Monday, August 24, 2009

ရန်သူ့အမူအရာ (၁၆)မျိုး


  1. သင်နှင့် မျက်နှာချင်းဆိုင် တွေ့နေပါလျက် ပြုံးရွှင်သော မျက်နှာမရှိ၊ ပြုံးရယ်ခြင်းမပြု။
  2. သင်ပြောလိုသောစကားကို ထောက်ခံနှစ်သက်သော အမူအရာမပြ။
  3. သင့်အား မျက်နှာချင်းဆိုင်ခွင့်မပေး၊ ခရီးရင်ဆိုင်တွေ့သော်လည်း မျက်နှာလွှဲသွား၏။
  4. သင်ပြောဆိုသောစကားကို ဆန့်ကျင်ပြောဆို၏။ သင်ကဖြူလျှင် သူကမည်း၏။ သင်ကမည်းလျှင် သူကဖြူ၏။
  5. သင်နှင့် မတည့်သူ သင်၏ ရန်သူများကိုသာ ရွေးပေါင်းသင်း၏။
  6. သင်၏မိတ်ဆွေများကို အပေါင်းအသင်းမပြုဘဲ အဝေးကရှောင်၏။
  7. သင်၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောသံကြားက အမြဲကန့်ကွက်၏။ သင့်အား ချီးကျူးမှုကို တားမြစ်၏။
  8. သင့်ကို ရှုတ်ချကဲ့ရဲ့သူ၊ ဆဲရေးသူတို့ကို လူတော်လူကောင်း လူမှန်များဟု ချီးမွမ်း၏။
  9. သူ၏ လျှို့ဝှက်ချက်ကို သင့်အား အသိမပေး၊ သင်သိမည်ကို စိုးရိမ်၏။
  10. သင်၏ လျှို့ဝှက်ချက်ကိုမူ နှုတ်မစောင့်၊ နှုတ်မလုံ။ လူလည်ကောင်တွင် ပြောထုတ်ကြေညာတတ်၏။
  11. သင်၏ လုပ်ဆောင်မှုများကို ဘယ်သောအခါမျှ ချီးမွမ်းခြင်းမပြု။
  12. သင်၏ အသိဉာဏ်ပညာ၊ အတတ်ပညာကို ဘယ်သောအခါမျှ ချီးမွမ်းခြင်းမပြု။
  13. သင်၏ ပျက်စီးမှု၊ ဆုတ်ယုတ်နိမ့်ကျမှုများကိုသာ လိုလားနှစ်သက်၏။
  14. သင်၏ တိုးတက်ကြီးပွားမှု၊ ပြည့်စုံမှုကို မလိုလား၊ မနှစ်သက်ချေ။
  15. စားသောက်ဖွယ်အထူးအဆန်းရရှိသောအခါ သင့်အား ခွဲဝေမျှတ ပေးကမ်းဦးမည်ဟု စိတ်ကူးမျှမဖြစ်။
  16. ထိုသို့ စားသောက်ဖွယ် အထူးအဆန်းရရှိသောအခါ၌ သင်လည်း အလားတူရပါစေဟု လိုလားတောင့်တမှုမဖြစ်။
( ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics