ညီမျှခြင်း (၁)
လူ = စားခြင်း + အိပ်ခြင်း + အလုပ် + ပျော်ရွှင်မှု
မြည်း = စားခြင်း + အိပ်ခြင်း
ထို့ကြောင့်
လူ = မြည်း + အလုပ် + ပျော်ရွှင်မှု
ထို့ကြောင့်
လူ - ပျော်ရွှင်မှု = မြည်း + အလုပ်
ထို့ကြောင့်
ပျော်ရွှင်မှုမသိသော လူ = အလုပ်လုပ်နေသော မြည်း
ညီမျှခြင်း (၂)
ယောက်ျား = စားခြင်း + အိပ်ခြင်း + ပိုက်ဆံရှာခြင်း
မြည်း = စားခြင်း + အိပ်ခြင်း
ထို့ကြောင့်
ယောက်ျား = မြည်း + ပိုက်ဆံရှာခြင်း
ထို့ကြောင့်
ယောက်ျား - ပိုက်ဆံရှာခြင်း = မြည်း
ထို့ကြောင့်
ပိုက်ဆံမရှာသော ယောက်ျား = မြည်း
ညီမျှခြင်း (၃)
မိန်းမ = စားခြင်း + အိပ်ခြင်း + ပိုက်ဆံဖြုန်းခြင်း
မြည်း = စားခြင်း + အိပ်ခြင်း
ထို့ကြောင့်
မိန်းမ = မြည်း + ပိုက်ဆံဖြုန်းခြင်း
မိန်းမ - ပိုက်ဆံဖြုန်းခြင်း = မြည်း
ထို့ကြောင့်
ပိုက်ဆံမဖြုန်းသော မိန်းမ = မြည်း
ကောက်ချက်ချရလျှင်
ညီမျှခြင်း (၂) နှင့် ညီမျှခြင်း (၃) အရ
ပိုက်ဆံမရှာသော ယောက်ျား = ပိုက်ဆံမဖြုန်းသော မိန်းမ
ထို့ကြောင့် မိန်းမများ မြည်းမဖြစ်စေရန်အတွက် ယောက်ျားများသည် ပိုက်ဆံရှာကြသည်။
ထို့အတူ ယောက်ျားများ မြည်းမဖြစ်စေရန်အတွက် မိန်းမများ ပိုက်ဆံဖြုန်းကြသည်။
ထို့ကြောင့်
ယောက်ျား + မိန်းမ = မြည်း + ပိုက်ဆံရှာခြင်း + မြည်း + ပိုက်ဆံဖြုန်းခြင်း
ရရှိလာသော အဆိုပြုချက်နှစ်ခုကို ဆင်ခြင်သုံးသပ်၍ ကောက်ချက်ချရလျှင်
ယောက်ျား + မိန်းမ = ပျော်ရွှင်စွာ အတူတကွနေထိုင်သော မြည်းနှစ်ကောင်ဖြစ်သည်။
************
အရင်အီးမေးလ်အဟောင်းတွေကို လိုက်ဖတ်ရင်း Forward မေးလ်တစ်ခုကိုတွေ့လို့ ဘာသာပြန်ပြီး တင်ပေးလိုက်တာပါ။ အင်္ဂလိပ်လိုရေးထားတာတော့ သဘောကျစရာကောင်း၊ ရယ်စရာကောင်းပါတယ်။ ကျွန်တော့်ရဲ့ ဘာသာပြန်အားနည်းမှု၊ စကားလုံးရွေးချယ်မှု ညံ့ဖျင်းမှုကြောင့် မရယ်ရဘူးဆိုရင်လည်း မရယ်ကြပါနဲ့။ အားနာသမှုနဲ့ ပြုံးရုံလောက်တော့ ပြုံးလိုက်ကြပါဦးလို့။ သြော်.... တစ်လက်စတည်း မှာချင်ပါသေးတယ်။ အခုပို့စ်ဟာ ဟာသသက်သက်ပါနော်။ ဘယ်သူ့ကိုမှ စော်ကားလိုတဲ့စိတ်၊ နစ်နာစေလိုတဲ့စိတ် မရှိပါဘူး။ ကျေးဇူးတင်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၉ ရက်၊ အင်္ဂါနေ့။
ည ၉ နာရီ ၃၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment