Monday, August 03, 2009

အလုပ်ခွင် ကာတွန်းများ


မနက်ကတည်းက တင်ပေးမလို့ပါ။ အင်တာနက်ကွန်နက်ရှင်းက ဘယ်လိုမှကို အဆင်မပြေဘူး။ အီးမေးလ်ကိုတောင် မနည်းဖွင့်ကြည့်ရတဲ့ အခြေအနေအထိ ရောက်နေလို့ အခုမှပဲ တင်ပေးလိုက်နိုင်တော့တယ်။ အမှန်က တနင်္ဂနွေနေ့ကတည်းက တင်ပေးထားသင့်တာဗျ။ ဒါပေမယ့် အဲဒီနေ့တုန်းက ပျော်လို့ပါးလို့ကောင်းနေတုန်း၊ အနားယူလို့ကောင်းနေတုန်းဆိုတော့ သတိမရဘူးဗျ။ အားလုံးကို မေ့နေတာ။ အင်တာနက်မကောင်းတာလည်း သတိမရ၊ အီးမေးလ်စစ်မရတာလည်း အမှုမထားပေါ့ဗျာ။ အဲ... တနင်္ဂနွေနေ့ညပိုင်း အိပ်ခါနီးရောက်တော့မှ သတိရတော့တယ်။ တခြားဟာမဟုတ်ပါဘူး။ နက်ဖြန်ဆိုရင် တနင်္လာနေ့။ ရုံးဖွင့်ရက်ပြန်ရောက်ပြန်ပြီဆိုပြီးပါ။ အတော်လေးကို စိတ်ဓာတ်ပျက်စရာ ကောင်းတယ်ဗျာ။ စနေ၊ တနင်္ဂနွေလေး နှစ်ရက်ကလည်း ဘယ်လိုကုန်သွားမှန်းမသိလိုက်ဘူး။ အချိန်ကုန်ပိုမြန်သလားလို့ပဲ။း) အဲဒါနဲ့ အရင် ရာဟုဂရု(ပ်)တုန်းက အလုပ်နဲ့ပတ်သက်တဲ့ ကာတွန်းလေးတွေ ပို့ခဲ့ဖူးတာ သတိပြန်ရတယ်။ အဲဒါနဲ့ ကွန်ပျူတာထဲမှာ Search လုပ်ရတာပေါ့။ work ဆိုပြီးရိုက်လိုက်တာ အလုပ်နဲ့ပတ်သက်တဲ့ဖိုင်တွေထွက်လာလို့ ပိုပြီးစိတ်ညစ်သွားရသေးတယ်။ နောက်မှ file type ကို jpeg ပေးပြီး သီးသန့်ရှာလိုက်မှ ရှောရှောရှူရှူတွေ့တော့တယ်။ အဲဒီကာတွန်းလေးတွေ ကြည့်လိုက်တော့လည်း စိတ်ထဲမှာ နည်းနည်းတော့ ပေါ့ပါးသွားတာပါပဲ။ တနင်္လာနေ့ရောက်ရင် စိတ်ဓာတ်ကျတာ ငါတို့တွေတင် မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးက ၀န်ထမ်းတွေအားလုံးပါလားဆိုပြီး ဖြေသာသွားတယ်။ ဘာပဲဖြစ်ဖြစ် တနင်္လာနေ့က ရောက်လာပြန်ပြီလေ။ အပျော်တွေမေ့ပြီး စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ လုပ်ငန်းခွင်ပြန်ဝင်ကြရတော့မှာပေါ့နော်။ အလှည့်ကျတော့လည်း မနွဲ့ကြစတမ်းပေါ့ဗျာ။ ဟုတ်တယ်မလား။ အောက်က ကာတွန်းလေးတွေကို ဖတ်ပြီး အမောတော်ပြေ၊ အပန်းတော်ပြေ၊ ဒေါသတော်တွေ ပြေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ကြောင်းပါဗျာ။
ဒါနဲ့ စကားမစပ် အချို့သော အင်တာနက်ကွန်နက်ရှင်းတွေအတွက် အားနာလို့ ကာတွန်း(လေးပုံ)ပဲ တင်ပေးလိုက်တယ်။ တော်ကြာ အများကြီးတင်ပေးထားရဲ့နဲ့ ကိုယ့်ရဲ့ကွန်နက်ရှင်းကြောင့် ကြည့်မရ၊ ပြုမရဖြစ်နေရင် အလုပ်မှာ အဆင်မပြေတာကတစ်မျိုး၊ အင်တာနက်ကြောင့် စိတ်ညစ်ရတာကတစ်မျိုးဖြစ်နေမှာ စိုးတာကြောင့်ပါ။








No comments:

Post a Comment

 
Web Statistics