လူမျိုးခြားလက်
မြေတစ်ဟက်တာ ရောင်းမိပါသော်
ဟက်တာအတွင်း သူပိုင်းခြင်းကြောင်း
လက်ရင်းမြန်မာ တစ်ဟက်တာ
ဆုတ်ခွါပေးရကြောင်း … ။
ထိုမျိုးခြားနှင့် စကားရောယှက်
တစ်နံနက်မျှ ပြောမိကြသော်
ဝါဒရေးရာ ရိုက်သွင်းလာကြောင့်
လင်းရာအကြောင်း အမှောင်လား
ယောင်ဝါးစေပါကြောင်း။
ကိုယ့်ထက်မြင့်မား ထိုမျိုးခြားသို့
စီးပွားဖြစ်ကြောင်း အကူတောင်းက
နောက်ကြောင်းတစ်နည်း သူဖန်တီးကြောင့်
သမီးအပ်ရ သားအပ်ရ
မှားတတ်လှပါကြောင်း။
ရောင်းချင်းရောင်းလျှင် မျိုးတူတွင်
ပြင်ဆင်ရောင်းကြပါ။
ပေါင်းချင်းပေါင်းလျှင် မျိုးတူယှဉ်
ခင်မင်ပေါင်းကြပါ။
တောင်းချင်းတောင်းလျှင် မျိုးတူပင်
တွင်တွင်တောင်းကြပါ။
Sunday, March 21, 2010
ကြော်ငြာသင်ပုန်း - မဟာဗောဓိမြိုင်ဆရာတော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment