Sunday, February 14, 2010

CYBER LOVE - မောင်အောင်နိုင်


မင်းနာမည်ရင်း ကိုယ်မသိ၊ ကိုယ်နာမည်ရင်း မင်းမသိ
မင်းအသက်လည်း ကိုယ်မသိ၊ ကိုယ့်အသက်လည်း မင်းမသိ
မင်းရုပ်ရည်လည်း ကိုယ်မသိ၊ ကိုယ့်ရုပ်ရည်လည်း မင်းမသိ
မင်းနေရပ်လည်း ကိုယ်မသိ၊ ကိုယ့်နေရပ်လည်း မင်းမသိ
ဖန်သားပြင်ထက်မှာတော့ နှလုံးသားချင်းနေ့စဉ်တွေ့ထိ
မင်းအားငယ်နေတိုင်း၊ ကိုယ်အားပေးနေမိ
မင်းသောကရောက်တိုင်း၊ ကိုယ်မျှဝေခံစားမိ
မင်းလျှောက်မယ့်လမ်း၊ မှုန်ဝါးရင်လည်း
လမ်းပြမီးအိမ်လေး ကိုယ့်ကိုကြည့်
ဒီလိုနဲ့ပဲ နှစ်ဦးသား သံယောဇဉ်ငြိတွယ်မိ။

မနီးကြပေမယ့် မဝေးကြေး၊ မတွေ့ကြပေမယ့် မဆွေးကြေး
ကွန်ပျူတာရှေ့ ထိုင်လိုက်တိုင်း
ကွန်ပျူတာခလုတ်ကလေးတွေ ကိုင်လိုက်တိုင်း
ကိုယ့်နှလုံးသားကို မင်းကထိ၊ မင်းနှလုံးသားကို ကိုယ်ကသိ။

ဒီအချစ်မှာ နယ်နိမိတ်မရှိ၊ အကွာအဝေးမရှိ
အမုန်းတရားမရှိ၊ စိုးထိတ်ကြောက်ရွံ့မှုမရှိ
သိမ်ငယ်မှုဆိုတာမရှိ၊ ကြေကွဲစရာလည်းမရှိ
မင်းရဲ့ဆိုင်ဘာချစ်သူ ကိုယ်သာထာဝရ ဖြစ်ရပါလို၏။


*****
ဘယ်ထဲက ကူးထားမိသလဲဆိုတာ မသိပါဘူး။ ကွန်ပျူတာထဲမှာ အဟောင်းတွေပြန်လိုက်ရှာရင်း တွေ့လို့ တင်ပေးလိုက်တာပါ။ အများစု သဘောကျမယ်လို့လည်း ထင်မိလို့ပါ။ လွန်ခဲ့တဲ့ ၅ နှစ် ၂၀၀၅ ခုနှစ်လောက်က မြန်မာ့သွေးရာဟုဂရု(ပ်)ကို ပို့ခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ မဖတ်ဖူးသူတွေ ဖတ်ရအောင်ပါ။

2 comments:

  1. လာလည်သွားပါတယ်။

    ReplyDelete
  2. လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

    ReplyDelete

 
Web Statistics