(၁)
ဆရာမ - စာအုပ်ထဲမှာ ပုံတွေလျှောက်မဆွဲပါနဲ့လို့ မင်းကိုပြောထားတာ ဘယ်နှခါရှိပြီလဲ။
ကျောင်းသား - စိတ်မကောင်းပါဘူးဆရာမ... ကျွန်တော်ဆရာမပြောတာတွေကို ဘယ်နှကြိမ်ရှိပြီလဲ လိုက်မရေထားမိဘူးခင်ဗျ။
(၂)
သား - မန္တလေးမြို့ဟာ မြန်မာပြည်ရဲ့မြို့တော် ဖြစ်ပါစေဘုရား။
အဖေ - ဘာဖြစ်လို့ အဲဒီလိုဆုတောင်းနေရတာလဲ ငါ့သားရဲ့။
သား - ကျွန်တော်ဒီနေ့ ပထ၀ီစာမေးပွဲမေးခွန်းကို အဲဒီလိုဖြေခဲ့လို့ပါ။
(၃)
ပထမကျောင်းသား - ငါကြက်ဥတွေ၊ ဘဲဥတွေကို မုန်းလာပြီကွာ။
ဒုတိယကျောင်းသား - ဘာဖြစ်လို့လဲကွ။
ပထမကျောင်းသား - ငါ့အဖြေလွှာစာအုပ်ပေါ်မှာ သူတို့ကိုချည်းပဲ မြင်နေရလို့။
(၄)
မေးသူ - တခြားလူတွေ ဘယ်သူမှ မလုပ်နိုင်တဲ့ အလုပ်မျိုးကို မင်းလုပ်နိုင်သလား။
ဖြေသူ - လုပ်နိုင်တာပေါ့ကွာ။
မေးသူ - ဘာအလုပ်လဲကွ။
ဖြေသူ - ငါ့လက်ရေးကို ငါကလွဲရင် ဘယ်သူမှ မဖတ်တတ်ဘူးကွ။
(၅)
အဖေ - သားရေ... ၈ ကို ၉ နဲ့မြောက်ရင် ဘယ်လောက်ရမလဲကွ။
သား - ၇၀ ပါ အဖေ။
အဖေ - အေး... ငါ့သားက တော်တယ်ကွ၊ ရော့ သားအတွက် ချောကလက်ဆုချတယ်။
အိမ်နီးချင်း - ဟေ့လူ... ၈ ကို ၉ နဲ့မြောက်ရင် ၇၂ ရတယ်လေဗျာ။
အဖေ - သူတိုးတက်လာတာဗျ။ မနေ့ကတုန်းက ၆၈ လို့ ဖြေတယ်လေ။
(၆)
ပထမသူခိုး - ဟာ... ဟိုမှာ ရဲလာနေပြီ၊ ပြတင်းပေါက်ကနေ ခုန်ချ၊ မြန်မြန်။
ဒုတိယသူခိုး - ဒါ ၁၃ ထပ်နော်။
ပထမသူခိုး - မင်းကလဲ... အရေးထဲမှပဲ၊ မြန်မြန်ခုန်ချ၊ ဒါ ကံဆိုးကံကောင်းကို ရွေးနေရမယ့် အချိန်မဟုတ်ဘူးကွ။
(၇)
လူကြီး - မင်းအဖေအသက်ဘယ်လောက်ရှိပြီလဲ။
ကလေး - ကျွန်တော်နဲ့ရွယ်တူပဲ။
လူကြီး - ဟေ... ဘယ်လိုလုပ် ဖြစ်နိုင်မလဲကွ။
ကလေး - ကျွန်တော့်ကို မွေးပြီးမှ သူလည်း အဖေဖြစ်တာလေ။
(၈)
အမျိုးသား - ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး မှတ်ဉာဏ်ဟာ ကျွန်တော့်မိန်းမမှာ ရှိတယ်ဗျ။
ဆရာဝန် - သူဘာကိုမှ မမှတ်မိဘူးလား။
အမျိုးသား - မဟုတ်ပါဘူးဗျာ... အကုန်လုံးကို အမြဲတမ်းမှတ်မိနေလို့။
စာကြွင်း
အင်တာနက်ပေါ်မှာ တွေ့တဲ့ဟာလေးတွေကို ဆီလျော်အောင် ဘာသာပြန်ပေးလိုက်တာပါ။ တချို့ဟာလေးတွေက မူရင်းမှာကိုက တွေးပြီးရယ်ရတာဖြစ်ပေမယ့် ဘာသာပြန်အားနည်းမှုကြောင့် အဓိပ္ပါယ်တစ်မျိုးပေါက်သွားခဲ့ရင် ဆောရီးပါ။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်၊ တနင်္လာနေ့။
နံနက် ၀ နာရီ ၃ မိနစ်တွင် ပြီး၏။
No comments:
Post a Comment