Monday, August 24, 2009

မိတ်ဆွေအမူအရာ (၁၆)မျိုး


  1. ရပ်ဝေးရောက်၍ ကွဲကွာနေသောအခါ သင့်ကို သတိရအောက်မေ့၏။
  2. ရပ်ဝေးမှ ပြန်လာရန် လိုလား၏။
  3. သင်ရပ်ဝေးမှ ပြန်လာသောအခါ ၀မ်းသာအယ်လဲကြို၏။
  4. သင်ပြောသောစကားကို နှစ်သက်လက်ခံ၏။
  5. သင်၏ မိတ်ဆွေများကို ရွေးချယ်ပေါင်းသင်း၏။
  6. သင်၏ ရန်သူများကို ရှောင်ကြဉ်၏။ (သင်ချစ်ရာကိုချစ်၍ သင်မုန်းရာကို မုန်း၏)
  7. သင့်ကို ကဲ့ရဲ့ရှုတ်ချဆဲရေးလျှင် ကန့်ကွက်ချေပ၏၊ တားမြစ်၏။
  8. သင့်အကြောင်း ချီးကျူးစကားပြောသူကို ထောက်ခံချီးမွမ်း၏။
  9. သူ၏ လျှို့ဝှက်ချက်ကို သင့်အား ယုံမှတ်၍ ပြောကြားတတ်၏။
  10. သင်၏ လျှို့ဝှက်ချက်များကို နှုတ်လုံစွာ စောင့်ထိန်းတတ်၏။
  11. သင့်လုပ်ဆောင်ချက်များကို ချီးမွမ်းတတ်၏။
  12. သင်၏ အတတ်ပညာ၊ အသိပညာကို ချီးမွမ်း၏။
  13. သင်၏ ကြီးပွားတိုးတက်မှုကို နှစ်သက်လိုလား၏။
  14. သင်၏ ဆုတ်ယုတ်ပျက်စီးမှုကို မလိုလားချေ။
  15. စားသောက်ဖွယ်ရာ အထူးအဆန်းစားရသောအခါ၌ သင့်ကို သတိရတမ်းတ၏။
  16. စားသောက်ဖွယ်ရာ အထူးအဆန်းစားရသောအခါ၌ ငါ့မိတ်ဆွေလည်း အလားတူရပါစေဟု လိုလားတောင့်တတတ်၏။

( ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics