မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးသည် နိုင်ငံသားအားလုံး၏ အိပ်မက်တစ်ခုဖြစ်ပါသည်။ The Voice Weekly အနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးသည် ဖြစ်နိုင်ခဲသောအရာတစ်ခုဟာ မထင်မိပေ။
မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးတွင် အဓိကပါဝင်ပတ်သက်သော Stakeholder များသည် မြန်မာနိုင်ငံ၏ သားစဉ်မြေးဆက် အနာဂတ်ကို အတူတကွ ဖန်တီးကြမည့်သူများဖြစ်ရာ Business Partner များဆက်ဆံရေးသဖွယ်ဖြစ်ပြီး တစ်နပ်စားအရောင်းအ၀ယ်ကိစ္စမဟုတ်ပါ။ တစ်နပ်စားအရောင်းအ၀ယ်ကိစ္စတွင် သူရှုံး ငါနိုင်ကိစ္စ ဖြစ်နိုင်သော်လည်း Business Partner ဆက်ဆံရေးသည် သူမြတ်ကိုယ်မြတ်ကိစ္စသာဖြစ်၍ တစ်ဦးကိုတစ်ဦး လက်အားလုံး ထုတ်ပြထားရန် အရေးကြီးပါသည်။ အထူးသဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီရေးကို လိုလားပါသည်ဆိုသော Stakeholder များက မိမိ၏ လက်အားလုံးကို ထုတ်ပြထားကြရန် အရေးကြီးပါသည်။
လက်အားလုံးထုတ်ပြခြင်းဆိုသည်မှာ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ပါမည်ဟု ပြောခြင်းထက်ပို၍ မည်သို့အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ပါမည်ဟု အတိအကျပြောဆိုခြင်းမျိုးကို ဆိုလိုပါသည်။
အထူးသဖြင့် အဓိက Stakeholder တစ်ဦးဖြစ်သူ တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော်လည်း တပ်မတော်တို့၏ သဘောသဘာဝအရ စစ်ရေးအမြင်ဖြင့် စဉ်းစားသူဖြစ်ရာ တပ်မတော်နှင့် ဆက်ဆံရာတွင် လက်အားလုံးထုတ်ပြထားခြင်းသည်သာ အမျိုးသားစည်းလုံးညီညွတ်မှု ရရှိစေခြင်း၏ အကြောင်းတရားဖြစ်လိမ့်မည်ဟု ထင်မြင်မိပါကြောင်း။
Sunday, December 13, 2009
လက်အားလုံး ထုတ်ပြထားခြင်းသည်သာ
အယ်ဒီတာ (၅-၁၂-၂၀၀၉)
( The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၆ တွင် ပါရှိသည့် အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည် )
Posted by Ko Nyan Posted Time 10:45 PM
Labels 2010, Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment