(၁)
ခင်ပွန်းဖြစ်သူအား မတွေ့သဖြင့် လိုက်ရှာရာ မီးဖိုချောင်ထဲ၌ တွေ့ရသည်။
ဇနီး - ရှင် မီးဖိုချောင်ထဲမှာ ဘာလာလုပ်နေတာလဲ။
ခင်ပွန်း - ယင်ကောင်တွေရိုက်နေတာကွ။
ဇနီး - ဘယ်နှကောင် ရိုက်ပြီးပြီလဲ။
ခင်ပွန်း - အထီး (၃)ကောင်နဲ့ အမ (၂)ကောင်။
ဇနီး - (အံ့သြဟန်ဖြင့်) နေစမ်းပါဦး ရှင်က ယင်ကောင်ကို အထီးနဲ့အမ ဘယ်လိုခွဲပြီးသိသလဲ။
ခင်ပွန်း - လွယ်ပါတယ်ကွာ၊ (၃)ကောင်က ဘီယာခွက်ပေါ်မှာ လာနားနေကြတယ်၊ နောက် (၂)ကောင်ကတော့ တယ်လီဖုန်းပေါ်မှာ နားနေတယ်ကွ။
(၂)
ပျောက်ဆုံးနေသော ဇနီးသည်များကို လိုက်ရှာနေသည့် အမျိုးသားနှစ်ဦး ဘီယာဘားတစ်ခုတွင် ဆုံတွေ့ရင်း စကားစမြည်ပြောဆိုဖြစ်ကြသည်။
ပထမအမျိုးသား - နေစမ်းပါဦး မင်းရဲ့ မိန်းမက ဘယ်လိုပုံစံရှိသလဲ။
ဒုတိယအမျိုးသား - အရပ်က ၅ ပေ ၇ လက်မ၊ ခန္ဓာကိုယ်အချိုးအစားက ၃၆-၂၄-၃၆၊ ဆံပင်ရှည်ရှည်၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံစင်းစင်း၊ ပါးချိုင့်လေးတစ်ခုပါတယ်။ ဒါနဲ့ မင်းမိန်းမကရော ဘယ်လိုပုံစံရှိသလဲ။
ပထမအမျိုးသား - ငါ့မိန်းမလား၊ အရေးမကြီးပါဘူးကွာ၊ ထားလိုက်ပါ၊ ငါတို့တွေ မင်းမိန်းမကိုပဲ လိုက်ရှာကြတာပေါ့။
(၃)
ကလေးငယ်လေးတစ်ဦးက ခရစ္စမတ်ကာလတွင် ဆန်တာကလော့စ်ထံသို့ စာရေးလိုက်သည်။
ဆန်တာကလော့စ်ခင်ဗျား... ကျွန်တော့်ကို ချစ်စရာကောင်းတဲ့ ညီလေးတစ်ယောက် လက်ဆောင်ပို့ပေးပါ။
ဆန်တာကလော့စ်ထံမှ စာပြန်လာသည်။
ကောင်းပြီ၊ လူလေးရဲ့အမေကို ငါ့ဆီလွှတ်လိုက်ပါ။
(၄)
ခင်ပွန်းဖြစ်သူက မိန်းမအား ပြစ်တင်ကျိန်းမောင်းနေလေသည်။ WIFE ဆိုတဲ့ အဓိပ္ပါယ်ကို ငါအခုမှ သေချာသဘောပေါက်တော့တယ်။
Without Information Fighting Everytime ပဲကွ။
မိန်းမက ဆတ်ဆတ်ထိမခံ ပြန်ပြောသည်။ ဘာပြောတယ်ရှင့်၊ ရှင်ပြောတဲ့အဓိပ္ပါယ်က တခြားဆီပဲ။ တကယ့်အမှန်က -
With Idiot For Ever ရှင့်၊ သိရဲ့လားတဲ့။
(၅)
အမေနှင့် သူမ၏ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူတို့ စကားပြောနေကြသည်။
အမေ - သမီးလည်းအရွယ်ရောက်နေပြီဆိုတော့ အမေတို့ လိင်ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုလို့ ရပြီလို့ အမေထင်တယ်။
သမီး - (ယုံကြည်မှုအပြည့်ဖြင့်) သေချာတာပေါ့အမေ၊ အမေသိချင်တာရှိရင် သမီးကို ပွင့်ပွင့်လင်းလင်းမေးပါ၊ အားမနာပါနဲ့။
ကဲ.... ကောင်းရောဗျာ။
Monday, July 06, 2009
Short Jokes
Subscribe to:
Post Comments (Atom)
No comments:
Post a Comment