ကျွန်တော့်ကွန်ပျူတာမှာ USB Ports တွေ သုံးလို့မရတဲ့အတွက် ကွန်ပျူတာမှာ စာရိုက်ထားသမျှတွေကို စီဒီနဲ့ကူးပြီး ပို့စ်တင်နေရတာ အတော်ကြာပါပြီ။ Flash Drive အသုံးပြုလို့ရရင် ရိုက်ထားတဲ့စာတွေကို Send To လေးတစ်ချက်နှိပ်ပြီး သယ်လို့ရပေမယ့် စီဒီနဲ့လုပ်ရတာ အတော်လေးကို စိတ်ညစ်ဖို့ကောင်းပါတယ်။ ဘလော့ဂ်ကိုသံယောဇဉ်ရှိလွန်းလို့သာ လုပ်နေရတာ.. အဆင်မပြေတာကတော့ တော်တော့်ကို အဆင်မပြေတာပါ။ တနင်္ဂနွေနေ့ ညပိုင်းကတော့ အချိန်အားလေးလည်းရှိတုန်း ၀င်းဒိုးပြန်တင်လိုက်တယ်။ ဘာမှထူးမလာပါဘူး။ ပြစ်ချက်ရှာလို့လည်း မတွေ့တော့ ပိုပြီး စိတ်တိုပါတယ်။ ဒါနဲ့ အခြားဝင်းဒိုးတွေ တင်ကြည့်တယ်။ ထူးမခြားနားပါပဲ။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းလုပ်နေရတာ စိတ်ကလည်းတို၊ လုပ်စရာရှိတဲ့အလုပ်တွေကိုလည်း မလုပ်နိုင်ဆိုတော့ ကိုယ့်ဒေါသနဲ့ကိုယ် မဖြစ်ချေဘူးဆိုပြီး သူငယ်ချင်းတွေဆီကို ယူလာခဲ့ပါတယ်။ ဒီနေ့ တစ်မနက်လုံး ၀ိုင်းဝန်းကလိကြသော်လည်း အဘယ်ကြောင့်မသိ၊ ကျွန်တော်၏ အနှီကွန်ပျူတာသည် ယခင်အတိုင်းသာ အာခံလျက်ရှိနေသေးပေ၏။ သူ့ခမြာလည်း ကျွန်တော်ကလိသမျှကို (၇)နှစ်လောက် ထူပေထာပေခံလာရပြီးဖြစ်သည့်အတွက် ပင်ပန်းအိုမင်းနေပြီလားမသိ။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘလော့ဂ်ကို လာဖတ်ကြတဲ့လူတွေကို ကျေးဇူးတင်ပါသည်။ အခုတလော ကွန်ပျူတာလေး အဆင်မပြေသေးသည့်အတွက် ပို့စ်တင်ရန် အခက်အခဲရှိပါသည်။ ရုံးရောက်တဲ့အချိန်လေးမှာ ရလောက်ပို့စ်လေးတွေရေးပြီး တင်ပေးပါ့မည်။ ယခင်လို ဖွယ်ဖွယ်ရာရာလေးတွေ မဖတ်ရလျှင် နားလည်ပေးကြပါရန် အသိပေးပါကြောင်း။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၊ တနင်္လာနေ့။
ည ၈ နာရီ ၅၆ မိနစ်။
ရပါတယ် ဗျာ။ မြန်မြန် အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။
ReplyDelete