Friday, September 18, 2009

ဒါတွေကို သင်သိရဲ့လား


(၁)
သာမန်အရွယ်ရောက်သူ အမျိုးသားတစ်ဦး၏ ပျမ်းမျှဦးနှောက်အလေးချိန်သည် 1375gm ဖြစ်ပါသည်။ ရုရှားလူမျိုး နိုဘယ်လ်ဆုရှင် အီဗန် တူရဂီညက်(ဗ်) ၏ ဦးနှောက်သည် 2021gm ရှိပါသည်။ ဂျာမန်နိုင်ငံခေါင်းဆောင် ဘစ်(စ)မက်(ခ်) ၏ ဦးနှောက်မှာမူ 1807gm လေးပါသည်။ ပြင်သစ်နိုင်ငံရေးခေါင်းဆောင် ဂမ်ဘက်တား ၏ ဦးနှောက်ကတော့ 1294gm သာ ရှိသည်ဟု သိရပါသည်။ ကမ္ဘာသိပါရမီရှင်ကြီး အိုင်းစတိုင်း၏ ဦးနှောက်မှာ သူလိုကိုယ်လို ပျမ်းမျှအလေးချိန်ခန့်သာဖြစ်ပါသည်။

(၂)
လက်ဖက်ပင်ကို ဘီစီ၂၇၃၇ ခုနှစ်ခန့်ကပင် တရုတ်ပြည်၌ စတင်တွေ့ရှိခဲ့သည်ဟု ဆိုပါသည်။ လက်ဖက်ပင်မှ အရွက်အချို့သည် ဆူပွက်နေသည့် ရေနွေးအိုးတစ်ခုထဲသို့ အမှတ်မထင် ကျရောက်သွားရာမှ စတင်တွေ့ရှိခဲ့ခြင်းဟု ဆိုကြပါသည်။ လက်ဖက်ခြောက်ထုပ်များကိုမူ ၁၉၀၈ ခုနှစ်တွင် နယူးယောက်မှ သောမတ်စ်ဆူလီဗန် ဆိုသူက စတင်တီထွင်မိတ်ဆက်ပေးခဲ့ပါသည်။

(၃)
သစ်ကုလားအုတ်တစ်ကောင်သည် သူ၏ ၂၁ လက်မခန့်ရှည်သောလျှာကို အသုံးပြုကာ သူ၏နားရွက်များကို သန့်ရှင်းရေး ပြုလုပ်နိုင်သည်။

(၄)
ရှေးအကျဆုံးသော မြေပုံများကို လွန်ခဲ့သော ဘီစီ ၂၃၀၀ ခန့်က ဘေဘီလုံတွင်နေထိုင်သူများက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

(၅)
ခဲတံတစ်ချောင်းကိုအသုံးပြု၍ မျဉ်းကြောင်းဆွဲမည်ဆိုပါက ၃၅ မိုင်ခန့်အထိ ရှည်လျားအောင် ဆွဲသားနိုင်ပါသည်။ အကယ်၍ အင်္ဂလိပ်စာလုံးများရေးသားမည်ဆိုပါက စာလုံးပေါင်း ၅၀၀၀၀ ခန့် ရေးသားနိုင်ပါသည်။

No comments:

Post a Comment

 
Web Statistics