အခုတလောဖတ်ရတဲ့သတင်းတွေက တစ်ခုမှကို အဆင်မချောပါဘူး။ ပိုက်ဆံရှိတဲ့ လောဘဇောတိုက် ကုန်သည်အချို့ရဲ့ လုပ်ရပ်ကြောင့် မီးဖိုချောင်သုံးစားကုန်ဖြစ်တဲ့ ကြက်သွန်နီဈေးတွေ မြန်မာနိုင်ငံမှာ စံချိန်တင်ထိုးတက်သွားတဲ့သတင်းတွေ၊ ပြည်ပကသွင်းလာတဲ့ စားသုံးဆီတွေမှာ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တဲ့အတွက် စားသုံးရန်မသင့်ကြောင်းနဲ့ အဆိုပါဆီများ ရောင်းဝယ်သူများကို ထောင်ဒဏ်(၃)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်ဆိုတဲ့ သတင်းတွေ၊ တရားဝင်ကုမ္ပဏီကြီးရဲ့တစ်ခုရဲ့ အကြီးအကဲတစ်ယောက်က အခြားသူများရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ငွေကြေးပမာဏ သန်းပေါင်းထောင်နဲ့ချီပြီး လိမ်လည်တဲ့သတင်းတွေ၊ ပြောရရင် တကယ့်ကို အများကြီးပါပဲ။ ပြောချင်တာက အဲဒီလို ကိစ္စဖြစ်နေတာကို မဖြစ်သင့်ဘူး ဘာညာပြောချင်တာမဟုတ်ပါဘူး။ ဖြစ်နေတဲ့ ကိစ္စတွေဟာ ဖြစ်သင့်မဖြစ်သင့်ဆိုတဲ့ အချက်နဲ့ ချိန်ထိုးပြီးပြောနေတာပါ။ လူသားတွေအနေနဲ့ ကိုယ်ချင်းစာတရားတွေ၊ လူသားချင်းစာနာထောက်ထားမှုတွေ၊ မေတ္တာတရားတွေ ခေါင်းပါးကုန်ကြပြီလားလို့ စဉ်းစားမိလို့ပါ။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံလို ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံတစ်ခုမှာ အဲဒီလိုမျိုးဖြစ်ရပ်တွေ ဖြစ်တယ်ဆိုတာ ဖြစ်သင့်သလား မဖြစ်သင့်သလားဆိုတာကို တွေးနေမိလို့ပါ။ ကျွန်တော်အပါအ၀င် အများစုဟာ ကိုယ့်မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဘာသာတရား၊ ဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ ပတ်သက်ပြီး ဂုဏ်ယူကြမယ်လို့ ထင်ပါတယ်။ အဲဒီလို ဂုဏ်ယူနိုင်အောင်လည်း အဆက်ဆက်က ဘိုးဘေးဘီဘင်တွေဟာ လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြပါတယ်။ အခုလို ကျွန်တော်တို့ခေတ် ရောက်တဲ့အချိန်ကျမှ ဒီလိုမျိုးတွေဖြစ်လာတာဟာ ကောင်းတဲ့အကြောင်းအရာ မဟုတ်ဘူးလို့ မြင်ပါတယ်။ လူတွေအနေနဲ့ ပိုက်ဆံငွေကြေးသာ အဓိကဖြစ်နေတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ငယ်ငယ်တုန်းက ကျွန်တော်တို့ လူကြီးသူမများက ဆုံးမတတ်တဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ အဲဒီကောင်ဟာလေ ကိုယ့်အတွက် အကျိုးရှိမယ်ဆိုရင် ဘနဖူးကိုတောင် သိုက်တူးမယ့်ကောင် ဆိုပြီး ပြောတတ်ကြတာပါ။ အခုတော့ သိုက်တူးရုံတင်မကပါဘူး။ ကိုယ်ပိုက်ဆံရဖို့၊ အမြတ်တွေအများကြီးကျန်ဖို့၊ စီးပွားဖြစ်ဖို့အတွက် အခြားလူတွေရဲ့ ချွေးနှဲစာတွေကို လိမ်လည်ဖို့လည်း ၀န်မလေးတော့ပါဘူး၊ အခြားလူတွေ သေချင်သေပါစေ ငါတို့ ပိုက်ဆံအများကြီးရရင် ပြီးရောဆိုပြီး အဆိပ်ဖြစ်စေတဲ့ ဆီတွေကို ရောင်းဖို့လည်း လက်မတွန့်တော့ပါဘူး၊ အခြားလူတွေ ဖြစ်ချင်ရာဖြစ် ငါလုပ်ချင်ရာလုပ်မယ်ဆိုပြီး ဈေးကွက်ကစားပြီး ဈေးတွေပျက်အောင်လုပ်ဖို့လည်း အပြုံးမပျက်ပါပဲ။ ဒါတောင် တလောက အတည်လိုလို ကောလာဟလလိုလို ထွက်လာတဲ့ စားအုန်းဆီတွေထဲကို ဆပ်ပြာမှုန့်ထည့်တယ်ဆိုတဲ့ အကြောင်းကို အတည်မပြုနိုင်တဲ့အတွက် ထည့်မရေးတော့တာပါ။
မလွယ်တာမှ တကယ့်ကို မလွယ်တာပါ။ အဲဒီလိုတွေလုပ်နေတာဟာ ငါတို့ မြန်မာလူမျိုးတွေမှ ဟုတ်ပါလေစလို့ကို ကျွန်တော့်မှာ သံသယဖြစ်မိပါတယ်။ ငယ်ငယ်ကတည်းက နားရည်ဝနေတဲ့ သီချင်းကလည်း ကျွန်တော့်ကို သတိပေးနေသလိုပါပဲ။ ဟေ့ကောင်မလေး ကမ္ဘာပေါ်မှာ မြန်မာပြည်ဟာ အယဉ်ကျေးဆုံး တိုင်းပြည်တစ်ခုပါ... ဆိုလားပါပဲ။ အခုတော့ အဲဒီသီချင်းကိုတောင် ရဲရဲမဆိုဝံ့လောက်အောင် ဖြစ်နေပါပြီဗျာ။
ဓမ္မစေတီဆရာတော် ဦးကောသလ္လဟောတဲ့တရားထဲက စကားအချို့ကို သတိရလို့ ပြောပြချင်ပါသေးတယ်။ ဆရာတော်က ဥပမာလေးနဲ့ပြောတာပါ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။ အကုန်လုံး အဲဒီလိုဖြစ်နေတယ်လို့ ဆိုလိုတာမဟုတ်ပါ။ ဒီလိုပါ။ အထူးကုဆရာဝန်ကြီးတစ်ယောက် ဆိုပါတော့။ လူနာတစ်ယောက်ကို ဘယ်လောက်ဆိုတဲ့ ဈေးနှုံးနဲ့ ကြည့်ပေးပါတယ်။ အထူးကုဆေးခန်းကြီးတွေမှာ အထူးဈေးနှုံးတွေနဲ့ထိုင်။ ဆေးကု။ သူဌေးကြီးလာလည်း ဒီဈေးပဲ။ စာရေးကြီး လာပြလည်း ဒီဈေးပဲ။ ပိုက်ဆံမရှိတဲ့ ကျောင်းဆရာမလေး လာပြလည်း ဒီဈေးပဲ။ ဒီဈေးပေးဖို့ ပိုက်ဆံမရှိရင် အထူးကုဆေးခန်းကို မလာနဲ့လေ။ ပိုက်ဆံမရှိရင် သေပေါ့ဆိုတဲ့သဘော သက်ရောက်မနေဘူးလား။ ပြီးတော့မှ အလှူကြီးအတန်းကြီးတွေလုပ် ဘုရားတွေတည်၊ ကျောင်းတွေဆောက်ပြီး အထူးကုဆရာဝန်ကြီး ဘယ်သူ ကောင်းမှု ဘာညာလုပ်ပါတော့တယ်။ အဲဒီလို လုပ်တဲ့ကုသိုလ်ဟာ တကယ်ရော အကျိုးပေးပါ့မလား။ ဆရာတော်ကတော့ နိုးသာဓု လို့ ခပ်ပြတ်ပြတ်ပြောပါတယ်။
ဒါက ဆရာတော်ပြောတဲ့အထဲက ဥပမာပါ။ ကျွန်တော့်ရဲ့ တင်ပြပုံ မပိရိမှုကြောင့် ဆိုလိုရင်းမရောက်ရင် တောင်းပန်ပါတယ်။ စောစောက ဥပမာထဲက ဆရာဝန်ပါ။ ဟုတ်ပြီ အဲဒါဆိုရင် ကြက်သွန်ဈေးကစားတဲ့ ကုန်သည်ကြီးတွေ၊ စားအုန်းဆီထဲကို ဆပ်ပြာမှုန့်ထည့်တဲ့ ကုန်သည်ကြီးတွေ၊ နယ်စပ်ကနေ အခွန်မဲ့ဈေးသက်သာပြီးရော တင်သွင်းလာပြီး ပြည်တွင်းမှာ သုံးတဲ့လူတွေအတွက် အရည်အသွေးမမီ စံမမီတဲ့ ပစ္စည်းတွေကို ရောင်းချနေတဲ့ စီးပွားရေးသမားကြီးတွေရော။ သူတို့လည်း အဲဒီလိုရလာတဲ့ ပိုက်ဆံတွေနဲ့ အလှူတွေလုပ်မှာပါပဲ။ လူမြင်အောင် နာမည်စာလုံးအကြီးကြီးတွေနဲ့ ကမ္ဗည်းတင်ကြမှာပါပဲ။ အဲဒီလိုလုပ်တဲ့ ကုသိုလ်ဟာ တကယ်ရောအကျိုးပေးပါ့မလား။ ဖြူစင်တဲ့ ကုသိုလ်ရော ဟုတ်ပါရဲ့လား။ ကိုယ့်ကို မှီတင်းနေထိုင်ရတဲ့ မိသားစုဝင်တွေကရော လိပ်ပြာသန့်သန့်နဲ့ သူရှာကျွေးတဲ့ ထမင်းကို စားနိုင်ကြပါရဲ့လား။ အခုလိုခေတ်မှာ ဒီလိုတွေ ရေးရတာ အတော်တော့ ကြောင်တောင်တောင်နိုင်တဲ့ကိစ္စမှန်း ကျွန်တော်သိပါတယ်။
အခုလည်း လာပြန်ပြီ။ ကြက်ဥအတုတဲ့။ စိတ်ညစ်စရာ ကောင်းလိုက်တာဗျာ။ ပြောရရင် ကြက်ဥဆိုတာ အခြေခံအကျဆုံး လူတန်းစားတွေရဲ့ နေ့စဉ်သုံး စားစရာပါ။ ရုံးမှာ ထမင်းချိုင့်ထည့်လာလို့ ဘာဟင်းလဲလို့ မေးလိုက်တဲ့အခါ ကြက်ဥကြော်၊ ကြက်ဥသုတ်၊ ကြက်ဥမွှေကြော်၊ ကြက်ဥခရမ်းချဉ်သီးချက် စသည်ဖြင့် ပြောတဲ့လူ များပါတယ်။ အဖေနဲ့ အမေဟာ နှစ်ယောက်လုံး ၀န်ထမ်းတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ညီအစ်ကို ငယ်စဉ် ကျောင်းတက်တုန်းကလည်း တစ်ပတ်မှာ သုံးရက်လောက်က ကြက်ဥကြော်၊ ကြက်ဥချက်နဲ့ နေ့လည်စာ စားခဲ့ရတာပါ။ မနက်ကျွန်တော်တို့ ကျောင်းသွားအမီ ထမင်းဘူးထည့်ပေးလိုက်ဖို့နဲ့ သူတို့ရုံးချိန်မီအောင် သွားဖို့အတွက်ဆိုတာ အခြားဟင်းချက်ဖို့ မဖြစ်နိုင်ပါဘူး။ ကြက်ဥဟာ အချိန်ကုန်သက်သက်သာသာနဲ့ အမြန်ဆုံးဟင်းဖြစ်စေတယ်၊ ကုန်ကျစရိတ်လည်း သက်သာတယ်၊ ရှိတဲ့လူဦးရေနဲ့ ဝေပုံကျ ခွဲပေးတဲ့နေရာမှာလည်း အခြားဟင်းတွေလို စဉ်းစားခန်းဝင်စရာမလိုဘူး။ တစ်ယောက် တစ်ခြမ်းဆို တစ်ခြမ်း၊ တစ်လုံးဆို တစ်လုံး ဝေပေးလိုက်ရုံပဲ။ ဟော အခုတော့ ကြက်ဥအတု လာပါပြီဗျာ။ သေချာတာကတော့ အဲဒီကြက်ဥအတုဟာ ပိုက်ဆံရှိတဲ့ လူချမ်းသာတွေအတွက် ဘာမှအရေးမဟုတ်ပါဘူး။ ဒါပေမယ့် အင်မတန်များပြားသော အရေအတွက်ရှိတဲ့ လူတန်းစားတွေအတွက်တော့ တကယ့်ပြဿနာပါ။ အခုမှ အဲဒီသတင်းထွက်လို့သာပေါ့။ မသိဘဲ စားပြီးတဲ့ လူက ဘယ်လောက်ရှိနေပြီလဲ။ ဘယ်သူမှ မသိနိုင်ဘူး။ ကိုယ်စားလိုက်တဲ့ အစားအစာဟာ အတုလား၊ အစစ်လားတောင် မသိနိုင်တော့တဲ့ လူသားတွေရဲ့ဘ၀ဟာ ဘယ်လောက်များ စိတ်ကုန်စရာကောင်းလိုက်သလဲဆိုတာ စာဖတ်သူသာ စဉ်းစားကြည့်ပါတော့ဗျာ။
ကဲ... ကြက်ဥအတုနဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ကို ဖော်ပြလိုက်ပါတယ်။
အဲဒါတွေကတော့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့အချက်အလက်တွေထဲက ကောက်နုတ်ပြထားတာပါ။ တော်တော်တော့ စိတ်ညစ်စရာကောင်းတဲ့ ကိစ္စကြီးပါ။ ဈေးဆိုင်မှာ ကြက်ဥသွားဝယ်ရင်တောင် အစစ်လား၊ အတုလား စစ်ဆေးရတော့မယ့်ပုံပဲ။ ပြီးတော့ ရေးထားတာကသာ သူ့ဟာနဲ့သူဟုတ်နေတာ။ ကျွန်တော့်အနေနဲ့ကတော့ ဘယ်လိုလုပ်ပြီး ကြက်ဥအစစ်လား၊ အတုလား ခွဲနိုင်မလဲ။ ကြက်ဥကို ကိုင်ပေါက်ပြီး ခွဲကြည့်မှပဲ သိနိုင်တော့မှာပဲ။ အကာနဲ့ အနှစ်မရောဘူး၊ ဒါဆိုအစစ်၊ ၀ယ်မယ်။ အနှစ်နဲ့အကာရောသွားတယ်၊ ဒါအတုကြီးပဲ မယူနိုင်ဘူးဆိုပြီး ဆိုင်မှာသွားလုပ်လို့မှ မရတာဗျာ။ ထားလိုက်ပါဦး။ ခင်ဗျားက ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်တဲ့လူမို့ ကြော်ခါနီး၊ ပြုတ်ခါနီးမှာ စမ်းသပ်ကြည့်တတ်တယ်လို့။ ဒါကလည်း စကားအဖြစ်သာ ပြောရတာပါဗျာ။ ဒီဘလော့ဂ်ကို လာဖတ်တဲ့လူဆိုကတည်းက အနည်းဆုံးအဆင့် အိမ်မှာ ထမင်းဟင်းချက်ရမယ့်လူ ဟုတ်ဟန်မတူပါဘူး။ အမျိုးသမီးစာဖတ်သူတွေအတွက်တော့ ခြွင်းချက်ပါဗျာ။ အိမ်အများစုက ကိုယ့်အလုပ်နဲ့ကိုယ် အချိန်အားရှိကြတာမဟုတ်ဘူးဗျ။ အများအားဖြင့် အိမ်အကူကောင်မလေးတွေ ချက်ပြုတ်ပေးတာကို စားရတယ်၊ ဆိုင်မှာ လပေးနဲ့စားရတယ်၊ ထမင်းချိုင့်ယူပြီး စားရတယ်။ အဲဒီလိုဆိုတော့ အဲဒီချက်ပြုတ်တဲ့ အိမ်အကူကောင်မလေးတွေ၊ ဆိုင်က ထမင်းဟင်းချက်တဲ့ အလုပ်သမားတွေက ကြက်ဥ အစစ်လား အတုလား ခွဲခြားနိုင်တဲ့ ဗဟုသုတရှိပါ့မလား။ ခွဲခြားဖို့ရော အချိန်ရမှာလား။ ကြက်ဥအတုတွေ ပေါ်နေတာရော သူတို့သိရဲ့လား။ လားပေါင်းများစွာတို့ရဲ့ အဖြေဟာ အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။
နောက်တစ်ချက် သတင်းစာမှာပါတဲ့ အချက်အလက်တွေမှာ ကြက်ဥအတုနဲ့အစစ်ရဲ့ အရသာကွာခြားမှု ဘယ်လိုရှိတယ်ဆိုတာ မပါဘူးဗျ။ အခြားစားတဲ့လူတွေတောင် စားပြီးပြီပဲဗျာ။ ပညာရှင်တွေလည်း လုံးစေ့ပတ်စေ့ ရေးနိုင်အောင် အရသာဘယ်လိုရှိတယ်ဆိုတာပါ မြည်းစမ်းသင့်တယ်လို့ ထင်တာပဲ။ ဥပမာဗျာ... ကြက်ဥအတုက ဘယ်လိုအရသာရှိတယ်၊ ပေါ့တယ်၊ ငံတယ်၊ စသည်ဖြင့်ပေါ့။ ဒါမှမဟုတ် ဘာအရသာမှ မရှိဘူးဆိုလည်း မရှိဘူးပေါ့။ ညှီနံ့ နံတယ်ဆိုလည်း နံတယ်ပေါ့။ နောက်ပြီး အလေးချိန်ကလည်း အတူတူပဲလား။ အပေါ်က ပညာရှင်ဆန်တဲ့ အချက်အလက်တွေလို မဟုတ်ဘဲ ရပ်ကွက်ထဲက သာမန်အိမ်ရှင်မတိုင်း နားလည်နိုင်တဲ့ ခွဲခြားနည်း မရှိဘူးလား။ ဥပမာဗျာ... ရေထဲကို နှစ်လိုက်ရင် ပေါ်တယ်၊ မြုပ်တယ်၊ စသည်ဖြင့်ပေါ့။ ဘာကြောင့်လဲဆိုတော့ အိမ်ရှင်မတိုင်းဟာ ဘွဲ့ရပညာတတ်တွေ၊ ပုံမှန်သတင်းစာဖတ်ရှုသူတွေ၊ ပုံမှန် ရုပ်မြင်သံကြား ကြည့်ရှုသူတွေ မဟုတ်ဘူးဗျ။ အကြံပြုတာပါ။ ပညာရှင်တွေကို ကျွန်တော်လို ငချွတ်ကလေးက ဝေဖန်တာ မဟုတ်ပါဘူး။ ပိုက်ဆံမချမ်းသာလို့မှ ဈေးပေါပေါ ကြက်ဥ ၀ယ်စားပါတယ်ဆိုမှ ဘာအာဟာရမှ မဖြစ်တဲ့ ကြက်ဥအတုကို စားနေရမယ့် လူတွေကို ကိုယ်ချင်းစာ သနားနေမိလို့ပါ။
ကဲ တော်ပါပြီဗျာ။ အတုတွေအကြောင်းရေးနေရင်း ကိုယ့်ဘလော့ဂ်ကိုလည်း နည်းနည်းတော့ သံသယဖြစ်မိတယ်။ ပုံမှန် စာဖတ်သူ reader အရေအတွက်တွေများလာလို့ ကြိုးစားပြီး ဘလော့ဂ်ရေးရကျိုး နပ်တယ်ဆိုပြီး ၀မ်းသာနေတာဗျ။ အတုတွေအကြောင်း ဖတ်ပြီးခါမှ ငါ့ဘလော့ဂ်ကို လာဖတ်နေတဲ့ဧည့်သည်တွေဟာ စာဖတ်သူအစစ်တွေမှ ဟုတ်ရဲ့လား ဆိုပြီး ခေါင်းတွေကြီးနေမိကြောင်းပါ။ အဲဒီကိစ္စကလည်း ခေတ်စားနေတာကိုး။
ကိုမျိုးကျော့မြိုင်စကားလုံးနဲ့ပြောရရင် လူဖြစ်ရတဲ့ဒုက္ခ လို့ ညည်းရမယ်ထင်တယ်။ နောက်ပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ စကားလုံးလေးလည်း ခဏငှားသုံးပါရစေဦးဗျာ။ ...လူတွေ တကယ်မလွယ်ပါ သားသား ကြောက်ကြောက်.....။

- ကြက်ဥအတုများမှာ အထူးသဖြင့် မွေးမြူရေးကြက်ဥများနှင့် ပုံသဏ္ဌာန်တူပြီး အပေါ်ယံကြည့်ရုံမျှဖြင့် ခွဲခြားမရနိုင်ကြောင်းနှင့် ထိုကြက်ဥအတုကို ဓာတုဗေဒနည်းဖြင့် ပြုလုပ်ကြောင်း သိရသည်။
