Tuesday, August 04, 2009

ရန်ကုန်မြို့ရှိ လမ်းအမည်ဟောင်းများနှင့် ယခုအမည်သစ်များ


မှတ်စုစာအုပ်တွေပြန်ဖတ်ရင်း လမ်းနာမည်တွေ၊ ရပ်ကွက်နာမည်တွေ မှတ်ထားတာတွေကို သွားတွေ့တယ်။ ရက်စွဲကို ဖတ်လိုက်တော့မှ အဲဒီအချက်အလက်တွေကို ဘာကြောင့် မှတ်ထားရသလဲဆိုတာကို ချက်ချင်း ပြန်မှတ်မိသွားတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်တုန်းက ကျွန်တော်က ရန်ကုန်မှာ တာဝန်ကျပါတယ်။ တောသားရန်ကုန်ရောက်ဆိုတော့ သိတဲ့အတိုင်းပဲ အင်မတန် ဒုက္ခရောက်ပါတယ်။ အထူးသဖြင့် ဟိုသွား ဒီသွား သွားရမယ်ဆိုရင် အင်မတန်စိတ်ညစ်ပါတယ်။ ဘယ်လိပ်စာမှလည်းမသွားတတ်၊ ကားကလည်းမစီးတတ်ပေါ့။ ကျွန်တော်ကောင်းကောင်း စီးတတ်တာဆိုလို့ ၅၁ အဲယားကွန်းဘတ်စ် ပဲရှိပါတယ်။ ဆူးလေအထိဂိတ်ဆုံးစီးမယ်။ ပြီးမှ သွားချင်တဲ့ဆီကို မေးမြန်းပြီးသွားရပါတယ်။ လမ်းမှာ ဆင်းမိရင် ဘယ်သွားရမှန်းလည်းမသိ၊ ဘယ်ကားပြောင်းစီးရမှန်းလည်းမသိ၊ လိုင်းကားတွေကလည်း အရောင်တွေက အမျိုးမျိုး၊ သူတို့အော်တဲ့မှတ်တိုင်တွေကလည်း ကိုယ်နဲ့အကျွမ်းဝင်တာမဟုတ်ဆိုတော့ ဘယ်လိုမှကို အဆင်မပြေပါဘူး။ ရောက်ကာစ တစ်ပတ်လောက်ကတော့ အငှားကားတွေအားကိုးနဲ့ မိုက်လိုက်ပါသေးတယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ ရေရှည်ကျတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ။ အဲဒီအတွက် လိုင်းကားစီးတာတို့၊ ပါးစပ်အားကိုးရတာတို့၊ ကိုးခြောက်ကိုးသုံးနဲ့ ဒိုးရတာတို့ လုပ်ရတော့တာပေါ့။ အဲဒီလိုတွေ သွားလာတဲ့အခါမှာ ပြဿနာတက်တာက လမ်းနာမည်တွေ ညွှန်းတဲ့အခါမှာ ဟိုးယခင်နာမည်ဟောင်းတွေနဲ့ ပြောတတ်ကြတာပါပဲ။ သူတို့အတွက်ကတော့ အမြဲတစေ ရင်းနှီးနေတဲ့နာမည်တွေဖြစ်တဲ့အတွက် ပြဿနာမရှိဘူးလေ။ ကျွန်တော့်မှာတော့ အဲဒီလမ်းနာမည်ကို မှတ်သွား၊ ဟိုကျတော့ လမ်းညွှန်ဆိုင်းဘုတ်တွေ လိုက်ကြည့်၊ သူတို့ပြောတဲ့နာမည်က မတွေ့၊ အတော်ကြီးကို ရွာလည်ခဲ့တာပေါ့။
အဲဒါကို စိတ်နာပြီး အရင်နာမည်ဟောင်းတွေနဲ့ အခုအသစ်ပြောင်းလိုက်တဲ့ နာမည်တွေကို လိုက်ရှာပြီး မှတ်စုထဲမှာ မှတ်ထားလိုက်တာပါ။ အဲဒီတုန်းက ဘယ်စာအုပ်ထဲက ကူးထားလိုက်တယ်၊ ဘယ်ကရတယ်ဆိုတာကို မှတ်ရကောင်းမှန်း မသိသေးတော့ ဘယ်ကကူးမိတယ်ဆိုတာကို အခုပြန်ရှာလို့ မရဘူး။ သိမ်းထားချင်တဲ့လူတွေအတွက် အဆင်ပြေအောင်၊ အချို့လည်း ဗဟုသုတဖတ်လို့ရအောင် တင်ပေးလိုက်တာပါ။ မှတ်ထားတာက အများကြီးဆိုတော့ တစ်ခါတည်း တင်ပေးလို့ ဖြစ်မယ်မထင်ပါဘူ။ အဲဒီအတွက် နည်းနည်းစီပဲ ခွဲတင်ပေးမယ်လို့ စိတ်ကူးပါတယ်။ ဒီအတိုင်းရေးတာထက်စာရင် ဇယားကွက်လေးနဲ့ဆိုရင် ပိုပြီးဖတ်လို့ရှင်းမယ်ထင်တဲ့အတွက် ဇယားတွေနဲ့ ရေးပေးထားပါတယ်။

ယခင်အမည်ဟောင်းယခုအမည်မြို့နယ်
နတ်သျှင်နောင်လမ်းဗိုလ်ရာညွန့်လမ်းဒဂုံ
မိုင်ဒါကွင်းမြို့မကွင်းဒဂုံ
ယောက်လမ်းရပ်ကွက်ယောမင်းကြီးရပ်ကွက်ဒဂုံ
ကန်တော်မင်ပန်းခြံကန်တော်မင်္ဂလာပန်းခြံဒဂုံ
ဂေါ်ဒွင်လမ်းမြို့မကျောင်းလမ်းဒဂုံ
စင်ဂနယ်ပဂိုးဒါးအလံပြဘုရားလမ်းဒဂုံ
ဘောင်ဒရီဓမ္မစေတီလမ်းဒဂုံ
ဝိတိုရီးယား အဲဗင့်နယူးဂျိုးဖြူဗဟန်း/ဒဂုံ
စတီးဝပ်မော်ကွန်းတိုက်လမ်း ဗဟန်း/ဒဂုံ
ဆင်းဒ၀စ် နတ်သျှင်နောင်လမ်းဗဟန်း/ဒဂုံ
ဆင်မဆင် ပန်တျာလမ်းဗဟန်း/ဒဂုံ
ယောက်လမ်း ယောမင်းကြီးဦးဘိုးလှိုင်လမ်းဗဟန်း/ဒဂုံ
ဝင်ဒါမီယာအောက်လမ်းချင်းတွင်းလမ်းဗဟန်း/ဒဂုံ
ဝင်ဒါမီယာကုတ်ရွှေလီလမ်းဗဟန်း/ဒဂုံ
ဝင်ဒါမီယာဂါးဒင်းဥယျာဉ်လမ်းဗဟန်း/ဒဂုံ
ဝင်ဒါမီယာပတ်ခ်ဇော်ဂျီလမ်းဗဟန်း/ဒဂုံ
ဖရေဇာတော်ဝင်လမ်းဗဟန်း/ဒဂုံ
လင်းစဒေါင်းရာဇာဓိရာဇ်လမ်းဗိုလ်တထောင်
ကလပ်လမ်း၅၅ လမ်းဗိုလ်တထောင်
ဝင်ဆာလမ်းရှင်စောပုလမ်းစမ်းချောင်း
အေဒီလမ်းမေခလမ်းမရမ်းကုန်း
စိန်ဂျွန်းလမ်းမင်းရဲကျော်စွာလမ်းလမ်းမတော်မြို့
မစ်ရှင်လမ်းမင်းရဲကျော်စွာလမ်းလမ်းမတော်
ကီလီလမ်းဝါးတန်းလမ်းလမ်းမတော်
ဝင်ဒါမီယာလမ်းသံလွင်လမ်းကမာရွတ်
မောင်ထော်လေးလမ်းဗိုလ်ဆွန်ပက်လမ်းပန်းပဲတန်း
ကဲနဲလ်လမ်းအနော်ရထာလမ်းပန်းဘဲတန်း
မောင်ခိုင်လမ်းဗိုလ်ရွဲလမ်းလသာ
ဂျမားလမ်းဗိုလ်ချိုလမ်းဗဟန်း

No comments:

Post a Comment

 
Web Statistics