Friday, March 19, 2010

ဆေးလိပ်ကဗျာ


အမြီးကိုကိုက်၊ ခေါင်းမီးမြှိုက်
အငွေ့ကိုရှိုက်၊ ဇိမ်ခံလိုက်
အချိန်လည်းရှုံး၊ ငွေလည်းရှုံး
နောက်ဆုံးလူညွန့်တုံး။

*****************
တစ်ရက်က စာသင်ခန်းမှာ တပည့်တွေကို အိပ်ငိုက်ပြေအနေနဲ့ သူတို့တွေအလွတ်ရ မှတ်မိနေတဲ့ ကဗျာလေးတွေ ရွတ်ခိုင်းတော့ တပည့်တစ်ယောက် ထရွတ်တဲ့ ကဗျာလေးပါ။ ဘယ်သူရေးတယ်ဆိုတာ သူမမှတ်မိပါဘူး။ ငယ်ငယ်လေးကတည်းက ရနေတဲ့ကဗျာလို့ ဆိုပါတယ်။ ကျွန်တော်တစ်ခါမှ မကြားဖူးသေးတာမို့ သက်ငယ်စကား သက်ကြီးကြားအနေနဲ့ မှတ်သားထားမိတာကို ပြန်လည်ဝေငှလိုက်တာပါ။ -------------- [ကိုဉာဏ်]

No comments:

Post a Comment

 
Web Statistics