7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၄၃
(၁) ဖုန်းသုံးစွဲခ မြင့်တက်သွားသည့်အတွက် ကတ်ဖုန်းများ ရောင်းအားမြင့်လာ- ဖုန်းသုံးစွဲခများ နှစ်ဆမြင့်တက်သွားခြင်းကြောင့် ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်း ရောင်းဝယ်ငှားဈေးကွက် အေးစက်သွားကာ တစ်ခါသုံးဖုန်းကတ်များ အ၀ယ်လိုက်လာခြင်းဖြစ်သည်။
(၂) ပျံလွန်တော်မူသွားသည့် မဟာမြတ်မုနိ ရေတော်ဆရာတော်နေရာတွင် ဆရာတော်၏တပည့်က ယာယီတာဝန်ယူ
(၃) မန္တလေးမြို့ကို လျှပ်စစ်ဓာတ်အား ပေးဝေမည့်စီမံကိန်း ထူးကုမ္ပဏီလုပ်ကိုင်ခွင့်ရရှိ
- အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်း
- BOT – Build Operate Transfer (ကိုယ်တိုင်တည်ဆောက်၊ စီမံ၊ လွှဲပြောင်း)
- စက်တပ်ဆင်အား ၆၄ မဂ္ဂါဝပ် ထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်
- ယခုအခါ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်း ၃၀ ရှိပြီး စက်တပ်ဆင်အား မဂ္ဂါဝပ် ၂၂၅၅.၉၀ ရှိသည်။
- တည်ဆောက်ဆဲ စီမံကိန်း ၃၃ ခုမှ ထွက်ပေါ်လာမည့် မဂ္ဂါဝပ် ၃၀၃၉၀.၅၀ ရှိကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မဂ္ဂါဝပ် ၉၀၀ ကျော်သာ ရှိသည်။
(၄) ကျပ်ငါးသိန်းတန်ဖုန်းက နံပါတ်အသေတစ်ခုရကာ သက်တမ်းတိုးစနစ်ဖြင့် ဘီလ်ပေးသွင်းနိုင်မည်။
- စီဒီအမ်အေ ၈၀၀ MZ (Wireless) ကြိုးမဲ့စနစ်ပါ အထိုင်ဖုန်းများဖြစ်
- ရန်ကုန်မြို့၌ အလုံးရေ တစ်သိန်းနှင့် မန္တလေးမြို့၌ အလုံးရေ ငါးသောင်း ချထားပေးသွားမည်
- ဖုန်းခေါ်ဆိုခအား စာရွက်စာတမ်းများဖြင့် ဆောင်စရာမလိုဘဲ ကတ်များဝယ်ယူ၍ အသုံးပြုရမည်ဖြစ်
- ယင်းဖုန်းကိုင်ဆောင်သူများအတွက - ကျပ်တစ်သောင်းတန်၊ ကျပ်သုံးသောင်းတန်၊ အက်ဖ်အီးစီ ၂၀ ယူနစ်တန်နှင့် အက်ဖ်အီးစီ ၅၀ ယူနစ်တန် ထပ်ဖြည့်ကတ် (Refill card) ၄ မျိုးအား ရောင်းချပေးမည်ဖြစ်
- ခေါ်ဆိုခမှာ ပြည်တွင်းရှိ မည်သည့်နေရာမဆို တစ်မိနစ်လျှင် (၅၀)ကျပ် နှင့် နိုင်ငံတကာခေါ်ဆိုခအား နိုင်ငံတကာအများစုအတွက် တစ်မိနစ်လျှင် (၀ ဒသမ ၉ အက်ဖ်အီးစီ) ၉၀၀ ကျပ်ခန့် သတ်မှတ်ထား
- ဖုန်းအ၀င်ခ ပေးဆောင်ရန်မလို
- ပြည်ပခေါ်ဆိုလျှင် မြန်မာကျပ်ငွေထည့်ထားသော ကတ်ဖြင့်အသုံးပြု၍ ရမည်မဟုတ်ဘဲ အက်ဖ်အီးစီယူနစ်ကတ် ထည့်ထားမှသာ ခေါ်ဆို၍ရမည်ဖြစ်
- ကတ်နှစ်မျိုးလုံးကို တစ်ပြိုင်တည်း ထည့်သွင်းထားနိုင်
- Wireless မိသော မန္တလေးမြို့တစ်မြို့လုံးနီးပါးတွင် အသုံးပြုနိုင်ပြီး အခြားမြို့များတွင်မူ အသုံးပြု၍ မရနိုင်သေး
- စာတိုပို့စနစ် SMS အသုံးပြုနိုင်ပြီး တစ်စောင်လျှင် (၅၀)ကျပ်နှုန်း
- နောက်ပိုင်းတွင် ဖက်စ်ပို့သည့် စနစ်ပါ အသုံးပြုနိုင်အောင် စီစဉ်ပေးမည်ဟုသိရ
(၅) ရတနာပုံဆိုက်ဘာစီးတီးတွင် တရုတ်ကုမ္ပဏီများ အများဆုံး ရင်းနှီးမြှုပ်နှံဖွယ်ရှိ
- ယခုလက်ရှိ လုပ်ငန်းလည်ပတ်နေသော ကုမ္ပဏီ (၇)ခုဝန်းကျင်ရှိပြီး အများဆုံးမှာ တရုတ်ကုမ္ပဏီများဖြစ်
- ရတနာပုံဆိုက်ဘာစီးတီး၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး စက်ရုံများ တည်ဆောက်၍ လုပ်ငန်းများလည်ပတ်နေသော တရုတ်ကုမ္ပဏီအချို့မှာ-
- Huawei Co., Ltd
- E-Lite Co., Ltd
- Yatanapon Fiber Cable Factory
- Tha Moe Hnye Chan Thar Tun Wai Thar Co., Ltd
(၆) မန္တလေးတောင်မြင့်သုသာန် ပြောင်းရွှေ့ရေးစီစဉ်
(၇) M.C.I.C က ကြေညာသည့် အနုပညာကြေးအပေါ် အဆိုတော်များ ပေးဆောင်ရန်မလို
ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၆၊ အမှတ် ၁
(၁) ၂၅ တန် တာဘိုထရပ်ကားများ အိန္ဒိယနှင့် ပူးပေါင်းထုတ်လုပ်မည်- အမှတ်(၂) စက်မှုဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ Ta Ta Motors Co., Ltd. တို့ ပူးပေါင်း၍ ထုတ်လုပ်မည်ဖြစ်
- ၂၅ တန် Ta Ta Heavy Turbo Trucks ကားများ
(၂) ကိုရီးယားတွင် အလုပ်ရရှိမည်ဆိုကာ ငွေကြေးလိမ်လည်ခဲ့သူအား အမည်ပျက်စာရင်းသွင်း
- ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ၀နရပ်ကွက်၊ အမှတ်(၁) သရက်တောလမ်းနေ Golden Apple Construction Group Co., Ltd. မှ ဦးမောင်မောင်မြင့်
(၃) မီးရထားနှင့်သက်ဆိုင်သော နေရာများတွင် ဗီဒီယို၊ ရုပ်ရှင် ရိုက်ကူးမှုများ ခွင့်ပြုချက်ယူရတော့မည်
- မြန်မာ့မီးရထား၏ သက်ဆိုင်သောနေရာများတွင် ရိုက်ကူးရေးအစီအစဉ်များ ထုတ်လွှင့်ပြသမည်ဆိုပါက ရိုက်ကူးမည့်ဒေသရှိ မီးရထားတိုင်းအရာရှိ၏ ခွင့်ပြုချက်ကိုရယူကာ သတ်မှတ်သည့်နေရာနှင့် အချိန်တွင်သာ ရိုက်ကူးသွားရမည်ဖြစ်
(၄) အခါမဟုတ် ဈေးမြင့်နေသော ကြက်သွန်နီဈေးပြန်ကျ၊ မတ်ပဲဈေး တစ်တန် ၁၀ သိန်းအောက်ကျဆင်း အရောင်းအ၀ယ်သွက်
No comments:
Post a Comment