နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံထူထောင်ရေးဖြစ်သည့်အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံထူထောင်ရန်ဆိုလျှင် ပညာမတတ်သူများဖြင့် ထူထောင်၍မရဘဲ အသိပညာရှင်၊ အတတ်ပညာရှင် စသည့် လူ့စွမ်းအား အရင်းအမြစ်များဖြင့်သာ ထူထောင်နိုင်မည် ဖြစ်သည့်အတွက် ယနေ့တက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ အခန်းကဏ္ဍသည် နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော အချိန်ကို ရောက်ရှိနေပြီဖြစ်ကြောင်း။
နိုင်ငံတော်အတွက် လူကောင်းလူတော်များ လိုအပ်ကြောင်း၊ တော်လည်း တော်ရမည်၊ ကောင်းလည်း ကောင်းရမည်၊ တော်သည်ဆိုသည်မှာ ပညာရပ်ဆိုင်ရာ တတ်ကျွမ်းသည်ကို ဆိုလိုပြီး ကောင်းသည်ဆိုသည်မှာ စည်းကမ်းကောင်းခြင်း၊ အကျင့်စာရိတ္တကောင်းခြင်းနှင့် စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ် ထက်သန်ခြင်းတို့ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပညာတတ် အသိပညာရှင်၊ အတတ်ပညာရှင်များ များများပြည့်စုံမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို မြန်မြန် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံကို တကယ်ချစ်သည်၊ ကိုယ့်နိုင်ငံကို အခြားနိုင်ငံများကဲ့သို့ ဖွံ့ဖြိုးတိုးတက်ချင်သည်ဆိုလျှင် တကယ်တတ်ကျွမ်းသည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
၂၀၁၀ ခုနှစ် မတ် ၁၁ ရက်၊ ကြာသပတေးနေ့၊
အတွဲ (၄၉) အမှတ် (၁၆၂)
စာမျက်နှာ - ၈၊ ၉
No comments:
Post a Comment