ဇာတ်ကားအမည် - ဘုန်းမောင်လှံထမ်းလာသည်
ဇာတ်လမ်း - မြားစစ်သည်
ဇာတ်ညွှန်း - အောင်SS
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ထူးခန့်ကျော်၊ ခင်လှိုင်၊ သဇင်၊ ချောရတနာ
မှတ်ချက်
မင်းသားသစ်တွေကြည့်ဖူးတယ်ရှိအောင် ငှားကြည့်ဖြစ်ရုံသက်သက်ပါ။ ကျွန်တော်ကတော့ မကြိုက်ပါဘူး။ မင်းသမီးတွေကို မလိုအပ်ဘဲ နာမည်ခံထည့်ထားတယ်။ တချို့အခန်းလေးတွေ ရယ်ရတာကလွဲရင် ဘာမှမယ်မယ်ရရ မရှိတဲ့ ဇာတ်ကားလို့ မြင်မိပါတယ်။
ဇာတ်ကားအမည် - အကျိုးဆောင် တိုးမောင်
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အောင်ကြီး
ဒါရိုက်တာ - မိုက်တီး ရဲ့ ရိုက်ချက်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ မေကဗျာ၊ မင်းရာဇာ၊ အရိုင်း၊ ငှက်ပျောကြော်၊ ဒေါ်နွဲ့နွဲ့စန်း
ကျွန်တော်ကြိုက်တဲ့ ဒိုင်ယာလော့ခ်တွေ
- လူသားဆန်တယ်ဆိုတဲ့ကိစ္စမှာ အရည်အချင်းစစ်ပြီး မှတ်ပုံတင်လုပ်ရမယ်ဆိုရင် လူစာရင်းထဲမှာ မင်း… မပါဘူး တိုးမောင်။
- လူဆိုတာ ဗိုက်ဆာမှ ရန်သူလား၊ မိတ်ဆွေလား ကွဲပြားသတဲ့။
- အစာအိမ်ဆိုတာ ပုဆိုးချွတ်သလို ခဏပုံထားလို့ ရတာမဟုတ်ဘူး။
မှတ်ချက်
မဆိုးလှတဲ့ဇာတ်လမ်းလို့ ပြောလို့ရပါတယ်။ ပေးချင်တဲ့ message ကို သဘောကျတာတစ်ခုတည်းနဲ့တင် ဒီဇာတ်ကားကို ကျွန်တော်အမှတ်ပြည့် ပေးမိပါတယ်။
ဇာတ်ကားအမည် - ဖြတ်သန်းသွားလာခွင့်မရှိ
ဝတ္ထု - မိုးနီလွင်
ဇာတ်ညွှန်း - မြင့်ဦးဦးမြင့်
ဒါရိုက်တာ - မီးပွား
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်၊ ဇော်ဇော်အောင်၊ ဗေဒါ၊ တက္ကသိုလ် ဂွမ်းပုံ၊ ဦးခိုင်တင်
မှတ်ချက်
ကြည့်ပျော်တဲ့ဇာတ်ကားပါပဲ။ ဒါပေမယ့် ဆရာမီးပွားရိုက်တာဖြစ်ရဲ့သားနဲ့ ဒါမျိုးဇာတ်လမ်းမျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်မိတာပဲ။ မီးပွားဆိုတဲ့နာမည်ကို ဒီလိုဇာတ်ကားနဲ့ပေါင်းလိုက်တော့ နည်းနည်းများ ပေါတောတောနိုင်သလားလို့ပါ။ အပျင်းပြေကတော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခုလို့ ညွှန်းချင်ပါတယ်။
ဇာတ်ကားအမည် - တစ်ယောက်က တစ်ယောက်ကို
ဝတ္ထု - လွန်းထားထား (ဆေးတက္ကသိုလ်)
ဇာတ်ညွှန်း - မြင့်ဦးဦးမြင့်
ဒါရိုက်တာ - ၀င်းထွန်းထွန်း ၏ အနုပညာပြချက်
သရုပ်ဆောင်များ - မြင့်မြတ်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ
မှတ်ချက်
မင်းသမီးနေရာမှာ စိုးမြတ်နန္ဒာအစား အခြားတစ်ယောက်ဆိုရင် အတော်ကြည့်လို့ကောင်းမယ်။ စိုးမြတ်သူဇာကြီးက ဒီလောက်ကောင်းအောင် ပို့ပေးနေပါလျက်နဲ့ ဇာတ်က ထင်သလောက် ကြွတက်မလာတာကို ကြည့်နေရင်းနဲ့ လုံးဝအားမရဘူး။ ဇာတ်လမ်းကလည်း ပြောစရာမလိုဘူး၊ ဒါရိုက်တာကလည်း အဲဒီလိုဇာတ်လမ်းတွေကို ပိုင်မှပိုင်ဆိုတဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းကလည်း မြင့်ဦးဦးမြင့်၊ အင်း…… ကျွန်တော်ဘာမှ ဝေဖန်ချက် မပေးလိုတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း၊ အမြင်ချင်း မတူနိုင်ဘူးလေ။ ငှားတော့ကြည့်စေချင်တယ်။ ဇာတ်လမ်းလေးက အတော်ကောင်းလို့ပါ။ ပြီးတော့ အတည်ပေါက်နဲ့ ရယ်ရတဲ့အခန်းတွေ အများကြီးပါလို့ပါ။ စိုးမြတ်သူဇာကြီး အတည်ပေါက်နဲ့ စိတ်ဆိုးပြလေ ကြည့်နေတဲ့လူတွေ ရယ်ရလေဖြစ်နေတာကလည်း သူ့ရဲ့ သရုပ်ဆောင်ပညာပဲ ထင်ပါရဲ့ဗျာ။
ဇာတ်ကားအမည် - ၄၀ အိုဗာ ဖီးလ် (40 Over Feel)
ဇာတ်လမ်း - ပြည့်မောင်
ဒါရိုက်တာ - မောင်ပြည့်ဝ (ပန်းဝေသီ) ရေးညွှန်းရိုက်ကူးသည်။
သရုပ်ဆောင်များ - လူမင်း၊ ထွန်းအိန္ဒြာဗို၊ ဇူးမြတ်ထက်၊ သဒ္ဓါထက်၊ ညောင်ညောင်၊ ဟိန်းမင်း၊ အေးအေးခိုင်
မှတ်ချက်
အင်း… ဘာမှတ်ချက်မှ မပေးတော့ပါဘူး။ ငှားကြည့်လိုက်စမ်းပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် အသက် ၄၀ ၀န်းကျင် အစ်ကိုကြီးတွေ၊ အစ်မကြီးတွေ မလွတ်တမ်းကြည့်သင့်တဲ့ကားပေါ့။ ဇာတ်ကားနာမည်ကိုက ခင်ဗျားတို့ကို ရည်ညွှန်းထားတယ်လေ။ ဒီဇာတ်ကားကြည့်ပြီးတဲ့အခါ မျက်နှာသစ်သရုပ်ဆောင် သဒ္ဓါထက်ရဲ့ "ကယ်လေး" ဆိုတဲ့အသံကို ပြန်ကြားယောင်နေကြဦးမှာ မြင်ယောင်နေမိပါသေးသဗျာ။
ဇာတ်ကားအမည် - ခံတွင်းပျက် မောဟ
ဝတ္ထု - ဒေါင်းနေမင်း
ဇာတ်ညွှန်း - ဆုသြချယ်
ဒါရိုက်တာ - ၀င်းထွန်းထွန်း ၏ အနုပညာပြချက်
သရုပ်ဆောင်များ - ပြေတီဦး၊ မယ်လိုဒီ၊ မေသန်းနု၊ ပြေဇင်၊ ဖိုးတာ၊ လူမုန်း၊ မျိုးမျိုးခိုင်
ကျွန်တော်ကြိုက်တဲ့ ဒိုင်ယာလော့ခ်တွေ
- တချို့တွေက ညံ့မှကြိုက်ကြလို့ ညံ့ချင်ယောင်ဆောင်နေတာပါ။
- ကလေးလေးတွေ နို့စို့တတ်အောင် သင်ပေးစရာမလိုပါဘူး…။ ယောက်ျားလေးတွေ ရည်းစားစကား ပြောတတ်ဖို့လည်း ဆရာမလိုပါဘူး။
မှတ်ချက်
ပြေတီဦးရဲ့ အပီပြင်ဆုံး အရက်သမားဇာတ်ရုပ်၊ ၀င်းထွန်းထွန်းရဲ့ မူပိုင်အမှတ်အသားဖြစ်နေတဲ့ ခံစားချက်ဇာတ်လမ်း၊ ဇာတ်ညွှန်းက အမြဲတမ်းလက်တွဲညီတဲ့ ဆုသြချယ်၊ မိခင်ဇာတ်ရုပ်တွေကို အပိုင်မှတ်ပုံတင်ထားတဲ့ မေသန်းနုတို့ ပေါင်းစုံမိတဲ့အခါ ဆရာဒေါင်းနေမင်းရဲ့ ဇာတ်အိမ်ခိုင်ပြီးသား ဇာတ်လမ်းတစ်ခုကို ပုံပေါ်အောင် ထုဆစ်နိုင်သွားခဲ့တာဟာ မထူးဆန်းဘူးလို့ ပြောရမှာပါပဲ။ အပျင်းပြေ၊ ရယ်ချင်မောချင်၊ အချစ်ဖန်စီလေးတွေ ကြည့်ချင်သူတွေအတွက်တော့ လုံးဝကြိုက်မှာမဟုတ်တဲ့ ဇာတ်ကားပါ။ ဒါပေမယ့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဇာတ်လမ်းအသားပေး အနေနဲ့စဉ်းစားပြီး ကြည့်သင့်တဲ့ဇာတ်ကားပါ။ အမေကိုချစ်တယ်ဆိုတဲ့ သားတွေအတွက်တော့ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုပါ။ အမေနဲ့ဝေးရာမှာရောက်နေတဲ့ သားတွေအတွက်တော့ ဒီဇာတ်ကားထဲက ဒိုင်ယာလော့ခ်တွေကိုကြားရင် ရင်ထဲမှာ မိုးပြိုနေဦးမှာ အသေအချာပါပဲ။ ဒီတစ်ပတ်အတွက် ကျွန်တော်အကြိုက်ဆုံး ဇာတ်ကားဖြစ်ပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၅ ရက်၊ တနင်္လာနေ့။
နံနက် ၉ နာရီ ၃၃ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၅ ရက်၊ တနင်္လာနေ့။
နံနက် ၉ နာရီ ၃၃ မိနစ်တွင်ပြီး၏။
No comments:
Post a Comment