"သား… မင်းကို အမေ ကြည့်ကြည့်နေတာ… အခုတလော နှစ်ရက်ခြား တစ်ခါလောက် မင်းအိမ်ပြန်နောက်ကျနေတယ်။ အခုလည်းကြည့် ည ၁၀နာရီခွဲ ၁၁ နာရီ ရှိနေပြီ။ အဲဒါ ဘာဖြစ်လို့လဲ…"
ကျွန်တော်အလုပ်က ပြန်ရောက်ရောက်ချင်း အမေ့ဆီက ကြားရတဲ့ မေးခွန်းစကားပါ။ ကျွန်တော်က ဂုဏ်ထူး သုံးဘာသာနဲ့ ဆယ်တန်အောင်ပြီးကာစ။ သားအမိနှစ်ယောက်တည်း ဆိုပေမယ့် နွမ်းပါးတော့ တက္ကသိုလ်မတက်ခင် ၀င်ငွေလေးရအောင်ဆိုပြီး Study Guide လိုက်ပါတယ်။ ကျွန်တော်တို့သားအမိ နေတာက မြို့သစ်မှာပါ။ စာပြပေးရတာက မြို့ထဲပါ။ မြို့သစ်နဲ့ မြို့ထဲဆိုတော့ သွားရလာရတာလည်း အချိန်ကြာပါတယ်။ အခု ကျွန်တော် Guide လုပ်နေတဲ့အိမ်က ဆယ်တန်းတက်စ မြီးကောင်ပေါက်ကောင်မလေး (၂)ယောက်ပါ။ ဟုတ်ပါတယ်။ ကျွန်တော်ကလည်း အခုနောက်ပိုင်း အမေပြောသလို (၂)ရက်တစ်ခါလောက် အိမ်ပြန်နောက်ကျနေပါတယ်။ အခု အဲဒီကိစ္စ အမေက မေးနေပါပြီ။
"သား… မင်း… အမေမေးတာကို မဖြေသေးဘူးနော်…"
"ဟုတ်… ဟုတ်ပါတယ် အမေ… ဒီလိုပါ… အရင်တုန်းကတော့ အခု သားလုပ်နေတဲ့ စာသင်ဝိုင်းက ည ၇ နာရီက ၈ နာရီထိပါ။ ဒါပေမယ့် အခုကျတော့ အဲဒီကောင်မလေးတွေက သူတို့ကြိုက်တဲ့ ကိုရီးယားကားတွေက (၂)ရက်ခြားတစ်ခါ လာတာဆိုတာ့ အဲဒီကိုရီးယားကား ကားပြီးမှ စပါတဲ့။ အဲဒီလိုမှ အချိန်ပြောင်းမပေးနိုင်ရင်တော့ တခြားဆရာပဲ ရှာလိုက်တော့မယ်…တဲ့။ အဲ…. အဲဒါကြောင့်ပါ…။ သားတို့မှာလည်း ဒီဝင်ငွေလေးပဲ ရှိတယ်မဟုတ်လား အမေရယ်"
"ဟင်း" ဆိုတဲ့ အမေ့ရဲ့ သက်ပြင်းချသံ လေးလေးကြီးထဲမှာ အဓိပ္ပါယ်တွေ အများကြီးပါနေမယ်ဆိုတာ ကျွန်တော် ကျိမ်းသေပြောရဲပါတယ်။
Tuesday, December 15, 2009
ရိုက်ခတ်မှု - ခေးကို(မန်း)
(ကလျာ မဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြပါသည်)
[စာကြွင်း - ကလျာအထူးထုတ်မဂ္ဂဇင်းထဲမှာပါတဲ့ဟာကို သဘောကျလို့ မိတ္တူကူးယူထားလိုက်တာလို့ ထင်ပါတယ်။ စိတ်မကောင်းစွာဘဲ အမှတ်စဉ် ဘယ်လောက်ဆိုတာ ပြန်စဉ်းစားလို့ မရဘူး။ ကျွန်တော့်ရဲ့ အားနည်းချက်ပါ။]Posted by Ko Nyan Posted Time 8:45 PM
Labels စာအုပ်မှတ်စုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment