ခဲစု-၁၀
| ၁ | လူအဖြစ်ကို၊ စင်စစ်မလွဲ၊ ရမည်ခဲ။ |
| ၂ | ရလှည့်ပါလည်း၊ အင်္ဂါပြည့်ဝ၊ ပုရိသဟု၊ မုချမလွဲ၊ ရမည်ခဲ။ |
| ၃ | ပုရိသစစ်၊ ဖြစ်လင့်ကစား၊ မြတ်တရားကို၊ တိုးပွားနှိုက်နှဲ၊ သိမည်ခဲ။ |
| ၄ | သိငြားသော်လည်း၊ ပျက်ချော်မလွဲ၊ တော်မည်ခဲ။ |
| ၅ | တော်ငြားပါလည်း၊ ရှေ့နောက်စိတ်ထဲ၊ တတ်မည်ခဲ။ |
| ၆ | ဂတိလေးပါး၊ ထိုတရားကို၊ စွန့်စားရှောင်လွဲ၊ ကျင့်မည်ခဲ။ |
| ၇ | မိစ္ဆာယူမှား၊ အပါယ်လားသော်၊ တရားမစွဲ၊ ကျွတ်မည်ခဲ။ |
| ၈ | အရှင်မင်းက၊ မှူးမတ်စသည်၊ ပြည်မလူများ၊ မတရားက၊ တိုင်းကားပြည်ထဲ၊ စည်မည်ခဲ။ |
| ၉ | ဝေဘူတောင်ဖျား၊ ပတ္တမြားကို၊ စွန့်ထားညွန်ပေါ်၊ နှစ်တုံသော်လည်း၊ တေဇော်ညွန်ထဲ၊ နစ်မည်ခဲ။ |
| ၁၀ | ပညာလွန်ကျူး၊ ဂုဏ်အထူးနှင့် ကျေးဇူးရှိမူ၊ ထိုသသူအား၊ ခေါင်းပါးဆင်းရဲ၊ ရှိမည်ခဲ။ |
No comments:
Post a Comment