရိကန်တို့၏ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၁၅ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရှိရသည်။


မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သော ဇူလိုင်လ ၄ ရက်နေ့တွင် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်လာနိုင်သည်ဟု သံသယရှိသဖြင့် နိုင်ငံ၏ လုံခြုံရေးအခြေအနေအား အမြင့်ဆုံးအနေအထားဖြင့် တပ်လှန့်ထားကြောင်း အိမ်ဖြူတော်မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


မန်ချက်စတာယူနိုက်အသင်းအနေဖြင့် အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။


Wimbledon တင်းနစ်ပြိုင်ပွဲ၏ အမျိုးသားတစ်ဦးချင်းပွဲစဉ် ဆီမီးဖိုင်နယ်အဆင့်တွင် ရော်ဂျာဖက်ဒယ်ရာနှင့် တော်မီဟတ်စ်၊ ရော့ဒစ်စ်နှင့် မာရေးတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

No comments:

Post a Comment

 
Web Statistics