ဖျက်စု-၂၀
| ၁ | စေတီမှန်းထား၊ မြတ်ဘုရား၊ တည်ထားကောင်းလျက်၊ ညောင်ပင်ဖျက်သည်။ |
| ၂ | မြစ်မရေနက်၊ သောင်ပြင်ဖျက်သည်။ |
| ၃ | မင်းကောင်းပါလျက်၊ မင်းမြှောင်ဖျက်သည်။ |
| ၄ | လက်ဆုံစား၊ မယားကောင်းလျက်၊ အပြောင်ဖျက်သည်။ |
| ၅ | မောင်းသွင်းခူနင်း၊ ရေလျှင်သွင်း၊ ပျိုးခင်းကောင်းလျက်၊ မြောင်တောင်ဖျက်သည်။ |
| ၆ | လက်ဆက်တကူ၊ လှေမူခိုင်လျက်၊ မီးပိုးဖျက်သည်။ |
| ၇ | လက်တီးကြမ်းပြင်၊ ဆင်ဝင်ကောင်းလျက်၊ ၀ဲလင်းဖျက်သည်။ |
| ၈ | ဣတ္ထိယမူ၊ ရူပကောင်းလျက်၊ ဆံထုံးဖျက်သည်။ |
| ၉ | ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်။ |
| ၁၀ | ရဟန်းတရား၊ ကျင့်ပါးငြားလျက်၊ အစားဖျက်သည်။ |
| ၁၁ | သီလငါးပါး၊ ကျင့်သူအားကို၊ စီးပွားမရက်၊ လောဘဖျက်သည်။ |
| ၁၂ | သုခမိန်ဟု၊ ကျော်ရှိန်နှံ့သိ၊ ပညာရှိ၊ ကြီးဘိအမျက်၊ ဒေါသဖျက်သည်။ |
| ၁၃ | တိုက်နှင့်ကျီကျ၊ ထုတ်လျောက်စသည်၊ ခိုင်လှပေလျက်၊ ပေါင်းကွပ်ဖျက်သည်။ |
| ၁၄ | ပြည်ရွာတိုင်းကား၊ စည်ပင်ငြားလည်း၊ ခေါင်းပါးခေါင်လျက်၊ စပါးဖျက်သည်။ |
| ၁၅ | ပဉ္စင်တူရိယာ၊ နှဲခရာ၊ သာယာပေလျက်၊ လင်ကွင်းဖျက်သည်။ |
| ၁၆ | လက်သင့်လှော်ကား၊ လှော်ပေငြားလည်း၊ အသွားကောင်းလျက်၊ လှေပဲ့ဖျက်သည်။ |
| ၁၇ | ဘောဇဉ်ငါးပါး၊ ပျားအရသာ၊ ကောင်းပါပေလျက်၊ ဆားငန်ဖျက်သည်။ |
| ၁၈ | ဆီမီးတန်ဆောင်၊ ၀င်းပြောင်ပေလျက်၊ လေဆိုးဖျက်သည်။ |
| ၁၉ | ဣတ္တိယမူ၊ ရူပလက္ခဏာ၊ ကောင်းပါပေလျက်၊ ရောဂါနှိပ်စက်၊ အနာဖျက်သည်။ |
| ၂၀ | သူကောင်းဖြစ်ငြား၊ မူ ထားကောင်းလျက်၊ အပေါင်းဖျက်သည်။ |
No comments:
Post a Comment