The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၉ က ဖတ်မိတဲ့သတင်းလေးတွေက ဒီလိုပါ-
(၁) တစ်ကမ္ဘာလုံးအသုံးပြုနိုင်မည့် 3G မိုဘိုင်းလ်ဖုန်း SIM Card များ မြန်မာနိုင်ငံတွင် ရောင်းချမည်
- ရုရှားနိုင်ငံအခြေစိုက် နာမည်ကျော် Vimple Com ဆက်သွယ်ရေးကုမ္ပဏီသည် တစ်ကမ္ဘာလုံးအသုံးပြုနိုင်သည့် Beeline အမှတ်တံဆိပ် 3G မိုဘိုင်းလ်ဖုန်း SIM Card များကို မြန်မာနိုင်ငံတွင် လူတိုင်းသုံးစွဲနိုင်မည့် နှုန်းထားဖြင့် ထုတ်လုပ်ရောင်းချနိုင်ရန် စီစဉ်လျက်ရှိ
- အဆိုပါကုမ္ပဏီသည့် အရှေ့တောင်အာရှတွင် စတုတ္ထမြောက်နိုင်ငံအဖြစ် မြန်မာနိုင်ငံသို့ အခြေချနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်
- ယင်း SIM Card များကို
- လာအိုတွင် သုံးစွဲသူ ၆.၅ သန်း
- ဗီယက်နမ်တွင် ၈၆.၁ သန်း
- ကမ္ဘောဒီးယားတွင် ၁၄.၅ သန်း ရှိ
(၂) ထူးကုမ္ပဏီ ရေအားလျှပ်စစ်စီမံကိန်းကြီးနှစ်ခုတွင် ပထမဆုံးအကြိမ် ၀င်ရောက်ရင်းနှီးမြှုပ်နှံ
- အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်း
- ထာခ ရေအားလျှပ်စစ်စီမံကိန်း တို့ဖြစ်သည်။
- စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်းကို အနာဂတ်စွမ်းအားကုမ္ပဏီကလည်းကောင်း၊ အထက်ဘီဘူးချောင်း ရေအားလျှပ်စစ်စီမံကိန်းကို မင်းအနော်ရထာ ကုမ္ပဏီကလည်းကောင်း လုပ်ကိုင်ခွင့်ရရှိထားသည်။
(၃) မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် အသည်းအစားထိုးကု
- ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌ ဒီဇင်ဘာ ၂၄ ရက်တွင် ဆောင်ရွက်ခဲ့
- ခွဲစိတ် အထူးကုဆရာဝန် (၉)ဦး
- မေ့ဆေး အထူးကုဆရာဝန် (၈)ဦး
- နှလုံးသွေးကြောခွဲစိတ် အထူးကုဆရာဝန် (၃)ဦး
- အသည်းဆေးကုသမှု အထူးကုဆရာဝန် (၅)ဦး
- သူနာပြု (၁၂)ဦး တို့ဖြင့်
- (၂၁)နာရီကြာ ဆောင်ရွက်ခဲ့ကြ
- အသည်းဝေဒနာရှင် ဦးအောင်မြင့်နိုင် (၄၉ နှစ်) အား ယောက်ဖဖြစ်သူ အသည်းအလှူရှင် ဦးလင်းထက်လှိုင်ထံမှ အသည်းတစ်ဝက်ဖြင့် အစားထိုး ကုသပေးခဲ့ခြင်းဖြစ်
- ပထမအကြိမ် အသည်းအစားထိုး ကုသမှုကို ၂၀၀၄ ခုနှစ် သြဂုတ်လတွင် ပါမောက္ခ ဒေါက်တာနော်မန်လှ ဦးဆောင်သော ခွဲစိတ်အထူးကု ဆရာဝန်ကြီးများက ၁၃ နာရီကြာအောင် ဆောင်ရွက်ခဲ့ရ
- အသည်းအစားထိုး ခွဲစိတ်ကုသမှုသည် အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံက ပထမဦးဆုံး ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
(၄) ၂၀၁၃ ဆီးဂိမ်း မြန်မာအိမ်ရှင်အဖြစ် လက်ခံ၊ မခံ ၂၀၁၀ ဧပြီတွင် အကြောင်းပြန်ရမည်
(၅) အင်တာနက်၊ ရုပ်သံလှိုင်းနှင့် ဖုန်းလိုင်း သုံးခုလုံး ဆက်သွယ်ရေးကြိုးတစ်ချောင်းဖြင့် ၀န်ဆောင်မှုပေးမည့် GPON စနစ် ၂၀၁၀ အတွင်း အကောင်အထည်ဖော်မည်
- Fortune International Ltd. မှ ဆောင်ရွက်သွားမည်ဖြစ်
(၆) ၀ယ်လိုအားတက်၍ ကန်ဒေါ်လာထက် FEC ဈေးမြင့်
- အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ ၁၀၀၀ ကျပ်
- FEC တစ်ယူနစ်လျှင် မြန်မာငွေ ၁၀၁၀ ကျပ်
- (ဒီဇင်ဘာ ၃၀ ရက်နေ့အထိ)
(၇) ကြိုးဖုန်း၊ ဆယ်လူလာနှင့် စီဒီအမ်အေခြင်းဖုန်းခေါ်ဆိုခ ပြောင်းလဲခြင်းမရှိ၊ မိုဘိုင်းလ်ဖုန်းခေါ်ဆိုခ တစ်မိနစ် ၅၀ ကျပ်ထိ တရားဝင်တိုးမြှင့်
(၈) ကာတွန်းရေးဆွဲနေစဉ် လေသင်တုန်းကြောင့် ကာတွန်းဆရာကြီး ဦးဗကလေး ကွယ်လွန်
- ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့
- ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်
- ၁၉၁၈ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေချောင်းပြင်ကျေးရွာတွင် ဖခင်ဖြစ်သူ ဦးစံလှ မိခင်ဖြစ်သူ ဒေါ်အေးဘုံတို့မှ မွေးဖွားခဲ့။
- ရွှင်ပြုံးဂျာနယ်ကို ဦးစီးထုတ်ဝေခဲ့။
(၉) မြန်မာ့ဝိုင်နှင့် အရက်ချက်စက်ရုံ အာမခံလျော်ကြေး ကျပ်သန်း တစ်ထောင့်ခြောက်ရာကျော်ရရှိ
- ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း လှည်းကူးမြို့နယ်၊ ယင်းတိုက်ပင်ကျေးရွာအနီးရှိ MWDC အရက်စက်ရုံဝင်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်။
- အာမခံထားခဲ့ရာတွင် မီးအာမခံတစ်ခုတည်းကိုသာမက မီးလောင်ပေါက်ကွဲမှုအာမခံ၊ သူတစ်ပါးဖျက်စီးမှု၊ မုန်တိုင်း၊ မြေငလျင် စသည့် သဘာဝဘေးအန္တရယ်များ ထားရှိခဲ့ခြင်းဖြစ်။
- အာမခံထားငွေသည် စက်ရုံဟောင်းအတွက် ကျပ် ၅၆၆ ဒသမ ၇၈ သန်းဖြစ်ပြီး၊ စက်ရုံသစ်အတွက် ကျပ်သန်း ၂၀၀၀ ကျော်ဖြစ်။
(၁၀) ၂၀၁၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ အသင်းနှစ်သင်း ထပ်မံဝင်ရောက်လာရန်ရှိ
- ACE FC အသင်း၊ နေပြည်တော်ကို ကိုယ်စားပြုမည်
- SARA FC အသင်း၊ ကရင်ပြည်နယ်ကို ကိုယ်စားပြုမည်
(၁၁) အာစီယံ + ၃ ဘုံနိုင်ငံခြားအရန်ငွေ ဒေါ်လာ ၁၂၀ ဘီလီယံ ထူထောင်ရေးလက်မှတ်ရေးထိုးပြီ
- ၂၀၁၀ ပြည့်နှစ် မတ်လ ၂၄ ရက်နေ့တွင် စတင်ထူထောင်မည်ဖြစ်။
- အာစီယံအဖွဲ့ဝင် ၁၀ နိုင်ငံက ဒေါ်လာ ၂၄ ဘီလီယံ၊
- ဂျပန်နိုင်ငံက ဒေါ်လာ ၃၈.၄ ဘီလီယံ
- တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတို့က ဒေါ်လာ ၃၈.၄ ဘီလီယံ၊
- တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ ၁၉.၂ ဘီလီယံ ထည့်ဝင်မတည်ထူထောင်ကြမည်
(၁၂) ငှက်ဖျားတိုက်ဖျက်ရန် ခြင်ထီးများကို သင်းကွပ်ရမည်ဟု ဗြိတိန်ပညာရှင်များဆို
(၁၃) အရက်မူးပြီး ယာဉ်မောင်းခြင်းကို ရုရှားသမ္မတ ဦးဆောင်တိုက်ဖျက်မည်
- အရက်မူးပြီး ကားမောင်းနေသဖြင့် ရုရှားအမျိုးသား သုံးဦးလျှင် တစ်ဦးနှုန်း ပင်စင်ယူနိုင်သော အသက်အရွယ်မတိုင်မီ သေဆုံးနေရသည်။
- ရုရှားသည် ဥရောပတွင် ယာဉ်မတော်တဆမှု အများဆုံးနေရာဖြစ်။
TRUE News(သစ္စာ) ဂျာနယ် အတွဲ ၂၊ အမှတ် ၂၁ မှာ ဖတ်မိတဲ့အထဲက စိတ်ဝင်စားမိတဲ့ သတင်းလေးတွေပါ-
(၁) ကျပ်ငါးသိန်းတန်ဖုန်း ဇန်န၀ါရီလလယ်တွင် စတင်ငှားရမ်းမည်
- ရန်ကုန်တိုင်းအတွင်း ငှားရမ်းမည်ဖြစ်
- CDMA-800 MHz Fixed ဖုန်းများဖြစ်
(၂) အစိုးရငွေတိုက်စာချုပ်ကို လွှဲပြောင်းရောင်းချနိုင်သော်လည်း အရောင်းအ၀ယ်ကိစ္စကို MSEC ၌သာ ဆောင်ရွက်နိုင်
- MSEC = မြန်မာငွေချေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်
(၃) ထူးထရေးဒင်းအပါအ၀င် ပြည်တွင်းပြည်ပ ကုမ္ပဏီများ ရေအားလျှပ်စစ်စီမံကိန်းများကို (B.O.T)စနစ်ဖြင့် လုပ်ကိုင်ခွင့်ရ
- B.O.T. = တည်ဆောက်၊ မောင်းနှင်၊ လွှဲပြောင်း
- ထူးဒရေးဒင်း - အထက်ဆည်တော်ကြီးနှင့် ထာခ ရေအားလျှပ်စစ်စီမံကိန်းများ
- ရွှေစွမ်းအင် ကုမ္ပဏီ - သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်း
- အနာဂတ်စွမ်းအား ကုမ္ပဏီလီမိတက် - ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စီမံကိန်း
- Delco ကုမ္ပဏီလီမိတက် - အညာဖျား ရေအားလျှပ်စစ်စီမံကိန်း
(၄) နေ့စဉ် မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ရေတော်ဝတ် ရွက်ဆောင်တော်မူသည့် ရေတော်ဆရာတော်ဘုရား ပျံလွန်တော်မ
- အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇူ ဘဒ္ဓန္တ ပညာဝံသ
- ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်
- မန္တလေးမြို့ "ငြိမ်း အထူးကုဆေးခန်း" ၌ နှလုံးရောဂါဖြင့် ပျံလွန်တော်မူခြင်းဖြစ်
- သက်တော် ၇၅ နှစ်၊ ၀ါတော် ၅၅ ၀ါ
- မြန်မာသက္ကရာဇ် ၁၃၄၉ ခုနှစ် တပေါင်းလဆန်း ၁ ရက်၊ အင်္ဂါနေ့နံနက်မှစတင်ပြီး မန္တလေးမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို စတင်ပြီး ရေတော်ဝတ် ရွက်ဆောင်တော်မူခဲ့ခြင်းဖြစ်သဖြင့် ၂၂ နှစ်ရှိပြီဖြစ်။
- အန္တိမဈာပနကို ဇန်န၀ါရီလ ၁၂ ရက်နေ့မှစ၍ ၄၅တာကွင်းတွင် သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်။
(၅) အစ္စရေးနျူကလီးယားပညာရှင် မော်ဒီချိုင်းဗာဒူးဒူး ဖမ်းဆီးခြင်းခံရပြန်
(၆) အီရန်တရားရုံးတစ်ရုံးက အစိုးရဆန့်ကျင်သူ အရာရှိဟောင်းတစ်ဦးကို ထောင်ဒဏ် (၆)နှစ် ချမှတ်
- ပြီးခဲ့ဇွန်လက ကျင်းပပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲ ရလဒ်ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲများအတွင်း ပါဝင်ပတ်သက်ခဲ့သူ အစိုးရပြောခွင့်ရ လူပုဂ္ဂိုလ်ဟောင်းတစ်ဦးဖြစ်သူ အဗ္ဗဒူလာ ရမ်ဇန်ဇာဒက်။
- အစိုးရကို ဖြုတ်ချဖယ်ရှားရန် ကြံစည်ကြိုးပမ်းခဲ့သည်ဟူသော စွဲချက်အတွက် အပြစ်ရှိသည်ဟုဆို။
- နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောင့်ယှက်ခဲ့မှု၊ အစ္စလာမ်မစ် သမ္မတနိုင်ငံတော်အား သိက္ခာချ အကြည်ညိုပျက်စေအောင် ဟောပြောလှုံ့ဆော်မှုနှင့် နိုင်ငံတော်နှင့် ပတ်သက်သည့် လျှို့ဝှက်သတင်းအချက်အလက်များ လက်ဝယ်တွေ့ရှိမှု စသည့် စွဲချက်များဖြင့် အဆိုပါပြစ်ဒဏ်ကို တရားရုံးက ချမှတ်ခြင်းဖြစ်။
(၇) နျူကလီးယားလက်နက်သစ်များ ဆက်ထုတ်မည်ဟု ရုရှားသမ္မတက ပြောဆို
No comments:
Post a Comment