ခက်စု-၂၄
၁ | တင်ပေဘူးသည်၊ ကျေးဇူးရှိလျက်၊ အဆပ်ခက်။ |
၂ | မယားရှိလျက်၊ အလှည့်ခက်။ |
၃ | ဧည့်သည်ညဥ့်နက်၊ အအိပ်ခက်။ |
၎ | ပစ်ခွာခဲ့လျက်၊ အပြန်ခက်။ |
၅ | လာခဲ့ခေါ်လျက်၊ အနှင်ခက်။ |
၆ | ပေးပါပြီးလျက်၊ အယူခက်။ |
၇ | ချောင်းရေလျှံတက်၊ အကူးခက်။ |
၈ | ရင်ဆိုင်တွေ့လျက်၊ အပြေးခက်။ |
၉ | သံသာချိုမြွက်၊ စကားခက်။ |
၁၀ | ကြောက်လန့်ပြေးတက်၊ အဆင်းခက်။ |
၁၁ | ကန့်ကူကျောက်ထွက်၊ အရေးခက်။ |
၁၂ | မျဉ်းတံကောက်လျက်၊ အသားခက်။ |
၁၃ | သန္ဓေပြည့်နှက်၊ ဆေးကုခက်။ |
၁၄ | ခရီးညွှန်ထက်၊ အသွားခက်။ |
၁၅ | တံတားကျိုးပျက်၊ အလျှောက်ခက်။ |
၁၆ | ရေအိမ်ပြိုပျက်၊ အပြင်ခက်။ |
၁၇ | သားမြေးဆိုးလျက်၊ အစွန့်ခက်။ |
၁၈ | ထွေးပြန်ပြီးလျက်၊ အမြိုခက်။ |
၁၉ | မြတ်သည်သုံးပါး၊ မှန်းထားပြီးလျက်၊ အသုံးခက်။ |
၂၀ | ဆူးငြောင့်တွင်းကျင်း၊ ကျုံးတွင်းပြည့်နှက်၊ အ၀င်ခက်။ |
၂၁ | အသားမည်းနက်၊ အဆင်ခက်။ |
၂၂ | ဆိုးသည်သတင်း၊ သားချင်းရှိလျက်၊ အပြောခက်။ |
၂၃ | ပက်ပယ်လှေဖျက်၊ အတိုက်ခက်။ |
၂၄ | ကွဲပြားအယူ၊ နားကင်းထူ၊ သုံးလူရှင်လျက်၊ အဟောခက်။ |
No comments:
Post a Comment