- ကြက်ဥအတု၏ အကာပိုင်းပြုလုပ်ရာတွင် ဘင်ဇိုရစ်အက်ဆစ်၊ ဂျယ်လီ၊ အမည်မသိဓာတုဆေးမှုန့်၊ ကော်ရည်ပြုလုပ်ရာတွင်ထည့်သွင်းအသုံးပြုသည့် ဓာတုပစ္စည်းများနှင့် မုန့်ဖုတ်ရာတွင် အသုံးပြုသော ဓာတုပေါင်ဒါများဖြင့် ရောစပ်ပြုလုပ်သည်ဟု သိရသည်။
- ကြက်ဥအတု၏ အနှစ်ပိုင်း ပြုလုပ်ရာတွင် အမည်မသိ အ၀ါရောင်ပေါင်ဒါမှုန့်အား အရည်တစ်မျိုးဖြင့် သမအောင်မွှေကာ ကယ်လ်ဆီယမ်ကလိုရိုက်ဒ် ထည့်သွင်းဖျော်စပ်ထားသည့် Magic Water ခေါ် အရည်တစ်မျိုးဖြင့် ရောစပ်ပြုလုပ်သည်ဟု သိရသည်။
- ထို့နောက် ကြက်ဥအတု၏ အကာနှင့် အနှစ်ကို အ၀ိုင်းပုံသဏ္ဌာန်ရှိသည့် ပလတ်စတစ်ပုံသွင်းခွက်ထဲသို့ လောင်းထည့်ကာ ပုံသွင်းရကြောင်းနှင့် ကြက်ဥအကာနှင့် အနှစ်တို့အကြား ရောနှောသွားခြင်း မရှိစေရန် Magic Water က ပါးလွှာသော အမြှေးပါးအသွင်ဖြင့် ပိုင်းခြားပေးထားကြောင်း သိရသည်။
- ကြက်ဥအခွံကိုမူ ပါရာဖင်းဓာတ်ပါဝင်သော ဖယောင်းနှင့် အမည်မသိ အဖြူရောင်ဓာတုဆေးရည်တစ်မျိုးတို့ ရောစပ်ပြုလုပ်ပြီး ၎င်းအရည်ကို အ၀ိုင်းပုံသဏ္ဌာန်ပြုလုပ်ထားသော ပလတ်စတစ်ခွက်အတွင်း ထည့်ထားသည့် အနှစ်အတုနှင့် အကာအတုများပေါ်သို့ လောင်းချ၍ အချိန်အနည်းငယ်ကြာအောင် အခြောက်ခံထားပါက ကြက်ဥအစစ်နှင့် ထပ်တူထပ်မျှ အသွင်သဏ္ဌာန်တူသော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် ကြက်ဥအတုကို ရရှိသည်ဟု သိရသည်။
- ကြက်ဥအတုတွင် လူကို အာဟာရဖြစ်စေမည့် ပရိုတိန်း စသည့် ဓာတ်ပစ္စည်းများ ပါဝင်ခြင်း မရှိသည့်အပြင် ပါဝင်သော ဓာတုပစ္စည်းများကြောင့် ၎င်းအားစားသုံးပါက ကျန်းမာရေးထိခိုက်နိုင်သည်ဟု ဆေးပညာရှင်များက သတိပေးထားသည်။
- ၀ယ်ယူစားသုံးသူများအနေဖြင့် ကြက်ဥအတုနှင့် အစစ်ကို ခွဲခြားရန်မှာ ကြက်ဥအတုကိုကိုင်၍ ခပ်ပြင်းပြင်း လှုပ်ကြည့်ပါက အဆန်ချောင်နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်ကိုကိုင်၍ ခပ်ပြင်းပြင်း လှုပ်ကြည့်ပါကမူ အဆန်ချောင်ခြင်း မရှိသည်ကို တွေ့ရသည်။
- ကြက်ဥအတုနှင့်အစစ်ကို ယှဉ်၍ မှန်၊ ဇလုံ၊ ပန်းကန်တစ်ခုခုပေါ်တွင်တင်၍ လှည့်ကြည့်ပါက အတုက ဂျင်လည်သကဲ့သို့ မွှတ်နေအောင် လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန်ပိုကြာကြောင်း တွေ့ရှိရသည်။
