Thursday, December 17, 2009

နိုင်ငံရေးအဆိုအမိန့်များ - မောင်ဝံသ


"A fanatic is one who won't change his mind and won't change the subject."

Winston Churchill
စိတ်လည်းမပြောင်း၊ ဘာသာရပ်လည်းမပြောင်းသူကို အယူသည်းသူလို့ ခေါ်တယ်။
ဝင်စတန်ချာချီ

"After I'm dead I'd rather have people ask why I have no monument than why I have one."
Cato the Elder
ကျွန်တော်သေသွားတဲ့အခါ လူတွေက ကျွန်တော့်အထိမ်းအမှတ်ကျောက်တိုင် ဘာကြောင့်ရှိနေတာလဲလို့ အမေးခံရတာထက် ကျွန်တော့်အထိမ်းအမှတ်ကျောက်တိုင် ဘာကြောင့် မရှိရတာလဲလို့ မေးတာကို ခံချင်ပါတယ်။
ကေတို (အကြီး)

"I find that the harder I work, the more luck I seem to have."
Thomas Jefferson
ကျွန်တော် အလုပ်ပိုလုပ်လေ၊ ကံပိုကောင်းလေပဲ။
ထောမတ်ဂျက်ဖာဆင်

"There are two kinds of people, those who do the work and those who take the credit. Try to be in the first group, there is less competition there."
Indirea Gandhi
လူနှစ်မျိုးရှိတယ်။ အလုပ်လုပ်တဲ့လူတွေနဲ့ အမှတ်ယူတဲ့လူတွေ။ ပထမအမျိုးအစားထဲမှာ ပါပါစေ။ အဲဒီမှာ အပြိုင်အဆိုင် သိပ်မရှိဘူး။
အင်ဒီရာဂန္ဒီ

"Finality is not the language of politics."
Benjamin Disraeli
အပြီးသတ်ပဲဆိုတာ နိုင်ငံရေးဘာသာစကား မဟုတ်ဘူး။
ဘင်ဂျမင်ဒစ္စရေလီ

"There is no more independence in politics than there is in jail."
Will Rogers
နိုင်ငံရေးမှာ လွတ်လပ်တယ်ဆိုတာ ထောင်ထဲမှာ လွတ်လပ်ခြင်းထက် မပိုပါဘူး။
ဝီလ်ရောဂျား

"When we win on and issue we call it leadership. When we lose, we call it politics. Practicing politics simply means increasing your options for effective results."
John Eldred
ကိစ္စတစ်ခုမှာ အနိုင်ရရင် ခေါင်းဆောင်မှုလို့ခေါ်တယ်။ ရှုံးရင် ဒါနိုင်ငံရေးပဲလို့ ပြောတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ထိရောက်တဲ့ ရလဒ်တွေရဖို့ သင့်ရဲ့ ရွေးချယ်ပိုင်ခွင့်တွေကို တိုးချဲ့တာပဲ ဖြစ်တယ်။
ဂျွန်အဲလ်ဒရက်

(7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၄၀ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics