နိုင်ငံတော်က စီးပွားရေးရာနှင့် လူမှုရေးရာများကို လမ်းညွှန်ခြင်း၊ ထိန်းချုပ်ခြင်းပြုသည့်စနစ် ကျင့်သုံးခြင်းကို ခေါ်ဆိုသည်။ အစိုးရက အများပြည်သူဆိုင်ရာ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ စီးပွားရေးစီမံကိန်းများကို ဗဟိုကကိုင်ထားခြင်း၊ အလုပ်အကိုင်ခန့်ထားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ကန့်သတ်ခြင်း၊ ဈေးကွက်တွင် ဈေးနှုန်းကို ၀င်ရောက်ကစားခြင်း စသည်တို့သည် နိုင်ငံတော်ဝါဒ၏ လက္ခဏာများဖြစ်သည်။ စီးပွားရေးရည်မှန်းချက်များမှာ စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ရန်နှင့် နိုင်ငံခြားမှယှဉ်ပြိုင်မှုများကို ကာကွယ်ရန်ဖြစ်သည်။ နိုင်ငံရေးအရမူ နိုင်ငံတော်နှင့် အစိုးရသည် ပြည်တွင်း၌ တရားဝင်ဖြစ်မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ နိုင်ငံတော်ဝါဒသည် ဆိုရှယ်လစ်ရေးထက် အမျိုးသားရေးဝါဒကို ပို၍ အားပြုသည်။ သို့ဖြင့် နိုင်ငံတော်အရင်းရှင်စနစ်နှင့် သဘောသဘာဝချင်း ပို၍ ဆင်တူသည်။ ၁၉၈၀ မှစ၍ နိုင်ငံတော်ဝါဒသည် စီးပွားရေးလစ်ဘရယ်ဝါဒနှင့် တည်ဆောက်ပုံပြန်လည်ထိန်းညှိရေး ပြုပြင်ပြောင်းလဲမှုများ၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ပြင်သစ်နှင့် ဂျပန်သည် နိုင်ငံတော်ဝါဒ၏ ဂန္ထ၀င်နမူနာများ ဖြစ်ခဲ့သည်။
Thursday, December 31, 2009
နိုင်ငံတော်ဝါဒ Statism
(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၅၊ အမှတ် ၅၁၊ မောင်ဝံသ၏ ကမ္ဘာ့နိုင်ငံရေး ဝေါဟာရအဘိဓာန်မှ ကောက်နုတ်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 11:23 PM
Labels 2010, Political, စာအုပ်မှတ်စုများ, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment