Monday, August 24, 2009

ပူးပေါင်းဆောင်ရွက်မှု


အဲဒီအကြောင်းအရာကို ရေးချင်နေတာ အတော်ကိုကြာပါပြီ။ ကျွန်တော့်မျက်စိရှေ့မှာ မြင်သလောက်တော့ ကျွန်တော်တို့လူမျိုးတွေဟာ ပူးပေါင်းဆောင်ရွက်မှု အင်မတန်အားနည်းတယ်လို့ မြင်ပါတယ်။ အကုန်လုံးကို မဆိုလိုဘူးဆိုတာကို ကြိုတင်ပြောလိုပါတယ်။ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်လို့ ဘာကြောင့် ကျွန်တော်ပြောရသလဲလို့ မေးစရာရှိပါတယ်။ ကျွန်တော်သိသလောက် ပြောပြရင်လည်း အဲဒီလူတွေ၊ အဲဒီအဖွဲ့အစည်းတွေဟာ ကျွန်တော့်ကို ကြိုက်ကြမှာမဟုတ်ပါဘူး။ အဲဒီအတွက် နာမည်တွေတပ်ပြီး ဘယ်သူတွေက ဘယ်လိုဆိုတာကို မပြောတော့ပါဘူး။ နောင်များ အခြေအနေပေးခဲ့ရင်တော့ ရေးဖို့ တေးထားတာကတော့ အသေအချာပါပဲ။ မြန်မာတို့ရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ ပူပေါင်းဆောင်ရွက်မှု အားနည်းခဲ့ရတဲ့အတွက် ပေးဆပ်ခဲ့ရတာတွေဟာ နည်းမှမနည်းတာ။ တကယ့်ကို သင်ခန်းစာရစရာတွေ အများကြီးပါပဲ။ ဒီနေ့အထိလည်း အဲဒီ သံသရာထဲကနေ မလွတ်မြောက်နိုင်သေးတာ အားလုံးအသိပါ။ ထားပါတော့လေ။ ကိုယ့်ထမင်းကိုယ်စားပြီး အမုန်းမခံတော့ပါဘူး။
အခုတော့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ထိမိလှတဲ့ ကာတွန်းလေးတစ်ကွက်ကို ခံစားလိုက်ကြပါဦးဗျာ။ ခင်ဗျားအတော်လေး သဘောကျမယ်ဆိုတာ ယုံကြည်ပါတယ်။ သိပြီးသားဖြစ်နေရင်တောင် အခုပြန်ကြည့်တဲ့အချိန်မှာ ကျေနပ်သဘောကျမှာ အသေအချာပါပဲ။ အဲဒီကာတွန်းလေးဟာ စကားလုံးတွေအများကြီး ကျွန်တော်တို့ကို ပြောပြနေပါတယ်။ ခင်ဗျားကိုယ်တိုင်သာ အဲဒီစကားလုံးတွေကို ဘာသာပြန်ကြည့်လိုက်ပါတော့ဗျာ။

No comments:

Post a Comment

 
Web Statistics