စစ်ဘက်နှင့် လွှတ်တော်
ဖြစ်ထွန်းမည့် မြန်မာ့ဒီမိုကရေစီတွင် တပ်မတော်က ပါဝင်မည်ဖြစ်၍ မြန်မာ့ဒီမိုကရေစီသည် လမ်းညွှန်ဒီမိုကရေစီ ဖြစ်လိမ့်မည်ဟု စာရေးသူက ရေးသားခဲ့သည်။ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပင် ပြဋ္ဌာန်းထားသဖြင့် တပ်မတော်ပါဝင်ပတ်သက်မှုသည် အမြဲတမ်းသဘော၊ ထာဝရသဘောဆောင်လိမ့်မည်ဟု ယူဆထားမိသည်။ "သို့သော်" ပေါ်လာသည်။
စာရေးသူက တပ်မတော်အနေဖြင့် ဒုတိယလမ်းပြမြေပုံ မလိုအပ်ကြောင်း၊ ပထမလမ်းပြမြေပုံသာ ဖန်တီးပေးသော ဖြစ်စဉ် (လွှတ်တော်)ကို လည်ပတ်ခုတ်မောင်းနိုင်ရန် အခွင့်အလမ်းပေးသင့်ကြောင်း အကြံပေးရေးသားခဲ့သည်။
အရှင်ဖွင့်ထား
ဤတွင် တပ်မတော်၏ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူတို့၏ နောက်ဆက်တွဲဖြေရှင်းမှုကို ဖတ်ရှုလိုက်ရသောအခါ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုသည် အရှင်ဖွင့်ထားသည့် Open-ended လမ်းကြောင်းဖြစ်ကြောင်း နားလည်လိုက်မိသည်။ ၂၀၁၀ ရွေးကောက်ပွဲပြီး၍ ပေါ်ပေါက်မည့် လွှတ်တော်တို့ကသာ တပ်မတော်၏ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဆုံးဖြတ်လျှင် ဤဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမည်ဟု တာဝန်ရှိသူတို့ ကတိက၀တ်ပြုလာသည်။ ဤကတိက၀တ်သည် စစ်ဘက်မျိုးဆက်သစ်တို့အပေါ်လည်း ခိုင်မြဲလိမ့်မည်ဟု မျှော်လင့်ရသည်။
ယင်းအချက်သည် အခြေခံဥပဒေ၏ မူအရလည်း မှန်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်မည့် လွှတ်တော်တို့လည်း အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုရရှိမည်။ ၎င်းကို Sovereignty of Parliament ဟု ခေါ်သည်။ မည်သူမျှ လွှတ်တော်၏အထက်တွင် မရှိကောင်းပေ။ ထို့ကြောင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမည်ဟု ကတိက၀တ်ဆိုခြင်းဖြစ်သည်။ လွှတ်တော်တို့၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုရာရောက်၍ ကြိုဆိုအပ်သည်။
Thursday, January 07, 2010
စစ်ဘက်ပါဝင်မှု အရှင်ဖွင့်ခြင်း - မောင်စူးစမ်း
အညွှန်း - ကြေးမုံ
(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၆၊ အမှတ် ၁ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 7:45 PM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment