Tuesday, March 16, 2010

Gtalk အတွေးစာသားများ စုစည်းမှု (၅)


*သဗ္ဗေသတ္တာ ကမ္မသကာ*
သတ္တ၀ါမှန်သမျှ မိမိ၏ ကောင်းမှု၊ မကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား။

မီး‌သွေးမျက်နှာ
ကျားလျှာလက်နဲ့ ကိုယ်က.....
ခစားဖို့ သင့်ရဲ့လား?
အားငယ်လွန်းရပါတယ်….

လွမ်းတယ် (အနေဝေးရင်)
ပိုင်ဆိုင်ချင်တယ် (တစ်ဘ၀စာ)
အရမ်းချစ်တယ် (တစ်သက်လုံး)
သတိရတယ် (မတွေ့ရတဲ့အခါ)
အတူနေချင်တယ် (လိုက်လျောရင်)
နမ်းချင်တယ် (ဖြူစင်စွာ)
ထိုင်ကြည့်ချင်တယ်(၂၄နာရီ)

မိုးပေါ်က လမင်းကြီးနဲ့ ကိုယ့်အဖြစ်ကတူပါတယ်
သူလည်း အထီးကျန်နေတယ်
ကိုယ်လည်း အထီးကျန်နေတယ်
အချစ်စစ်နဲ့ ချစ်မယ့်သူ ဘယ်တော့မှ တွေ့ပါ့မလဲနော်။

နင်မသိဘူးမဟုတ်လား..
အချစ်ဆိုတာ... ပေးဆပ်ခြင်းလို့ သတ်မှတ်ချင်လည်း ရပေမယ့်...
အလွမ်းဆိုတာကတော့.... ခံစားရသူကို သေစေနိုင်တယ်ဆိုတာ ....။

လက်သီးကိုတင်းတင်းဆုပ်တာနဲ့
အရာအားလုံးကို ကိုယ်ဖမ်းဆုပ်မိပြီလို့ ထင်နေခဲ့တာ....
တကယ်တော့....
လေကိုတောင် ကိုယ်ဖမ်းဆုပ်မမိခဲ့ပါဘူး။

ရှာပုံတော်မင်းသားကြီး........
ဝဘ်ဆိုဒ်တကာရောက်ခဲ့ပြီ............
ဘယ်chatမှာ ဘယ်လိုကဲမှန်း...... မသိတော့ ခက်လှပြီ............
မနှစ်ကပေးတဲ့ မေးလ်လိပ်စာ...... ဗိုင်းရပ်စ်ကိုက်လို့ ပျက်ကုန်ပြီ..........
မမှတ်မိတော့ခက်သာလှချေပြီ.....

တစ်ယောက်ကို တစ်ယောက်
နားလည်မှုတွေသာ မရှိခဲ့ကြရင်....
အချစ်ဆိုတာကြီးက အလကားဖြစ်မှာပါ...
နားလည်သိတတ်မှုသာ အရေးကြီးတယ်လို့ ထင်မိပါတယ်....

စိတ်ညစ်စရာကွန်နက်ရှင်းနဲ့ ဒုက္ခတော့ရောက်နေပြီ....

အရမ်းခြစ်တတ်သူများ၊ အခြစ်ကျွမ်းကျင်သူများ အလိုရှိသည်။
လစာကောင်းကောင်းပေးမည်။
(အပြည်ပြည်ဆိုင်ရာ အုန်းသီးခြစ်လုပ်ငန်း)

****************************
နည်းနည်းတော့ အံ့သြမိသားဗျ။ ဒီလိုပါ... ဂျီတော့ခ်အတွေးစာသားများ စုစည်းမှုဆိုတဲ့ပို့စ်က အမှတ်စဉ် (၅)အထိ ရောက်လာလို့ပါ။ သူငယ်ချင်းတွေကလည်း ဘယ်အချိန်ကတည်းက လက်ဆင့်ကမ်းချင်နေကြတယ် မသိပါဘူး။ သူတို့ဖတ်မိတာတွေကို တွေ့တာနဲ့ အော့ဖ်လိုင်းမက်ဆေ့ခ်ျတွေ ချန်ထားခဲ့ကြတယ်။ တချို့စာသားလေးတွေများဆိုရင် တွေးလည်းတွေးတတ်ပါပေ့ကွာလို့ တစ်ယောက်တည်းဖတ်ရင်း ထိုင်ရယ်နေမိတယ်။ ဒါပေမယ့် ပို့စ်မှာတင်ပေးဖို့ကလည်း အဆင်မပြေဘူးဗျ။ သူတို့ရဲ့ ပုဂ္ဂလိကခံစားချက်တွေ ဖြစ်တဲ့အတွက် အခြားတစ်ဖက်ဖက်မှာ နစ်နာသွားစေနိုင်၊ ထိပါးသွားစေနိုင်တာတွေ ပါလို့ပါ။ အဲဒီလို စာသားတွေကို ၀မ်းနည်းစွာနဲ့ ချန်ခဲ့ရတာ အတော်များပါတယ်။ အချိန်ကာလတစ်ခုရောက်ရင်တော့ အဲဒီလိုစာသားတွေကိုလည်း တင်ပေးလို့ရလာမယ်လို့ မျှော်လင့်ပါတယ်။ အခုတော့ ရှိတဲ့ဟာလေးတွေကိုပဲ ဖတ်ကြည့်လိုက်ကြပါဦး။ လက်တို့ပေးခဲ့ကြတဲ့ မိတ်ဆွေအပေါင်းကို ကျေးဇူးတင်ပါတယ်။ သြော်... ဖတ်ရှုပေးကြသူအားလုံးကိုလည်း မမေ့မလျော့ပေါ့ဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁၆ ရက်၊ အင်္ဂါနေ့။
နံနက် ၉ နာရီ ၄၅ မိနစ်။

1 comment:

  1. Anonymous1:37 PM

    ကျွနိုပ်တို့သည် မြန်မာအင်တာနက်ကိုမြန်မာပီပီ စိတ်ရှည်သီးခံစွာ
    သုံးစွဲပါမည်။(သုံးကြိမ်ရွတ်ဆိုရန်)
    ခင်မင်စွာဖြင့်
    HM

    ReplyDelete

 
Web Statistics