- ကြက်ဥအတုနှင့်အစစ်ကို ယှဉ်ကြည့်ပါက အတု၏အရောင်က ပိုရင့်ကြောင်း၊ အတု၏အခွံသည် ဖယောင်းနှင့် ပြုလုပ်ထားခြင်း ဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ကြောင်း၊ ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏ အခွံမျက်နှာပြင်က ပို၍ကြမ်းကြောင်း၊ ကြက်ဥကိုခွဲ၍ ကြည့်မည်ဆိုပါက အတု၏ အနှစ်နှင့်အကာသည် သီးသန့်မနေဘဲ ရော၍သွားကြောင်း၊ အတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌သာ အမြှေးပါကြောင်း၊ ပြုတ်လိုက်ပါကလည်း အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာ သီးခြားမနေဘဲ ရော၍သွားကြောင်း တွေ့ရှိရသည်။
အဲဒါတွေကတော့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့အချက်အလက်တွေထဲက ကောက်နုတ်ပြထားတာပါ။ တော်တော်တော့ စိတ်ညစ်စရာကောင်းတဲ့ ကိစ္စကြီးပါ။ ဈေးဆိုင်မှာ ကြက်ဥသွားဝယ်ရင်တောင် အစစ်လား၊ အတုလား စစ်ဆေးရတော့မယ့်ပုံပဲ။ ပြီးတော့ ရေးထားတာကသာ သူ့ဟာနဲ့သူဟုတ်နေတာ။ ကျွန်တော့်အနေနဲ့ကတော့ ဘယ်လိုလုပ်ပြီး ကြက်ဥအစစ်လား၊ အတုလား ခွဲနိုင်မလဲ။ ကြက်ဥကို ကိုင်ပေါက်ပြီး ခွဲကြည့်မှပဲ သိနိုင်တော့မှာပဲ။ အကာနဲ့ အနှစ်မရောဘူး၊ ဒါဆိုအစစ်၊ ၀ယ်မယ်။ အနှစ်နဲ့အကာရောသွားတယ်၊ ဒါအတုကြီးပဲ မယူနိုင်ဘူးဆိုပြီး ဆိုင်မှာသွားလုပ်လို့မှ မရတာဗျာ။ ထားလိုက်ပါဦး။ ခင်ဗျားက ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်တဲ့လူမို့ ကြော်ခါနီး၊ ပြုတ်ခါနီးမှာ စမ်းသပ်ကြည့်တတ်တယ်လို့။ ဒါကလည်း စကားအဖြစ်သာ ပြောရတာပါဗျာ။ ဒီဘလော့ဂ်ကို လာဖတ်တဲ့လူဆိုကတည်းက အနည်းဆုံးအဆင့် အိမ်မှာ ထမင်းဟင်းချက်ရမယ့်လူ ဟုတ်ဟန်မတူပါဘူး။ အမျိုးသမီးစာဖတ်သူတွေအတွက်တော့ ခြွင်းချက်ပါဗျာ။ အိမ်အများစုက ကိုယ့်အလုပ်နဲ့ကိုယ် အချိန်အားရှိကြတာမဟုတ်ဘူးဗျ။ အများအားဖြင့် အိမ်အကူကောင်မလေးတွေ ချက်ပြုတ်ပေးတာကို စားရတယ်၊ ဆိုင်မှာ လပေးနဲ့စားရတယ်၊ ထမင်းချိုင့်ယူပြီး စားရတယ်။ အဲဒီလိုဆိုတော့ အဲဒီချက်ပြုတ်တဲ့ အိမ်အကူကောင်မလေးတွေ၊ ဆိုင်က ထမင်းဟင်းချက်တဲ့ အလုပ်သမားတွေက ကြက်ဥ အစစ်လား အတုလား ခွဲခြားနိုင်တဲ့ ဗဟုသုတရှိပါ့မလား။ ခွဲခြားဖို့ရော အချိန်ရမှာလား။ ကြက်ဥအတုတွေ ပေါ်နေတာရော သူတို့သိရဲ့လား။ လားပေါင်းများစွာတို့ရဲ့ အဖြေဟာ အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။
နောက်တစ်ချက် သတင်းစာမှာပါတဲ့ အချက်အလက်တွေမှာ ကြက်ဥအတုနဲ့အစစ်ရဲ့ အရသာကွာခြားမှု ဘယ်လိုရှိတယ်ဆိုတာ မပါဘူးဗျ။ အခြားစားတဲ့လူတွေတောင် စားပြီးပြီပဲဗျာ။ ပညာရှင်တွေလည်း လုံးစေ့ပတ်စေ့ ရေးနိုင်အောင် အရသာဘယ်လိုရှိတယ်ဆိုတာပါ မြည်းစမ်းသင့်တယ်လို့ ထင်တာပဲ။ ဥပမာဗျာ... ကြက်ဥအတုက ဘယ်လိုအရသာရှိတယ်၊ ပေါ့တယ်၊ ငံတယ်၊ စသည်ဖြင့်ပေါ့။ ဒါမှမဟုတ် ဘာအရသာမှ မရှိဘူးဆိုလည်း မရှိဘူးပေါ့။ ညှီနံ့ နံတယ်ဆိုလည်း နံတယ်ပေါ့။ နောက်ပြီး အလေးချိန်ကလည်း အတူတူပဲလား။ အပေါ်က ပညာရှင်ဆန်တဲ့ အချက်အလက်တွေလို မဟုတ်ဘဲ ရပ်ကွက်ထဲက သာမန်အိမ်ရှင်မတိုင်း နားလည်နိုင်တဲ့ ခွဲခြားနည်း မရှိဘူးလား။ ဥပမာဗျာ... ရေထဲကို နှစ်လိုက်ရင် ပေါ်တယ်၊ မြုပ်တယ်၊ စသည်ဖြင့်ပေါ့။ ဘာကြောင့်လဲဆိုတော့ အိမ်ရှင်မတိုင်းဟာ ဘွဲ့ရပညာတတ်တွေ၊ ပုံမှန်သတင်းစာဖတ်ရှုသူတွေ၊ ပုံမှန် ရုပ်မြင်သံကြား ကြည့်ရှုသူတွေ မဟုတ်ဘူးဗျ။ အကြံပြုတာပါ။ ပညာရှင်တွေကို ကျွန်တော်လို ငချွတ်ကလေးက ဝေဖန်တာ မဟုတ်ပါဘူး။ ပိုက်ဆံမချမ်းသာလို့မှ ဈေးပေါပေါ ကြက်ဥ ၀ယ်စားပါတယ်ဆိုမှ ဘာအာဟာရမှ မဖြစ်တဲ့ ကြက်ဥအတုကို စားနေရမယ့် လူတွေကို ကိုယ်ချင်းစာ သနားနေမိလို့ပါ။
ကဲ တော်ပါပြီဗျာ။ အတုတွေအကြောင်းရေးနေရင်း ကိုယ့်ဘလော့ဂ်ကိုလည်း နည်းနည်းတော့ သံသယဖြစ်မိတယ်။ ပုံမှန် စာဖတ်သူ reader အရေအတွက်တွေများလာလို့ ကြိုးစားပြီး ဘလော့ဂ်ရေးရကျိုး နပ်တယ်ဆိုပြီး ၀မ်းသာနေတာဗျ။ အတုတွေအကြောင်း ဖတ်ပြီးခါမှ ငါ့ဘလော့ဂ်ကို လာဖတ်နေတဲ့ဧည့်သည်တွေဟာ စာဖတ်သူအစစ်တွေမှ ဟုတ်ရဲ့လား ဆိုပြီး ခေါင်းတွေကြီးနေမိကြောင်းပါ။ အဲဒီကိစ္စကလည်း ခေတ်စားနေတာကိုး။
ကိုမျိုးကျော့မြိုင်စကားလုံးနဲ့ပြောရရင် လူဖြစ်ရတဲ့ဒုက္ခ လို့ ညည်းရမယ်ထင်တယ်။ နောက်ပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ စကားလုံးလေးလည်း ခဏငှားသုံးပါရစေဦးဗျာ။ ...လူတွေ တကယ်မလွယ်ပါ သားသား ကြောက်ကြောက်.....။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် သြဂုတ်လ ၇ ရက်၊ သောကြာနေ့။
ညနေ ၄ နာရီ ၅၁ မိနစ်တွင် ပြီး၏။
ကိုးကား - (၃၁-၇-၂၀၀၉) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ။

No comments:
Post a Comment