မြန်မာပြည်သူ လေးသန်းကျော်ကို WHO က A(H1N1) ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
- ပထမအသုတ်အဖြစ် ကာကွယ်ဆေးအလုံးရေ ကိုးသိန်း ယခုဖေဖော်ဝါရီလကုန်တွင်ရောက်ရှိမည်ဖြစ်ကြောင်း
- ၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာ
- ဒုတိယအသုတ်အဖြစ် ကာကွယ်ဆေး သုံးသန်းခွဲကျော် ပေးပို့လှူဒါန်းမည်ဖြစ်
- ယင်းဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနသို့ တိုက်ရိုက်လှူဒါန်းမည်ဖြစ်ပြီး ရောဂါကူးစက်ခံရရန် နီးစပ်သောသူများကို ဦးစားပေးထိုးနှံပေးမည်ဖြစ်
- ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ်လဆန်းမှစတင်ပြီး အေတုပ်ကွေးရောဂါကာကွယ်ဆေးများ ထိုးနှံမည်ဖြစ်ကြောင်း အတည်ပြုပြောကြား
- အဆိုပါကာကွယ်ဆေးသည် တစ်ကြိမ်ထိုးပြီးလျှင် တစ်နှစ်တိတိ ရောဂါကူးစက်ခံရမှုကို ကာကွယ်နိုင်
- မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်အတွင်းက အေတုပ်ကွေးရောဂါကူးစက်ခံရသူ ၆၉ ဦး ရှိခဲ့ပြီး ယခု ၂၀၁၀ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့ထိ ရောဂါကူးစက်ခံရသူ ၅၆ ဦး ရှိနေပြီဖြစ်သည့်အတွက် အေတုပ်ကွေးရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၅ ဦး ရှိနေပြီဖြစ်ကြောင်း သိရှိရ
***************************Myanmar News***************************
ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများလျှင် နှစ်ရှည်လုပ်ခွင့်ပြုသွားမည်ဟုဆို
- အဆိုပြုလွှာတင်တဲ့သူ လုပ်ငန်းရှင်တွေအနေနဲ့ ရေရှည်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းအထောက်အထား အခိုင်အမာ တင်ပြရမယ်။ Invest လုပ်တဲ့ ပမာဏ များပြားမယ်ဆိုရင်တော့ နှစ်ရှည်လုပ်ကိုင်ခွင့်ရမယ်။ ပြီးရင်တော့ ဌာနကို ပြန်အပ်ရမယ်
- နိုင်ငံပိုင်သတင်းစာပါ BOT (Build Operate Transfer) စနစ် လုပ်ကိုင်ခွင့်ပြုရာတွင် အဆိုပြုကုမ္ပဏီများသည် ၎င်းတို့ကိုယ်တိုင် ဆိပ်ကမ်းဆောက်လုပ်ခြင်း၊ ဆိပ်ခံတံတားဆောက်လုပ်ခြင်း၊ ယင်းဆိပ်ကမ်းများ၏ အုပ်ချုပ်စီမံရေးကိစ္စများ ဆောင်ရွက်ခြင်းနှင့် ၀င်ငွေများကို ကိုယ်တိုင်ရှာဖွေမှုများ ပြုလုပ်ရမည်ဖြစ်
- ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ကိုင်ခွင့်ပြုမည့် ဆိပ်ကမ်းများမှာ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ပန်းဆိုးတန်းနန်းသီတာဆိပ်ကမ်းနှင့် ကျန်းမာရေးဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်းတို့သာမက အလုံဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်းအထိ ဆိပ်ခံတံတား ဆောက်လုပ်နိုင်သည့် ဆိပ်ကမ်းမြေနေရာသစ်များပါ ပါဝင်မည်ဖြစ်
***************************Myanmar News***************************
ကန်ဒေါ်လာတန်ဖိုးကျမှုကြောင့် မြန်မာ့ရွှေဈေး နိုင်ငံတကာဈေးထက်နိမ့်
- ကမ္ဘာ့ဈေးကွက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၀၀ အထက် မြင့်တက်လျက်ရှိသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေဈေးနှုန်းမှာ မတက်နိုင်ဘဲ အကျဘက်သို့ ဦးတည်လျက်ရှိ
- အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ ၁၀၀၉ ကျပ် ရှိသည်ဟု ရွှေကုန်သည်များ၏ အဆိုအရသိရှိရ
- လတ်တလောဈေးကွက်တွင် ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၅၉၇၅၀၀ ရှိ
- နိုင်ငံတကာဈေးထက် အနည်းဆုံးငွေကျပ် ၅၀၀၀ ခန့်နိမ့်နေကြောင်း ဈေးကွက်သတင်းအချက်အလက်များအရ သိရှိရ
- ပြည်တွင်းဈေးကွက်တွင် ရွှေအရောင်းအ၀ယ်ကျဆင်းလျက်ရှိပြီး ရွှေရောင်းသူက များလျက်ရှိကြောင်း သိရှိရ
***************************Myanmar News***************************
FM သီချင်းတစ်ကြိမ်လွှင့်လျှင် ၆၅၀ ကျပ် ပေးသွင်းရမည်
- FM ရေဒီယိုလိုင်းများ၌ မြန်မာသီချင်းတစ်ကြိမ်လွှင့်လျှင် မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ အနုပညာကြေး ၆၅၀ ကျပ်နှုန်း ပေးသွင်းရမည့်အစီအစဉ်ကို ဧပြီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း အဆိုပါအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး မောင်သစ်မင်းက ပြောကြား
- တစ်ရက်ကို လောလောဆယ် အပုဒ် ၂၀၀ ပတ်ဝန်းကျင်လောက် လွှင့်နေပါတယ်။ တစ်လကို သိန်း ၃၀၊ ၄၀ လောက် ပေးရမယ်လို့ထင်တယ်။ သီချင်းတွေကို စနစ်တကျနဲ့ မှတ်တမ်းတင်နိုင်ဖို့ ကွန်ပျူတာစနစ်တစ်ခု လုပ်နေပါတယ်။ လကုန်ရက်တိုင်း ဂီတအစည်းအရုံးနဲ့ စာရင်းရှင်းရမှာပါဟု ရွှေFM မှ တာဝန်ရှိသူတစ်ဦးကပြောကြား
- ရရှိသော အနုပညာကြေးများကို ဂီတအစည်းအရုံးအတွက် ၀န်ဆောင်ခအဖြစ် ၁၀ ရာခိုင်နှုန်း၊ သီဆိုသူအတွက် ၂၅ ရာခိုင်နှုန်း၊ တေးရေး ၂၅ ရာခိုင်နှုန်း၊ ထုတ်ဝေသူ ၂၅ ရာခိုင်နှုန်းနှင့် တီးဝိုင်း ၁၅ ရာခိုင်နှုန်း အချိုးကျခွဲဝေပေးသွားမည်ဖြစ်
- မြန်မာနိုင်ငံရှိ FM အသံလွှင့်ဌာနများမှာ-
- City FM
- FM ရေဒီယို
- မန္တလေးFM
- ရွှေFM
- ပတ္တမြားFM
- ပဉ္စ၀တီFM
- ချယ်ရီFM
- City FM မှာ ၂၀၀၁ ခုနှစ်တွင် အစောဆုံးထုတ်လွှင့်ခဲ့သော အက်ဖ်အမ်ရေဒီယိုလိုင်းဖြစ်သည်။
***************************Myanmar News***************************
အမရပူရကို မန်းစည်ပင်အုပ်ချုပ်မှုအောက် ထည့်သွင်းမည်
- မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်တွင် ချမ်းမြသာစည်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန် ဟူ၍ မြို့နယ် ငါးမြို့နယ်ရှိ
***************************Myanmar News***************************
မန္တလေးပြည်တွင်းရေကြောင်း သင်္ဘောခရီးစဉ်အချို့ ပုဂ္ဂလိက လုပ်ကိုင်ခွင့်မပြုသေးဟုဆို
- သတင်းထွက်ပေါ်နေသည့် သင်္ဘောခရီးစဉ်များမှာ- မန္တလေး-ဗန်းမော် ခရီးစဉ်သုံးခု၊ မန္တလေး-ကသာ ခရီးစဉ်၊ မန္တလေး-၀ိုင်းမော် ခရီးစဉ်၊ မန္တလေး-ပြည် ခရီးစဉ်၊ မန္တလေး-ညောင်ဦး ခရီးစဉ်တို့ဖြစ်
***************************Myanmar News***************************
MRTV-3 ရွှေသံလွင်အုပ်စု လုပ်ကိုင်ခွင့်ရ
- နိုင်ငံပေါင်း ၂၆၀ ကျော်သို့ ထုတ်လွှင့်နေသည်ဟုဆိုသော MRTV-3 ရုပ်သံလိုင်းကို Myanmar International (MI) ဟု အမည်ပြောင်းထားပြီး နိုင်ငံတကာတွင် အောင်မြင်ကျော်ကြားနေသော စင်ကာပူအခြေစိုက် Channel News Asia ရုပ်သံလိုင်းကဲ့သို့ နိုင်ငံတကာတွင် အောင်မြင်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူကဆို
- Thai com-3 ဂြိုဟ်တုဖြင့် နိုင်ငံတကာသို့ ထုတ်လွှင့်ပြသလျက်ရှိသော MRTV-3 International အစီအစဉ်အား ၂၀၀၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စတင်ထုတ်လွှင့်ခဲ့ပြီး NHK, CCTV ကဲ့သို့သော နိုင်ငံတကာရုပ်သံသတင်းဌာနများနှင့် သတင်းရယူမှုဆိုင်ရာ သဘောတူညီချက်များ ရယူထားကြောင်း သိရ
- မြန်မာနိုင်ငံတွင် MRTV-3 အပြင် MRTV, MRTV-4 နှင့် MWD ရုပ်သံလိုင်းတို့ ထုတ်လွှင့်လျက်ရှိ
***************************Myanmar News***************************
ပြည်မြို့တွင် အပြင်းစားကြက်လည်လိမ်ရောဂါကြောင့် ရောင်းခွင့်ယာယီပိတ်ထား
- ကြက်၊ ဘဲ၊ ငုံး (အသားနှင့် ဥ) ရောင်းချခွင့်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပိတ်ထားခြင်းဖြစ်
- ရောင်းချခွင့်ပိတ်ထားသော ဈေးများမှာ မြို့သစ်ဈေး၊ ကိုးသောင်းဈေး၊ ဈေးကြီး၊ ကသည်းဈေး၊ အောင်မင်္ဂလာဈေးနှင့် ဘုရားဈေးတို့ဖြစ်
***************************Myanmar News***************************
မင်္ဂလာဒုံတွင် ကြက်၊ ဘဲ ရောင်းချခွင့် တားမြစ်
- ပုလဲဈေး၊ ပတ္တမြားဈေး၊ ၀ါယာလက်ဈေး၊ ပေါက်ကုန်းဈေး၊ ရွှေနံ့သာပျံကျဈေး၊ ရခိုင်ကျောင်းလမ်းပျံကျဈေး အပါအ၀င် စုစုပေါင်း ဈေးငါးဈေးတွင် ကြက်ဘဲရောင်းချခွင့်ပိတ်ပင်ထားကြောင်း ဒေါက်တာအောင်ကြီးက ပြောကြား
- တိုင်းရင်းကြက် သေဆုံးမှုဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံမြို့နယ် ပြန်လည်နေရာချထားရေးရပ်ကွက်နှင့် သုံးကီလိုမီတာ ၀န်းကျင်ရှိ စားသောက်ဆိုင်များနှင့် ဈေးခြောက်ဈေးတွင် ကြက်၊ ဘဲ၊ ငုံးနှင့် ဘေးထွက်ပစ္စည်း ရွှေ့ပြောင်းသယ်ဆောင် ရောင်းချခြင်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ၂၁ ရက်ကြာ ပိတ်ပင်ထား
- ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ကြက်၊ ဘဲ ရောင်းချခွင့် ယာယီဆိုင်းငံ့ထားသော ဈေးကြီးများမှာ မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်ရှိ ၀ိဇ္ဇာလမ်းသွယ်ဈေး၊ မြစံပယ်ဈေး၊ (၈)ရပ်ကွက် ရေကူး၊ (၄)ရပ်ကွက် ဇေယျာခေမာဈေး၊ မြောက်ဥက္ကလာပ ကျောက်ရေတွင်းဈေး၊ မြောက်ဥက္ကလာပ (၂)ရပ်ကွက်ဈေး အပါအ၀င် ဈေးကြီးခြောက်ဈေး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ၈ မိုင် ရွှေဘဲစားတော်ဆက် (မြိုင်ဟေ၀န်)၊ စွယ်တော်မြတ်စေတီအနီးရှိ ရွှေမင်္ဂလာ စားသောက်ဆိုင်အပါအ၀င် စားသောက်ဆိုင်ကြီး သုံးဆိုင်၊ Ocean ကုန်တိုက်၊ Junction 8 ကုန်တိုက်၊ ကမ္ဘာအေး ဂမုန်းပွင့်ကုန်တိုက် အပါအ၀င် ကုန်တိုက်ကြီး သုံးခုတို့တွင် ကြက်၊ ဘဲ ရောင်းချခွင့်များ သုံးပတ်ကြာအောင် ဆိုင်းငံ့ထားရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တရားဝင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့
***************************Myanmar News***************************
မန္တလေးကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ၁၀ ရာခိုင်နှုန်း ဈေးကျ
ဈေးနှုန်းများကျဆင်းရခြင်းမှာ အကောက်ခွန်ကင်းလွတ်ခွင့်ပေးခြင်းက တစ်စိတ်တစ်ပိုင်း ပါဝင်နေကြောင်း၊ တရုတ်ထုတ်ပစ္စည်း တစ်မျိုးချင်းစီဖြင့် စုပေါင်းတပ်ဆင်သော ကွန်ပျူတာများ ၀င်ရောက်မှု များပြားခြင်းကြောင့်လည်းဖြစ်ကြောင်း
ယခင်က ၁၇ လက်မ LCD မော်နီတာပါဝင်သည့် ကွန်ပျူတာတစ်စုံလျှင် ငွေကျပ် ခြောက်သိန်းကျော် ရှိနေရာမှ ယခုအခါ ကျပ်ငါးသိန်းခုနစ်သောင်း ၀န်းကျင်သို့ ကျဆင်းလာ
***************************Myanmar News***************************
[ဖော်ပြပါ သတင်းများအားလုံးကို The Voice Weekly ဂျာနယ်၊ အတွဲ ၆ အမှတ် ၁၇ မှ ထုတ်နုတ်ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ အပြည့်အစုံ ပြန်လည်ဖော်ပြခြင်း မဟုတ်သည့်အတွက် သတင်းများအပေါ် နားလည်မှုလွဲမှားခြင်းများ၊ အဓိပ္ပါယ်ပြောင်းလဲခြင်းများ ရှိသွားပါက နားလည်ပေးကြစေလိုပါသည်။ မှားယွင်းနေသည့် အချက်အလက်များအတွက် ထောက်ပြပေးနိုင်ပါသည်]
No comments:
Post a Comment